Unicode
မီးဖိုချောင်ထဲမှာ မနက်စာပြင်နေတဲ့ရိပေါ်ရဲ့မျက်နှာထက်မှာ ပြုံးရိပ်သမ်းနေတယ်။
ချစ်ရသူအတွက်မနက်စာပြင်ပေးရတာကိုကြည်နူးနေတာကြောင့်ထင်ပါရဲ့။
လောလောလတ်လတ်ကြော်ထားတဲ့ထမင်းကြော်ပူပူနွေးနွေးကို ပန်းကန်ပြားထဲလှယ်ထည့်ပြီးနောက်မှာ ကြက်ဥကြော်ဖို့အတွက် ဒယ်ပြားထဲကိုဆီအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တင်ထားလိုက်တယ်။
ဆီပူလာတော့ ကြက်ဥတစ်လုံးဖောက်ထည့်ပြီးအနှစ်ကျက်သည်အထိစောင့်ရင်းကော်ဖီတစ်ခွက်ခပ်သွက်သွက်ဖျော်လိုက်တယ်။
ရှောင်းကျန့်က ကြက်ဥအနှစ်မကျက်ရင်ညှီလို့ဆိုပြီးမစားတတ်တာကြောင့် အထဲကအနှစ်လေးခဲသည်အထိကြော်ပေးရတယ်။
ကြက်ဥကိုထမင်းကြော်ပေါ်မှာအုပ်တင်လိုက်ပြီးတော့ မနက်စာအားလုံးအဆင်သင့်။"တစ်အိမ်လုံး အရသာရှိတဲ့အနံ့တွေမွှေးလို့ပါလား"
ဖြီးသင်ထားခြင်းမရှိတဲ့ဆံစခပ်အုပ်အုပ်တွေနဲ့တောင်ချောမောနေသောရှောင်းကျန့်က မီးဖိုခန်းထဲ၀င်လာတယ်။
ရှောင်းကျန့်ကိုကြည့်နေတဲ့ ရိပေါ်ရဲ့မျက်၀န်းထဲမှာတော့အကြင်နာရိပ်တွေရွှန်းစိုလို့ရယ်။"နိုးပြီလား၊အခုတောင်မနက်စာပြင်ပြီးလို့ လာနှိုးတော့မလို့"
ရှောင်းကျန့်ကခုံမှာ၀င်မထိုင်သေးပဲ ထမင်းဝိုင်းမှာပန်းကန်တွေနေရာချနေဆဲဖြစ်တဲ့ရိပေါ်ရှိရာကိုလျှောက်လာပြီး ပါးနှစ်ဖက်ကိုလက်နဲ့အုပ်ကာ စူထွက်လာတဲ့နှုတ်ခမ်းကိုခပ်ဖွဖွနမ်းတယ်။
"ပြွတ်စ်! Morning kissပေးတာ၊ဘာလို့ငါ့ကိုမစောင့်ပဲအစောကြီးထသွားတာလဲ၊မျက်လုံးဖွင့်ဖွင့်ချင်းမင်းမျက်နှာလေးကိုမမြင်ရလို့ လူကို၀မ်းနည်းသွားတာပဲ"
ပါးပြင်မှာ ပန်းရောင်ရှပ်ပြေးနေတဲ့ရိပေါ်က မျက်စောင်းသေးသေးနဲ့ 'ပိုရန်ကော'ဆိုပြီး တုန့်ပြန်တယ်။
တီတီတာတာချစ်စကားတွေအပြင် ကြုံရင်ကြုံသလိုနမ်းတတ်တဲ့ ရှောင်းကျန့်ရဲ့လျှပ်တပြက်အနမ်းတွေကိုလည်း ခုထိအသားမကျနိုင်သေး။
YOU ARE READING
ᑕᕼᗴᖇIՏᕼ
Fanfiction"မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction "မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction