Unicode
ပုဇွန်ဆီရောင်တောက်နေတဲ့ နေလုံးကြီးကိုမျက်နှာမူရင်း တအိအိနဲ့လျှောက်လာခဲ့ပြီးနောက် စက်ရုံရှိရာကိုရောက်တော့ ရိပေါ်တစ်ကိုယ်လုံး ချွေးအပြိုင်းပြိုင်းစိုပြီးမောလွန်းလို့ ခပ်ယဲ့ယဲ့သာရှိတော့တယ်။
နားသယ်စပ်ကနေ ပါးရိုးတစ်လျှောက်စီးကျလာတဲ့ချွေးစက်တွေကို လက်နဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်ကာ လေးကန်တဲ့ခြေလှမ်းတွေကိုသယ်ရင်းစက်ရုံထဲ၀င်လာခဲ့တယ်။
"ရိပေါ်..ရောက်လာပြီလား၊ဦးလေးမင်းကိုစောင့်နေတာ ၊အလုပ်သမားတွေတော့ အလုပ်ဆင်းကုန်ကြပြီ"
သုံးလေးခေါက်လောက်ဆုံဖူးတာမလို့ ရင်းနှီးနေပြီဖြစ်တဲ့စက်ရုံမှူးဦးလေးက ခပ်ပြုံးပြုံးဆိုလာပေမယ့် နောက်ကျသူဖြစ်တဲ့ ရိပေါ်ကအားနာသွားမိတယ်။
ငှားစီးလာတဲ့taxiက စက်ရုံကိုလာတဲ့လမ်းတစ်၀က်မှာ ပျက်သွားတာနဲ့ ရိပေါ်လဲစက်ရုံမှူးကိုဖုန်းလှမ်းဆက်ပြီး နောက်ကျမယ်ဆိုတာကို ကြိုအသိပေးထားလို့တော်တော့တယ်။
စက်ရုံကမြို့စွန်မှာဆိုတော့ ကားထပ်ငှားဖို့အဆင်မပြေလို့ ဒီကိုရောက်တဲ့အထိပြေးလာရတာကြောင့် ရိပေါ်ရောက်လာတဲ့အချိန်မှာအလုပ်ဆင်းချိန်ကျော်လို့ နေပင်၀င်လုပြီ။
"ဦးလေးကိုအားနာလိုက်တာ၊အလုပ်ဆင်းချိန်ရောက်နေတာကို ကျွန်တော့်ကြောင့်မပြန်ရသေးဘူး"
"ရပါတယ်ကွာ ခါတိုင်းနေ့တွေအချိန်တိကျတာပဲကို၊တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်၊ဒီနေ့ မောင်ရင်သာဖုန်းကြိုမဆက်ရင် ဦးလေးအခုချိန်အိမ်ပြန်ရောက်နေလောက်ပြီ"
စက်ရုံမှူးကို အားတုံ့အားနာပြုံးပြလိုက်ပြီး ထုတ်ကုန်ပစ္စည်းတွေသိုလှောင်ထားတဲ့ စတိုခန်းရှိရာကိုတန်းသွားလိုက်တယ်။
"နေကောင်းရဲ့လား၊မောင်ရင့်ကိုကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့ အားမရှိသလိုပဲ"
လူနုံးနေတာကြောင့် လမ်းလျှောက်တဲ့အခါခြေလှမ်းတွေကယိုင်တိုင်တိုင်ဖြစ်နေတာကို ရိပေါ်နောက်က လိုက်လာတဲ့စက်ရုံမှူးကြီးက သတိထားမိသွားဟန်တူပါရဲ့။
YOU ARE READING
ᑕᕼᗴᖇIՏᕼ
Fanfiction"မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction "မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction