Chapter-8

1.4K 178 25
                                    

Unicode

ကုတင်ခေါင်းရင်းကိုပြေလျော့စွာမှီထိုင်ရင်း ဖုန်းscreenထက်မှာပေါ်နေတဲ့ wallpaperလေးကိုကြည့်ကာ ကြည်နူးစွာပြုံးရိပ်သမ်းနေတဲ့ကောင်လေးတစ်ယောက်။

မီးရောင်စုံနဲ့လှပနေတဲ့ရဟတ်ကြီးကိုနောက်ခံပြုပြီးရိုက်ထားတဲ့ နှစ်ယောက်တွဲselfieပုံလေးက လှုပ်ရှားမှုကြောင့် အနည်းငယ်ဝါးနေပေမယ့်လည်း ကောင်လေးနှစ်ယောက်ရဲ့မျက်နှာထက်ကထင်ရှား‌တဲ့အပြုံးတွေကိုတော့မြင်နေရတယ်။

ပုံထဲကကောင်လေးနှစ်ယောက်အနက် နှုတ်ခမ်းမှာမှဲ့နက်လေးတစ်ပွင့်နဲ့ကောင်လေးက ယုန်သွားတွေပေါ်သည်အထိပြုံးနေပြီး၊တဖိတ်ဖိတ်တောက်နေတဲ့မျက်၀န်းထဲမှာပျော်ရွှင်မှုတွေကအတိုင်းသား။

Wallpaperအဖြစ်သတ်မှတ်ထားတဲ့ထိုပုံလေးကို  ရိပေါ် လက်မနဲ့အသာပွတ်သတ်ပြီးနောက် အမြတ်တနိုးနမ်းရှိုက်လိုက်တယ်။

ထိုပုံလေးဆိုတာထက် ထိုပုံထဲကလူသားကိုရည်စူးလို့‌အပ်နှင်းတဲ့အနမ်းလှလှရယ်ပါ။

ဖုန်းscreenကိုနှုတ်ခမ်းသားနဲ့ထိလို့ မြတ်မြတ်နိုးနိုးအနမ်းခြွေနေတဲ့သူ့ကို တစ်ယောက်ယောက်သာမြင်သွားရင်တော့ ရူးနေပြီလို့ပင်ဆိုမလားမသိ။

ဒီပုံလေးကိုwallpaperအဖြစ်ပြောင်းထားတော့
'ဘာလို့ဝါးနေတဲ့ပုံကို wallpaperထားတာလဲ'ဆိုတဲ့ ရှောင်းကျန့်ရဲ့အမေးကို
'ဒီပုံထဲမှာငါအရမ်းချောနေလို့'ဆိုပြီး ခပ်ရွဲ့ရွဲ့ပြန်ဖြေခဲ့တယ်။

'မင်းရဲ့အပြုံးတွေကအရမ်းစစ်မှန်နေလို့၊မင်းအပြုံးတွေကိုအချိန်တိုင်းမြင်နေချင်လို့'ဆိုတဲ့စကားတွေကိုတော့ နှလုံးသားထဲမှာပဲသော့အထပ်ထပ်ခတ်ပြီးသိမ်းထားလိုက်တယ်။

‌ထိုသူ အပူအပင်ကင်းကင်းနဲ့ရယ်မောနေတာကိုချစ်တယ်။
ယုန်သွားလေးတွေပေါ်သည်အထိစိတ်လိုလက်ရပြုံးတာကိုလည်းချစ်တယ်။
ဂျစ်ကန်ကန် ခပ်ထေ့ထေ့အပြုံးတွေကိုလည်းချစ်တာပဲ။
နှုတ်ခမ်းလှုပ်ရုံလောက်ပဲပြုံးတဲ့မပီမပြင်အပြုံးရေးရေးကိုလည်းချစ်တယ်။

ဒါပေမယ့် တခြားသူတွေပဲမြင်ခွင့်ရတဲ့ ဆွဲဆောင်မှုရှိရှိ ညှို့အားကောင်းတဲ့အပြုံးတွေကိုတော့မချစ်ချင်ဘူး။
အဲ့ဒီအပြုံးတွေမှာ သူစိမ်းတစ်ယောက်ယောက်တွယ်ငြိသွားတိုင်း နှလုံးသားကဒဏ်ရာတွေပိုနက်လာစမြဲမလို့။

ᑕᕼᗴᖇIՏᕼ Tempat cerita menjadi hidup. Temukan sekarang