Chapter-5

1.6K 195 40
                                    

Unicode

တဟုန်ထိုးတိုက်ခတ်နေတဲ့လေရဲ့တဝီဝီအသံက ဆောင်းထားတဲ့ဆိုင်ကယ်ဦးထုပ်ကိုဖြတ်ပြီးနားထဲမှာပဲ့တင်ထပ်နေသလို လေရဲ့ဦးတည်ရာကိုဆန့်ကျင်လို့သွားနေတဲ့ဆိုင်ကယ်ရဲ့အရှိန်ကြောင့် ရှောင်းကျန့်မျက်ခုံးတွေခပ်လှုပ်လှုပ်ရယ်။

မနေ့ကကားသိမ်းသွားတဲ့အဖိုးကြောင့် taxiစီးပြီးရုံးကိုသွားဖို့လုပ်ပေမယ့် ရိပေါ်ကဆိုင်ကယ်နဲ့သွားကြဖို့အတင်းဆော်ဩနေတာကြောင့် ရှောင်းကျန့်လည်းမငြင်းသာတော့။

ညတုန်းက အဖျားတွေတက်ပြီးကယောင်ကတမ်းတွေပြောနေတဲ့ရိပေါ်ကအခုကျသူမဟုတ်တဲ့အတိုင်း လန်းဆန်းလို့ရယ်။

ရုံးမတက်ပဲနားပါဦးလို့အတန်တန်ပြောနေတာတောင် အဆင်ပြေပါတယ်ချည်းပြောပြီး အတင်းဆိုင်ကယ်ထုတ်လာတဲ့ရိပေါ်ကိုရှောင်းကျန့်လည်းမတားနိုင်။

လူကောင်သေးသလောက် ခေါင်းကြောအရမ်းမာတဲ့ဟာလေး။

ခုလဲ ဖင်ကုန်းစီးရတဲ့ဆိုင်ကယ်ကြီးကို အသားကုန်လီဗာကုန်ဆွဲပြီးမောင်းနေလို့ အနောက်ကနေဘုရားတပြီးလိုက်နေရတယ်။
‌ဒါက ပထမဆုံးအကြိမ်ဆိုင်ကယ်နောက်ကထိုင်လိုက်ဖူးတာဆိုတော့ ‌ မကြောက်စဖူးနည်းနည်းတော့ကြောက်နေမိတယ်။

ကိုယ်ကသာ ဆိုင်ကယ်နောက်မြီးကိုတင်းကြပ်နေအောင်ကိုင်ထားတာ။
ရှေ့ကပေါက်စီလုံးကတော့ ဆိုင်ကယ်ဂွကြားညှပ်လိုက်တာနဲ့ ဇောင်းတန်းကလွှတ်လိုက်တဲ့မြင်းလို ဒရောသော‌ပါးမောင်းထွက်တော့တာပဲ။

ကားတွေကြပ်နေတဲ့ကြားက ကွေ့ဝိုက်ပြီးမောင်းနေတာတောင် လက်ကိုင်တစ်ချက်မယိုင်တဲ့ရိပေါ်ရဲ့ skillကသေးတော့မသေးဘူး။
ဒါပေမယ့်လည်း အခန့်မသင့်ခဲ့ရင် လူပျိုဘ၀လေးနဲ့သေသွားရမှာကိုနှမြောမိတာကြောင့်

"ဟေ့ကောင်! အရှ်ိန်လျှော့ပြီးမောင်းစမ်းကွာ၊ငါမသေချင်သေးဘူးကွ!"

"ဟမ်!"

"အရှိန်လျှော့လို့ပြောနေတာအဖေရဲ့!!!"

"ဘာပြောတာလဲ မကြားရဘူး!!"

ဆိုင်ကယ်ဦးထုပ်တွေဆောင်းထားတဲ့အပြင် ပတ်၀န်းကျင်ကလေသံတွေနဲ့ဆိုင်ကယ်စက်သံတွေကဆူညံနေတာကြောင့် ရှောင်းကျန့်ပြောနေတာကို ရှေ့ကရိပေါ်ကကြားပုံမပေါ်။

ᑕᕼᗴᖇIՏᕼ Where stories live. Discover now