Chapter-9

1.4K 169 29
                                    

Unicode

ပွတ်တိုက်ရှပ်ပြေးနေတဲ့နှုတ်ခမ်းနှစ်စုံအကြားငွေမျှင်ရောင်စီးကြောင်းလေးသွယ်တန်းလာခိုက် ပန်း၀င်လာတဲ့တာတိုအပြေးသမားတစ်ဦးလို မောဟိုက်သံကပ်ပါနေတဲ့ ရိပေါ်ရဲ့အသက်ရှူသံပြင်းရှရှကိုကြားလိုက်ရ‌တာကြောင့် ရှောင်းကျန့်ကနှုတ်ခမ်းတွေကိုခွာစေပြီး ပေါက်စီလုံးအား အမောဖြေချိန်ပေးရတယ်။

နဖူးချင်းဆိုင်ကာအသက်၀၀ပြန်ရှူရင်း ရှေ့ကပေါက်စီလုံးကိုကြည့်လိုက်တော့ မျက်လွှာချထားပြီးရှောင်းကျန့်မျက်နှာကိုကြည့်လာခြင်းမရှိ။

မျက်လုံးသူငယ်အိမ်တို့က ဟိုပြေးဒီပြေးနဲ့အငြိမ်မနေတာကိုဖြင့် သွေးကြောမျှင်တွေထင်းနေတဲ့ ခပ်ပါးပါးမျက်ခွံတ်ို့မှ တဆင့်အကဲခတ်လို့ရတယ်။

ဒါက ရိပေါ်စိတ်လှုပ်ရှားတိုင်းဖြစ်တတ်တဲ့အကျင့်ဆိုတာကို ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ သိခဲ့ပြီးသား။

ပေါက်စီလုံးရဲ့အကျင့်နဲ့အပြုအမူတွေကို နဂိုတည်းကမသိစိတ်ကအလိုလိုမှတ်သားထားမိဟန်တူပါရဲ့။

ဖွေးဥနေတဲ့ပါးဖောင်းဖောင်းကလေးနှစ်ဖက်က မွေးကင်းစကလေးလေးတွေရဲ့အသားအရည်လို နူးညံ့ကြည်လင်နေပြီး အနီရောင်သွေးကြောမျှင်လေးတွေယှက်ဖြာနေတာကိုပါ အသဲယားဖွယ်အနီးကပ်မြင်နေရတာမို့ သွားရာတွေအကွင်းလိုက်ပေါ်တဲ့အထိ ဆွဲကိုက်ပစ်လိုက်ချင်စိတ်တွေတဖွားဖွား။

ပါးဖောင်း‌လေးတွေသာမကပဲ နားရွက်ဖျားလေးတွေနဲ့နှာလုံးထိပ်လေးကပါ နီတာရဲနေသလို
နှုတ်ခမ်းသားထူအိအိလေးက ခုနနမ်းရင်းဆွဲစုပ်လိုက်မိတာကြောင့်လား၊ဒဏ်ရာကြောင့်လားမသိ။
သွေးအနည်းငယ်စို့လို့ ဖူးယောင်ကာ တဆတ်ဆတ်တုန်နေတဲ့အပြင် အရည်ကြည်တစ်ချို့ရဲ့အကူအညီကြောင့်လည်းမီးရောင်အောက်မှာ ပြောင်လက်ရွှန်းလဲ့လို့ရယ်။

လက်ရာမြောက်ပန်းပုရုပ်လေးတစ်ရုပ်ကို အနုပညာခံစားသူတစ်ဦးက နှစ်နှစ်ခြိုက်ခြိုက်ကြည့်နေသကဲ့သို့ ရှောင်းကျန့်ကလည်းရိပေါ်ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို တမြတ်တနိုးအသေးစိတ်လိုက်ကြည့်နေမိတယ်။

ᑕᕼᗴᖇIՏᕼ Donde viven las historias. Descúbrelo ahora