Unicode
နေရောင်ခြည်နုနုသက်ဆင်းခယနေတဲ့ နတ်ဘုရားရဲ့မျက်နှာချောချောကို မနက်အိပ်ယာနိုးတိုင်းမော်ဖူးခွင့်ရတဲ့ရိပေါ်အတွက်တော့ နေ့ရက်တိုင်းကရက်ရာဇာ။
မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတဲ့ လည်တိုင်ကျော့ကျော့နဲ့မေးရိုးထင်းထင်းကအမြင်အာရုံကိုဖမ်းစားတယ်။
ခန္ဓာကိုယ်ဆီကနွေးထွေးမှုကတော့ နတ်ဘုရားရဲ့ထွေးပွေ့ခြင်းကိုခံထားရတာကြောင့်။ရှောင်းကျန့်ဆိုတာရိပေါ်ရဲ့တစ်ဦးဆိုင်နတ်ဘုရား။
ခံစားချက်ကိုထုတ်ဖော်မပြတတ်တဲ့ရိပေါ်ကရှောင်းကျန့်ကိုနတ်ဘုရားတစ်ပါးလိုကိုးကွယ်တာ။ရှောင်းကျန့်ထံပျော်ရွှင်မှုတွေဆက်သမယ်။
နှလုံးသားကိုယဇ်ပူဇော်မယ်။
နတ်ဘုရားအပါးအမြဲခစားရရင်ပဲ ပေးဆပ်မှုတွေက မျှော်လင့်ချက်မဲ့တယ်။
နတ်ဘုရားကစွန့်ကြဲလာတဲ့ကြင်နာမှုတွေကိုတော့ ကောင်းချီးတစ်ခုလိုခံယူမယ်။
အပိုဆုအနေနဲ့ရခဲ့တဲ့အနမ်းတွေက ပျော်ရွှင်မှုကိုအတိုင်းအဆမဲ့စေတယ်။အနမ်းတွေကိုပုံဖော်တဲ့ မှဲ့နက်တစ်ပွင့်တည်ရာနှုတ်ခမ်းလေးကတော့ အသူရာချောက်နက်လိုရုန်းထွက်ရခက်တဲ့ထောင်ချောက်တစ်ခုပေါ့။
အခုလည်း ရိပေါ်ရဲ့အမြင်အာရုံက မျက်လုံးရှေ့မှနှုတ်ခမ်းပါးတစ်ဝိုက်မှာဝေ့ဝဲလျက်။
ခေါင်းအသာမော့ပြီး ထိုနှုတ်ခမ်းပါးကိုခပ်ဖွဖွအနမ်းပေးလိုက်တော့ ခါးထက်မှလက်တစ်ဖက်ကပိုတင်းကြပ်လာပြီး ရင်ဘတ်ချင်းကလည်း ကြားလေတိုးလို့မရအောင်ပူးကပ်သွားတယ်။
နဖူးကိုလာထိကပ်တဲ့မေးဖျားရဲ့အထိအတွေ့အပြင် ရှေ့ကအဖြူရောင်လည်တိုင်ကျော့ကျော့ကိုမျက်နှာအပ်မိတော့ ထင်ရှားနေတဲ့Adam's appleက ရိပေါ်ရဲ့နှုတ်ခမ်းဖျားနဲ့ထိလုမတတ်။
ထိုအခိုက်မှာပဲ ရိပေါ်အနှစ်သက်ရဆုံးသော အသံချိုချိုလေးဖြစ်တည်ရာ လည်တိုင်ကျော့ကျော့ကအသာလှုပ်ရှားလာပြီး
"နိုးတာကြာပြီလား ကလေးလေး"
စကားပြောသံတစ်လျှောက် အထက်အောက်လှုပ်ခတ်သွားတဲ့Adam's appleက ရိပေါ်ရဲ့နှုတ်ခမ်းထိပ်ကိုမထိတထိ ပွတ်သပ်ရိုက်ခတ်သွားသေးတယ်။
CZYTASZ
ᑕᕼᗴᖇIՏᕼ
Fanfiction"မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction "မင်းထားခဲ့ရင် ငါ..ငါ ရူးမှာ" "မင်းကို ငါကထားရက်ပါ့မလားရှောင်းကျန့်ရာ" Zhanyi Fanfiction