မင်အယ် တယောက် အိမ်ကို ပြန်ပြီးအမေ့ကို သူငယ်ချင်း
အိမ်သွားကာစာလုပ်မည်ဟုပြောကာ စီနီယာအိမ်ကိုလာခဲ့ရ
သည်။
စီနီယာကတိုက်ခန်းတွင်တယောက်တည်းနေလေသည်။သူတိုက်ခန်းဆီကိုလာတော့ ပါးစပ်ကပွစိပွစိဖြင့်မေတ္တာပို့ကာ
လာခဲ့လေသည်။
"မဟုတ်သေးပူးလေ ငါကဘာလို့လဲ အွန်း...သူ့သူငယ်ချင်းတွေရှိနေတာကိုပဲ ဘာလို့ငါမှလဲ?
ဘောလုံးလာမှန်တာကိုငါက အတင်းအကျပ်ကြီးသူ့ကို၀င်ခံ
ခိုင်းတာလဲမဟုတ်ပဲနဲ့ အားယား......ကျစ်"
တိုက်ခန်းရှေ့ကိုရောက်လာသဖြင့် သူဘဲလ်ကို တီးလိုက်တော့
ချက်ချင်းပဲ စီနီယာကတံခါးဖွင့်လာပေးလေသည်။
ဘယ်တုန်းကတည်းက မျှော်နေမှန်းမသိ။ ဟွန့် ဂျူနီယာလေးကို မတရားတွေအနိုင်ကျင့်တော့မယ်။😟😟
"အော်...ရောက်လာပီလား...?"
"ဟုတ်..စီနီယာ..."
စီနီယာကရှေ့ကနေ ဦးဆောင်ခေါ်သွားရင်း
"ထိုင်ဦး...ငါဘာမှမင်းကို တိုက်စရာမရှိပူး..အာ..ရှိတာတော့
ရှိတယ် ဘီယာတွေ မင်းသောက်မလား...?"
စီနီယာ့စကားကြောင့်သူကြောင်သွားမိသည်။
"ဗျာ!"
"နောက်တာ ..ရေခဲသေတ္တာထဲမှာရှိတယ်.."
"ဟုတ်...ကျွန်တော်မသောက်တော့ပါပူး..ကျေးဇူးပါစီနီယာ"
"အင်း...ဒါပေမဲ့ငါဗိုက်ဆာတယ်လေ.."
"ဗိုက်ဆာတယ်!"
"အွန်း...ငါဗိုက်ဆာတယ်..နောက်ပီးငါဆေးလဲသောက်ရဦးမယ်"
"အ့ဆိုရင် ကျွန်တော်...ဆန်ပြုတ်ပြုတ်ပေးရမလား?စီနီယာ"
"မင်းကပြုတ်တတ်လို့လား?"
"ထင်...တာပါပဲစီနီယာ..ဟင်း...."
"ပီးရော သွားပြုတ်လိုက် မင်းပစ္စည်းတွေငါနေရာထားပီးရင်
လာခဲ့မယ် "
"ဟုတ်..စီနီယာ.."
မင်အယ် တစ်ယောက် မီးဖိုချောင်ထဲကို ရောက်လာတော့ဘာ
စလုပ်ရမှန်းမသိ။
"အော....ဆန်...ဟုတ်တယ်...ဆန်..ရှာရမယ်"
ဟိုလှန်ဒီလှန်ရှာကြည့်လိုက်တော့ ဆန်အိုးကိုတွေ့လေသည်။
ဒယ်အိုးကိုရှာပြီး ဆန်အနည်းငယ်ကိုထည့်ကာ ရေကျဲကျဲလေး
ထည့်လိုက်လေသည်။
"ပြီးတော့...ပြီးတော့...ဆား...ဆား...ဘယ်မှာလဲ??"
ဆားကိုထည့်ပြီး ခဏအကြာတော့ စီနီယာ ပြန်ရောက်လာ
လေသည်။စီနီယာက စားပွဲကထိုင်ခုံမှာ၀င်ထိုင်ပြီး
"ရပြီလား?"
"ဟုတ် စီနီယာ ရ..ရပါတော့မယ် ခဏလေး...စောင့်ပေးပါဦး"
"အာ! မင်းနာမည်က "
"လီမင်အယ်ပါ..စီနီယာပါ.."
"ဪ..မင်အယ်ပေါ့..ဟင်း...ဒါနဲ့မင်း ငါ့နာမည်ကောသိလား?"
"ကျွန်တော်...သိ..အား.....မားမားရေ...ဟင့်....အင့်..ဟင့်.."
ရုတ်တရက်မင်အယ့်အော်သံကြောင့် သူထိုင်ခုံမှထကာ သူ့ဆီကိုပြေးသွားမိသည်။
"ဘာဖြစ်တာလဲ?"
"ဆန်...ဆန်ပြုတ်က အရည်က လာ..စင်လို့..စီနီယာ...
ကျွန်တော် ဘာမှ...မဖြစ်ပါပူး...ရပါတယ်.."
သူ မင်အယ့်လက်ကိုဆွဲယူလိုက်ရင်း
"ပြစမ်း...နီသွားတာပဲ...လောလောဆယ်တော့ရေအရင်လောင်းလိုက်ဦး ပြီးရင်ငါဆေးထည့်ပေးမယ်.."
စီနီယာကိုင်ထားသည့် သူ့လက်ကို ဆွဲယူလိုက်ရင်း
"ရ..ရပါတယ် စီနီယာ..ကျွန်တော်ဘာမှမဖြစ်ပါပူး..ဆန်ပြုတ်ရပြီ စီနီယာ"
"အင်း.."
စားပွဲပေါ်တွင်တော့ ဆန်ပြုတ်ပူပူနွေးနွေးခွက်ကြီးက အငွေ့
တထောင်းထောင်းနှင့်ရှ်ိလို့နေလေသည်။
သူ ဆန်ပြုတ်ကိုသောက်ကျိလိုက်တော့ ချိုတယ်!!!ဆန်ပြုတ်
ကြီးက။ ချိုနေတယ်!!!!
စီနီယာ၏ပြောင်းလဲသွားသော မျက်နှာထားကြောင့်
"အာ...စီ..စီနီယာ..ဘာများအဆင်မပြေဖြစ်လို့လဲဟင်.."
"အဆင်မပြေတာ..ကတော့...မင်အယ်.."
"ဟုတ်.."
"မင်းဆန်ပြုတ်ထဲကိုဘာတွေထည့်ထားသေးလဲ?"
သူခဏပြန်စဉ်းစားလိုက်ပြီး...
"ကျွန်တော်...ဆား...ဟုတ်တယ်..ဆားထည့်လိုက်ပါတယ်..
စီနီယာ..ဘာဖြစ်လို့လဲ စီနီယာ..?"
"ကြည့်ရတာတော့..မင်း...ဆားဗူးနဲ့...သကြားဗူး...မှားပြီထင်တယ်.."
"ဗျာ!!...မ..မဖြစ်နိုင်ပူး..ထင်တယ်..စီနီယာ..ကျွန်တော်
သေချာ.."
"သောက်ကြည့်!"
"ဗျာ!.ဟုတ် ..ဟုတ်.စီနီယာ"
သူသောက်ကြည့်လိုက်တော့..တကယ်ကြီးပင်ချိုနေလေသည်။
"အာ...တောင်းပန်ပါတယ် စီနီယာ..ကျွန်တော် အသစ်ပြန်
လုပ်ပေးရမလား..?"
"နေပါစေ တော်တော့ ရပီ ညလဲနက်နေပြီ...ငါ့ကို နွားနို့ဗူးပဲယူပေးတော့ ရေခဲသေတ္တာထဲမှာရှိတယ် နွားနို့ဗူးတော့ သိတယ်မလား?"
"ဟုတ်"
သူနွားနို့ဗူးကိုယူပေးပြီးတော့ စီနီယာကအကုန်သောက်လိုက်ပြီး
"သွားမယ် ငါဆေးသောက်ရဦးမယ် ပြီးရင်အိပ်မယ်"
"ဟုတ်"
သူစီနီယာရဲ့ ဦးဆောင်မှုနောက်ကနေလိုက်ရပြန်သည်။
အင်းလေ စီနီယာရဲ့အိမ်ဆိုတော့ သူဦးဆောင်မှူနောက်ကိုပဲလိုက်ရမှာပေါ့ ဟူး.....။
စီနီယာကဆေးသောက်ပြီး သူ့အိပ်ခန်းထဲမှာရှိတဲ့ ဆိုဖာပေါ်ကို စောင်တထည်ယူကာ သွားအိပ်လေတော့ မင်အယ် ဘာလုပ်ရမှန်းမသိကြောင်သွားလေသည်။
"အာ..စီနီယာ..ဘာလို့အ့ပေါ်မှာအိပ်နေရတာလဲ?"
"မင်းကုတင်ပေါ်မှာအိပ်ရအောင်လို့လေ "
"ဗျာ!ဒါပေမဲ့ စီနီယာ ဧည့်သည်ခန်းမရှိပူးလား ကျွန်တော်အ့မှာပဲအိပ်ပါ့မယ်."
"မရှိပူး..အ့တာငါ့အ၀တ်ခန်းလုပ်ထားတယ်"
"ဒါပေမဲ့ စီနီယာကလူနာလေ ဘာလို့အဲ့ဆိုဖာပေါ်မှာ အိပ်ကမှာတုန်း"
"မင်အယ် .ငါကလေ ငါ့ဧည့်သည်ကိုတော့ ဆိုဖာပေါ်မှာ
မသိပ်နိုင်ပူး အဲ့လောက်တော့လူမှုရေးငါနားလည်ပါတယ်"
"ဒါပေမဲ့စီနီယာရယ် ကျွန်တော် ကသူစိမ်းမှမဟုတ်တာ "
သူဆိုဖာပေါ်လှဲနေရာမှ ပြန်ထထိုင်ရင်း..
"ဟုတ်လား? ငါတို့ကသူစိမ်းတွေမဟုတ်ပူးပေါ့ "
"ဟုတ်တာပေါ့ စီနီယာရဲ့ ကျွန်တော်ပဲ ဆိုဖာပေါ်အိပ်လိုက်ပါ့မယ် "
စီနီယာကပြုံးရင်းဆိုဖာမှထလာကာ
"ငါတို့ကသူစိမ်းတွေမှ မဟုတ်တာ အ့တော့မင်းလဲ ဆိုဖာပေါ်
မအိပ်ရတော့ပူးငါလဲကုတင်ပေါ်အိပ်လို့ ရအောင် တူတူအိပ်
ကြတာပေါ့"
"ဗျာ!!"
သေစမ်း!!!မင်အယ် မင်းသေလိုက်တော့ !!!ဘာလို့သူစိမ်း
တွေမဟုတ်ပူးလို့သွားပြောလိုက်တာလဲ!!!!
"ဒါ...ဒါပေမဲ့ စီနီယာရယ်.."
"လာပါငါတို့ကသူစိမ်းတွေမဟုတ်ပူးလေ လာပါတူတူအိပ်ကြ
ရအောင်"
"စီနီယာ.."
မင်အယ့်အသံကသနားစရာပင်ကောင်းလာနေလေတော့သည်။ချောင်ဖုန်းကိုဒီအကြောင်းတွေများပြန်ပြောပြလို့ကတော့..
မဟုတ်ပူး။..ကျောင်းကမိန်းကလေးတွေ ယောက်ျားလေးတွေ
ကောဒီအကြောင်းကို သိလို့ကတော့...အား....။
စီနီယာကကုတင်ရဲ့တဘက်ခြမ်းကို၀င်လှဲလိုက်ပြီး စောင်ခြုံကာ မျက်စိစုံမှိတ်ပြီး အိပ်သွားလေတော့သည်။
ထိုမှသာ သူခြေသံဖွဖွနင်းကာ ဆိုဖာပေါ်သွားမည်ပြုစဉ်
"မင်အယ်....ခုထိလာမအိပ်သေးပူးလား?"
"လာပါပြီ စီနီယာ..ဟင်း...လာပါပြီ"
သူ အလျင်အမြန်ပဲ ကုတင်ပေါ်ကို တက်ကာ စီနီယာနှင့်
ကျောချင်းခိုင်းပြီး အိပ်ပစ်လိုက်တော့သည်။

YOU ARE READING
The only one!! (Complete)
Lãng mạnNot translation.Own Creation. Both Unicode and Zawgyi. စိတ်ကူးသပ်သပ်ဖြင့်သာရေးသားထားခြင်းဖြစ်၍ ဗဟုသုတအနည်းငယ်မျှပါမည်မဟုတ်ချေ။