Chapter-13

365 50 13
                                    

Unicode

ရက်အလီလီပြောင်းရင်း ပထမနှစ်၀က်စာမေးပွဲဖြေခါနီးအချိန်ရောက်လို့လာခဲ့ပြီ။

ကြည့်စရာစာတွေကို နှစ်စတည်းကပုံမှန်ကြည့်လာခဲ့တဲ့ရိပေါ်က အခုအချိန်မှာတော့ ရှောင်းကျန့်နဲ့ ကျန်နှစ်ယောက်ရဲ့ဂိုက်ဆရာဖြစ်လာတယ်။

အရင်က ရှောင်းကျန့်ရဲ့တစ်ဦးပိုင်ဆရာပေါက်စလေးကို ကျန်းချန်နဲ့ဟောက်ရွှမ်းအတွက်ပါမျှပေးရတာကို ရှောင်းကျန့်က သိပ်တော့ဘ၀င်မကျဘူး။

ဒါပေမယ့်လည်း အဲ့ဒီနှစ်ကောင်က ရိပေါ်မှမကယ်ရင် ကျမှာသေချာနေတာရယ်၊နောက်ထပ်မရှိတော့တဲ့ သူငယ်ချင်းအရင်းကြီးတွေဖြစ်နေတာရယ် အဲ့ဒီအချက်တွေကြောင့်သာ ရှောင်းကျန့်ကအောင့်သက်သက်နဲ့ သဘောထားကြီးပေးထားရတာဖြစ်တယ်။

အခုက အတန်းချိန်တွေအကုန်ပြီးသွားပြီမလို့ စာသင်ခန်းထဲမှာ ရှောင်းကျန့်တို့လေးယောက်ပဲရှိတော့တယ်။

"ကဲ တစ်ခန်းပြီးပြီ"

"Wowww!ရိပေါ်ရေ ငါနဲ့ဟောက်ရွှမ်း ဒီအခန်းကို ပါမောက္ခရှင်းတုန်းက ဘယ်လိုမှကိုနားမလည်တာ၊အခုမင်းရှင်းပြလိုက်တော့ ခေါင်းထဲအကုန်တန်း၀င်တယ်ဟ"

"ကျန်းချန်ပြောတာဟုတ်တယ်၊မင်းကတကယ် အသင်အပြကောင်းတာပဲ ရိပေါ်၊ကျောင်းပြီးရင် တခြားအလုပ်ထက် ပါမောက္ခလုပ်ဖို့ပဲကြိုးစားကြည့်သင့်တယ်"

"ဟေ့ကောင်တွေ!တော်တော့ မဟုတ်တာတွေမြှောက်ပေးမနေနဲ့၊ရိပေါ်ကငါနဲ့အတူတူ အဖိုးကုမ္ပဏီမှာပဲ၀င်လုပ်မှာ"

"မင်းရဲ့ ရိပေါ်ကရော ကုမ္ပဏီအလုပ်စိတ်၀င်စားရဲ့လားမေးကြည့်ပါဦး"

"စိတ်၀င်စားတာပေါ့ကွ၊အဖိုးကုမ္ပဏီမှာ ငါတို့အလုပ်သင်၀င်လုပ်တုန်းက ရိပေါ်ကငါ့ထက်တောင်ကြိုးစားသေးတယ်"

"ဒါတော့ ရိပေါ်ကဘယ်ဟာဖြစ်ဖြစ်ကြိုးစားလုပ်တတ်လို့လေကွာ ၊သူကကုမ္ပဏီအလုပ်ကို တကယ်စိတ်၀င်စားချင်မှ၀င်စားမှာပေါ့"

"လောင်းမလား ၊ရိပေါ်က ပါမောက္ခဖြစ်ချင်တာလား၊ငါနဲ့အတူတူ အဖိုးကုမ္ပဏီကိုပဲတာ၀န်ယူချင်တာလားဆိုတာ"

ᑕᕼᗴᖇIՏᕼ Tempat cerita menjadi hidup. Temukan sekarang