"ပါးပါး.."
ခေါ်သံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်မိလိုက်ကြသည်။
မနက်ခင်း7နာရီခွဲခန့်လောက် မင်အယ်တစ်ယောက် မီးဖိုချောင်ထဲမှာ စီနီယာနှင့်အတူမနက်စာပြင်နေတုန်းမှာပဲ
ထမင်းစားခန်းရဲ့တံခါးဝမှာ အိပ်ချင်မူးတူးနှင့်ထလာသော
ရှောင်ပိုင်။အိပ်ချင်မူးတူးမျက်စိနှစ်ဖက်ကိုပွတ်ကာ"ဟင်!!...အားလီကဘယ်တုန်းကရောက်နေတာလဲ??"
"မနေ့ညကလေ ရှောင်ပိုင်ကအရမ်းတွေကိုအိပ်နေတာကိုး..
ပါးပါးကမနိုးတော့တာ...""ဟွန့်..."
နီရဲနေသည့်နှုတ်ခမ်းတို့ကိုထော်ထားပြီး သူ့ပါးပါးကိုမျက်စောင်းနှင့် ကြည့်နေလေသည်။ထိုအပြုအမူ
ကြောင့် မင်အယ် နှစ်ခြိုက်စွာပြုံးလိုက်ပြီး"ရှောင်ပိုင်က မျက်နှာသစ်ပြီးပြီလား??"
"ဟင့်အင်း...အားလီကသားကိုကူသစ်ပေးလေ "
"ဟုတ်ပါပြီခင်ဗျာ.....လာသွားစို့.."
သူတို့သွားနေတုန်းမှာပဲ စီနီယာက ရှောင်ပိုင်ကိုမကြားကြားအောင် စကားလှမ်းပြောလိုက်လေ
သေးသည်။"ရှောင်ပိုင် သားမားမားရပြီနော် " တဲ့။
သူတို့ကထမင်းစားပွဲဝိုင်းအကြီးကြီးမှာဝင်ထိုင်လိုက်ကြလေ
သည်။ထို့နောက် အရသာရှိပြီးလှပတဲ့မနက်စာကို စားနေတုန်း
မှာပဲ ရှောင်ပိုင်က"ပါးပါး....သားရဲ့မားမားဆိုတာကဘယ်မှာလဲ??ဘယ်သူလဲဟင်?! "
ရှောင်ပိုင်စကားကြောင့် မင်အယ်စားနေတဲ့ထမင်းပါသီးသွား
လေသည်။
စစ်ယီ သီးသွားတဲ့မင်အယ်၏ကျောကုန်းကိုပွတ်သပ်ပေးလိုက်
ပြီး ရေခွက်ကိုပေးလိုက်ကာ"ရှောင်ပိုင်ရဲ့မားမားက အရမ်းကိုချစ်ဖို့ကောင်းတာ ရှောင်ပိုင်က မြင်ရင်အရမ်းကိုချစ်သွားမှာသေချာတယ် သိလား သားရဲ့မားမားကခုပဲ သားရဲ့ဘေးမှာထိုင်နေပြီလေ
"ရှောင်ပိုင်က သူ့ဘက်ကိုလှည့်ကြည့်ပြီး ပြီတီတီအပြုံးနှင့် စီနီယာဘက်ကိုလှည့်ကြည့်လိုက်ကာ

YOU ARE READING
The only one!! (Complete)
RomanceNot translation.Own Creation. Both Unicode and Zawgyi. စိတ်ကူးသပ်သပ်ဖြင့်သာရေးသားထားခြင်းဖြစ်၍ ဗဟုသုတအနည်းငယ်မျှပါမည်မဟုတ်ချေ။