Part 7

1.6K 132 0
                                    

ညနေပိုင်းကျောင်းဆင်းတော့ မင်အယ် မားမားကအလုပ်များနေသောကြောင့် သူ့အားလာမကြိုနိုင်
ပေ။ ထို့ကြောင့်သူ busကားစီးကာပြန်ရပေလိမ့်မည်။ သူ့
ပါးပါးဆုံးသွားကတည်းက busကားနှင့်စီးပြီးပြန်တာက သူ့
အတွက် ယဉ်ပါးနေသလိုကိုဖြစ်နေလေ၏။
"ဟုတ်ကဲ့ပါ မား စိတ်မပူနေပါနဲ့ မားအေးဆေးအလုပ်ကိုပြီး
အောင်သာလုပ်ပါ အင်း ဘိုင့်ဘိုင့်မား ချစ်တယ်မား "
သူဖုန်းပြောပြီးလို့ ဘေးမှလူတစ်ယောက်ကစိုက်ကြည့်နေသ
ယောင်ခံစားရလို့ကြည့်လိုက်တော့ ကားကိုမှီပြီး အိတ်ကပ်ထဲ
လက်ထည့်ကာသူ့ကိုကြည့်နေသည့် စီနီယာ။ နေပါဦး သူက
ဘာလို့ငါ့ကိုလာကြည့်နေတာလဲ? ပြီးတော့ကျောင်းဆင်းတာ
ကလဲကြာနေပြီပဲကို ခုချိန်ထိမပြန်သေးပဲ ငါ့ကိုစောင့်နေတာ
တော့မဟုတ်လောက်ပါပူးနော်။
"ဘာလို့အ့မှာ ငတုံးတစ်ယောက်လိုငါ့ကိုကြည့်ပြီးရပ်နေတာ
လဲ?"
သူ စီနီယာရှေ့မှရှောင်ကာ သွားမည်ပြုစဉ်
"နေဦး မင်းကိုလာကြိုတဲ့ကားကဘယ်မှာလဲ?"
မင်အယ်ရပ်လိုက်ပြီး စီနီယာဘက်ကိုလှည့်ကာ
"ကျွန်တော့်မားကအလုပ်မအားလို့လာမကြိုနိုင်ပါပူးအဲ့တာ
ကြောင့်ပါ ရပြီလား?"
သူပြောပြီးလှည့်ထွက်လိုက်စဉ် ရုတ်တရက်သူ့လက်မှဆွဲခံ
လိုက်ရပြီးစီနီယာ နှင့်ခန္ဓာကိုယ်ချင်းအတော်နီးကပ်သွားလေ
၏။ထို့နောက်
"မင်းကို ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ ရတယ်မလား?"
စီနီယာက အသံကိုတိုးရှစွာပြောလေသည်။
"နေပါ‌စေ စီနီယာ ကျွန်တော်busစီးပြီးပြန်လိုက်မှာမို့ ကျေးဇူးပါပဲ "
"မလိုပါပူး ကိုယ့်စီနီယာကလိုက်ပို့ပေးမှာပဲ လိုက်ခဲ့လိုက်ပါ "
ဟုဆိုပြီး သူ့လက်ကိုဆွဲကာ ကားထဲကိုထည့်ပြီးတံခါးပိတ်
လိုက်လေသည်။ပြီးနောက် စီနီယာက ကားထဲကို ၀င်လာပြီး
"ခါးပတ် ပတ်လိုက်ဦး "
သူ့ကိုကြည့်ရင်းပြောလေသည်။
"တကယ်လို့မင်းမပတ်ရင်ကိုယ် ပတ်ပေးရမလား?"
သူပြန်မဖြေပဲ ခါးပတ်ပတ်လိုက်ရလေသည်။တကယ်ကိုဘယ်လိုစီနီယာလဲ? ကိုယ့်ဂျူနီယာတစ်ယောက်ကို
ဒီလိုအတင်းအကျပ်လုပ်ဖို့လိုလို့လား?
ထိုအချိန် သူ့ဖုန်းကမြည်လာခဲ့လေသည်။
"ဟဲလိုမား "
"ဗျာ အော်...ဟုတ်မား...နေရဲပါတယ်မား ရတယ်မား ဟုတ်
ဂွတ်နိုက်နော်မား ဟင်း..."
သူဖုန်းပြောပြီးတဲ့အချိန်ထိသူ့ကိုစီနီယာက စိုက်ကြည့်နေဆဲ
ပင်။
"ဘာ..ဘာဖြစ်လို့လဲ? စီနီယာ"
"မဟုတ်ပါပူး မင်းဖုန်းပြောလို့ပြီးပြီလား?မင်းမားကဘာတဲ့လဲ?"
"အင်း မားကဒီနေ့ညအိမ်ပြန်မလာနိုင်ပူးတဲ့အဲ့ဒါပါပဲ"
"အော်.."
စစ်ယီကားကို အရှိန်မြှင့်ကာ ကျောင်းရှေ့မှမောင်းထွက်လာခဲ့လေတော့သည်။ဦးတည်ရာကတော့
"စီနီယာ"
"အင်း.."
"ဒါကစီနီယာ့တိုက်ခန်းမဟုတ်ပူးလား?"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ?"
"ကျွန်တော့်ကို အိမ်လိုက်ပို့ရဦးမာလေ "
"သိတယ်လေ ကိုယ်မင်းကို တခုခုကျွေးချင်လို့ပါ အိမ်ကနေထည့်လာပေးတာလေ ကိုယ့်မားကမင်းကိုပါကျွေး
လိုက်လို့ပြောလာတယ်လေ "
"အော် အန်တီကိုကျေးဇူးတင်ပါတယ်လို့ပြောပေးပါဦး "
"ဒါနဲ့ မင်းဝိုင်သောက်တတ်လား? ကလေးလေး"
စီနီယာရဲ့နောက်ဆုံးစကားကြောင့် သူကားထဲကနေ‌ထွက်ပြေး
ချင်စိတ်ပေါက်သွားလေသည်။ဘာလို့ဒီကလေးလေးဆိုတာ
ကြီးကပါလာကတာတုန်း။
"သောက်တတ်ပါတယ် စီနီယာ နည်းနည်းပေါ့"
"ဟုတ်လားကောင်းတာပေါ့ မားကဝိုင်တွေထည့်လာပေးတာလေ ပြီးတော့အသားပေါင်းကောပဲ ကိုယ်တစ်ယောက်ထဲလဲစားလို့
မကုန်ပူးလေ သိလားကလေးလေး?"
"စီနီယာ ကျွန်တော့ကိုကလေးလေး လို့မခေါ်ပါနဲ့လား?"
စီနီယာကပြုံးလိုက်ရင်း
"မင်းက‌ ကလေးလေးမဟုတ်ပူးလား?ကိုယ့်ထက်စာရင်လေ
မဟုတ်ပူးလား?"
စီနီယာစကားအဆုံးတွင်တော့ သူတို့စီနီယာတိုက်ခန်းကို
ရောက်သွားလေသည်။စီနီယာက မီးဖိုချောင်ဆီကိုတန်းကာ
သွားပြီး
"ရေချိုးချင်ရင် ရေချိုးလိုက်လေ ကလေးလေး အ၀တ်အစား
တွေက ကိုယ်ထုတ်ထားပေးမယ် "
"ဟုတ် ကျေးဇူးတင်ပါတယ် စီနီယာ "
သူရေချိုးရန် ရေချိုးခန်းဆီသို့...။
ဖုန်းထန်တစ်ယောက် ဝိုင်တွေနဲ့အသားပေါင်းတွေကို ပြင်ဆင်ရင်းပြုံးနေမိလေသည်။ ဒီကလေးလေးဟာလေ သိပ်ကိုဖြူစင်ပြီး ချစ်ဖို့အရမ်းကိုကောင်းနေတော့တာပဲ။ သူ
ပြင်ဆင်ပြီးတော့ အ၀တ်တွေကို ကုတင်ပေါ်တင်ခဲ့ကာ
ဧည့်ခန်းဆီကိုပြန်လာခဲ့လေတော့သည်။
မင်အယ်ကတော့ သူ့အ၀တ်တွေကို၀တ်ပြီး ပိုချစ်စရာကောင်း
လာမည်ကိုသူကြိုသိနေလေသည်။
ခဏအကြာတော့ မင်အယ် အ၀တ်ကြီးကြီးဖားဖားတွေနှင့်
ဧည့်ခန်းထဲကိုရောက်လာလေတော့သည်။
"ထိုင် သောက်လိုက် ရေချိုးပြီးအေးနေဦးမှာဆိုတော့ နွေးသွားအောင်လို့ "
"ဟုတ်"
မင်အယ် စီနီယာပေးသည့် ခွက်ကိုတခွက်တည်းမော့ချလိုက်လေသည်။စစ်ယီ သူ့ရှေ့မှ
ကလေးလေးကိုကြည့်ရင်းပြုံးလိုက်ကာ သူပါတခွက်မော့ချ
လိုက်လေသည်။
ကြည့်ပါဦး ဒီကလေးပြောတော့သောက်နိုင်တယ်ပြောပြီး
ပါးတွေနားတွေရဲတက်လာတာကိုများ။
"မင်အယ် ရရဲ့လား?"
"ရ..ရပါတယ် စီနီယာ "
သူကျေနပ်စွာပြုံးလိုက်ပြီး ဆိုဖာအောက်ကိုထိုင်ချလိုက်ကာ
"မင်အယ် ဘောင်းဘီကဒီလောက်ထိတောင်ရှည်နေတာလား?
ဟုတ်လား?"
"ဟုတ်တယ် စီနီယာ စီနီယာက အရပ်အရမ်းရှည်တာကိုး"
စစ်ယီ မင်အယ့်ခွက်ထဲကိုဝိုင်တွေလောင်းထည့်ရင်း
"ဟုတ်လား ကိုယ်ကအရပ်အရမ်းရှည်တာပဲလား? မင်အယ်
ကိုယ့်ကိုကြည့်ဘောင်းဘီကအဲ့လိုရှည်နေရင်လေ "
သူဘောင်းဘီရှည်ရှည်ကြီးကို ဒူးခေါင်းလောက်ထိခေါက်တင်လိုက်ပြီး
"ဒီလိုမျိုး ခေါက်တင်ထားရတယ်လေ သိရဲ့လား?"
သူပြောပြီး မင်အယ် နှုတ်ခေါင်းလေးကိုလိမ်ဆွဲလိုက်လေ
တော့
"အ့."
နဂိုကတည်းကရဲတက်နေသည့် မင်အယ့်နှုတ်ခေါင်းက ပိုလိုပင်
ရဲသွားလေသည်။စစ်ယီ ခွက်ကိုမင်အယ်ရင်ဘတ်ပေါ်ကိုတမင်မှောက်ကျအောင်လုပ်ပြီး
"အာ sorry မင်အယ် ကိုယ်ပြန်သုတ်ပေးမယ် နည်းနည်း
ယိုင်သွားတယ် "
"ရ...ရတာ် စီနီယာ မလုပ် "
မင်အယ်စကားအဆုံးထိကိုမစောင့်တော့ပဲ သူအ၀တ်ပေါ်ကို
လက်ဖြင့်ပွတ်သတ်လိုက်လေတော့သည်။ ဝိုင်တွေစွန်းကုန်သ
ဖြင့် အ၀တ်ဖြူဖြူကနေ ပန်းရောင်တွေစွန်းထင်းကုန်လေတော့ မင်အယ်ခန္ဓာကိုယ်၌
ကပ်သွားလေသည်။ ထိုအခြင်းအရာကိုအခွင့်ကောင်းယူ၍
စစ်ယီ မင်အယ်ခန္ဓာကိုယ်ကိုခါးမှ သူ့ဆီကိုလှမ်းကာဆွဲလိုက်
တော့ အလိုက်သင့်လေးပါလာလေသည်။ထိုကလေးလေး
ကတော့ကြောင်‌အအလေးနှင့်ပေါ့။
"စီ..စီနီယာ..ဘာ..ဘာလုပ်မလို့လဲ?"
ယီဝေနေသည့်အကြည့်တွေ ပြင်းရှရှအသံတို့ဖြင့် သူ့ကိုမေး
လာလေသည်။ သူညင်သာစွာပြုံးလိုက်ပြီး
"မင်အယ် ကလေးလေး မင်းကကိုယ့်လူနော် "
သူပြောပြီး နှုတ်ခမ်းရဲထွေးထွေးတို့ကို သိမ်းပိုက်‌လိုက်လေတော့သည်။
"အင့်"
မင်အယ်ကိုရုန်းထွက်ခွင့်မပေးပဲ သေချာစွာလက်နှစ်ဖက်ဖြင့်
သူဖက်တွယ်ထားလေသည်။

The  only one!! (Complete)Where stories live. Discover now