Part 9

1.5K 111 1
                                    

မင်အယ် ရုတ်တရက်ပြတင်းပေါက်မှလေပြေအေးအေးလေး
များကစိမ့်ခနဲအေးနေအောင် တိုက်ခတ်လာသောကြောင့်
နိုးလာလေသည်။
သူမော့ကြည့်လိုက်တော့ မိုးသားမဲ‌မဲမှောင်မှောင်တွေက တရိပ်ရိပ်တက်လာနေလေသည်။
အင်း...မိုးရွာတော့မည်ထင်ပါရဲ့။သူထရပ်လိုက်တော့ ပခုံးပေါ်
မှလျှောကာကျလာသည့် ကုတ်အင်္ကျီတစ်ထည်။သူကိုင်ပြီး
ကြည့်လိုက်တော့
"ရှစစ်ယီ "
ရင်ဘတ်နားမှာထိုးထားသည့်နာမည်။ဒါဆို စီနီယာကသူ့နား
ကိုလာသွားသေးသည်ပေါ့။စီနီယာဘာလို့ ဒီလိုတွေလုပ်နေရ
တာလဲ?။မုန့်ထုပ်တွေကော။နို့ဗူးကော။စီနီယာ တကယ်ပဲ
သူ့အပေါ်ကိုဘာလုပ်ချင်နေတာလဲ??
နာရီကို ကြည့်လိုက်တော့ ညနေ၄နာရီ ။‌ကျောင်းဆင်းချိန်တောင်ရောက်နေပါပြီကော။သူ အင်္ကျီ နှင့်
အတူမုန့်ထုပ်တွေကိုယူပြီး စာကြည့်တိုက်ထဲမှထွက်လာခဲ့လေ
သည်။စာကြည့်တိုက်ထဲတွင်လည်း လူတစ်ယောက်စ နှစ်ယောက်စသာကျန်ရှိလေတော့သည်။ သူလွယ်အိတ်သွားယူပြီး ကျောင်းဆောင်ထဲမှအထွက်တွင်မိုး
ရွာလာသောကြောင့် ၀ရံတာရှေ့မှာသူ့ခြေလှမ်းတွေရပ်သွား‌
လေသည်။
မိုးစက်တွေစင်သဖြင့် နောက်ကိုတဖြည်းဖြည်းချင်းတိုးလိုက်
လေရာ
"ဘုတ် !!"
ရင်ခွင်ကျယ်ကြီးတစ်ခုနှင့် သူတိုက်မိလေသည်။သူမော့ကြည့်
လိုက်တော့
"စီနီယာ!"
ထပ်ပြီး စီနီယာပဲလား?ဘာလို့ငါတခုခုဖြစ်တိုင်းစီနီယာနဲ့ပဲ
တွေ့နေရတာလဲ???
ဘောင်းဘီအိတ်ကပ်ထဲလက်တဖက်ကိုထည့်ထားပြီး လက်တစ်ဖက်ကထီးကိုကိုင်ထားကာ သူ့ကိုခေါင်းစောင်းပြီး
ငုံ့ကြည့်နေလေရဲ့။
ရုတ်တရက် လျှပ်စီး လျက်သွားသဖြင့် မိုးချုန်းသံပါအတူ
ပါလာသည်ဖြစ်ရာ သူလန့်ပြီး စီနီယာရင်ခွင်ထဲကိုပိုလို့တိုးမိ
သွာစလေသည်။
စစ်ယီ တစ်ယောက်မိမိရင်ခွင်ထဲကိုရုတ်တရက်‌တိုးလာသော
ကလေးငယ်တစ်ယောက်ကြောင့် ကြောင်ကာရယ်ချင်သွားမိ
သည်။ကြောက်လွန်းလို့ ခေါင်းကိုတိုးကာနေနေသော မင်အယ်။
သူလက်ကိုထုတ်ကာကျောကုန်းကိုပုတ်ပေးနေမိလေသည်။
သူလဲကြောင်သွားသည်ထင်ပါရဲ့။ချက်ချင်းပင် ရှောင်ထွက်ပြီး
"တောင်း..တောင်းပန်ပါတယ် စီနီယာ..ရုတ်တရက်ဆိုတော့."
စကားတွေထစ်နေသောထို‌ကလေးငယ်ကိုကြည့်ပြီး သူရယ်
ချလိုက်လေသည်။
"ဟင်း....ကိုယ်မင်းကိုဘာမှမပြောပါပူး ဖြစ်တတ်ပါတယ်
ဒါမျိုးက ပြီးတော့ ရုတ်တရက်ကြီးပဲလေမိုးချိန်းတာကလဲ
ဟင်း...."
ခေတ္တခဏလောက်အထိရပ်နေပြီး မိုးနဲနဲစဲချိန်ရောက်တော့
"အာ...မင်းမပြန်သေးပူးလား??"
"ပြန်မှာပါ စီနီယာ ကျွန်တော် မိုးမတိတ်သေးလို့စောင့်နေတာ
ပါ "
"ဪ...ဒါဆိုတူတူပြန်မယ်လေ"
"ဗျာ.."
"ကိုယ့်မှာထီးပါ‌တယ်လေ တူတူတော့ဆောင်းလို့ရပါသေးတယ် ပြီးတော့ဂျုနီယာတစ်ယောက်ကို ထီးပေးမဆောင်းတဲ့စီနီယာ
မျိုးကိုယ်မဖြစ်ချင်ပူးလေ ဟုတ်တယ်မလား??"
"ဟ..ဟုတ်"
"လာ သွားမယ်"
ဟုဆိုကာ သူ့ပခုံးကိုဖက်ပြီး ထီးဖွင့်ကာ ကျောင်းဆောင်ထဲမှ
ထွက်လာခဲ့လေသည်။ သူ့ကို့ကားဂိတ်ထိပဲပို့ပါဟုပြောသော်
‌လည်း ရတယ် အိမ်ထိရောက်အောင်ပို့ပေးမည်ဟုဆိုကာ
အိမ်ရောက်သည်အထိလိုက်ပို့ပေးလေသည်။ဘာလို့များ
စီနီယာကို ငါမလွန်ဆန်နိုင်ရတာလဲ????ဟူး......
အိမ်ရောက်တော့
တံခါးဖွင့်လိုက်စဉ်
"သားလေး အဲ..သူငယ်ချင်းကောပါလာတာလား? ?"
"ဟုတ် မား အ့တာက ကျောင်းကစီနီယာပါ မား"
"‌ဪ ..လာ လာ မိုးတွေရွာနေတာကို မားလဲခုနကမှ ပြန်ရောက်တာ သား မားထမင်းပွဲပြင်လိုက်ဦးမယ် သားကော
တခါတည်းစားသွားလိုက်နော်.."
"ဟုတ် အန်တီ.."
"သား အ၀တ်တွေရေစိုလာတယ်ထင်တယ် သားအ၀တ်တွေ
လှဲခိုင်းထားလိုက်ပါလား အအေးပတ်သွားမှာစိုးလို့လေ
ခေါင်းတွေကောစိုရွှဲနေတာပဲ မြန်မြန် မင်အယ် "
"ဟုတ် မား..စီနီယာ လာလေ"
သူစီနီယာကို အခန်းထဲခေါ်သွားပြီး အ၀တ်လှဲဖို့ သူ့အ၀တ်ဗီရိုထဲမှ အကြီးဆုံးဟုထင်ရသည့် အ၀တ်ကိုပေးလိုက်လေသည်။ သို့ပေမဲ့ စီနီယာအတွက်တော့
"နည်းနည်း ကျပ်နေတယ်ထင်တယ် ကျွန်တော့်မှာလဲ အဲ့ဒါက
အကြီးဆုံးပဲ "
"ရပါတယ် ကိုယ်နေတတ်ပါတယ် "
မင်အယ် တဘက်ကို လှမ်းပေးလိုက်တော့
"ဟွန့် ..ကိုယ်ခေါင်းစိုတာကမင်းဘက်ကို ထီးကိုင်းပေးခဲ့လို့လေ အ့တော့မင်းကသုတ်ပေးသင့်တယ်လေ
မဟုတ်ပူးလား?"
မင်အယ် စိတ်ကိုသေချာထိန်းကာ
"ဟုတ်.."
တဘက်ကို ပြန်ယူပြီး သုတ်ပေးလိုက်လေသည်။ပါးစပ်ကပွစိ
ပွစိပြောနေဖို့လည်း သူမမေ့။
"ဘယ်သူက သူ့ကိုလိုက်ပို့ခိုင်းနေတာကျလို့ ဘယ်သူက ထီးကိုကိုင်းခိုင်းနေလို့လဲ ဟွန့် အလုပ်ကိုရှုပ်တယ် "
စစ်ယီ သူ့ဘေးမှာမတ်တပ်ရပ်ကာ သုတ်ပေးနေရင်း ပွစိပွစိပြောနေသည့် ထိုကလေးကို ခါးမှဆွဲကာ သူ့ပေါင်ပေါ်တွင် ထိုင်စေလိုက်ပြီး
"မင်အယ် ကလေးလေး ဘာလို့ ပါးစပ်ကနေ ပွစိပွစိပြောနေ
ရတာလဲ ဟင်"
ရုတ်တရက်ကြီး ဆွဲခံလိုက်ရသည့်အတွက် စီနီယာအားကြောင်အစွာကြည့်နေမိပီး သူသတိ၀င်လာသည့်
အချိန်မှာတော့ သူကစီနီယာပေါင်ပေါ်တွင် ထိုင်လျက်သားဖြစ်နေလေသည်။ ဘာလို့ ငါ့အပေါ်ကိုစီနီယာ
ကတကယ်ပဲမိန်းကလေးတစ်ယောက်ကို ဆက်ဆံသလိုမျိုးကြီး ဆက်ဆံနေရတာလဲ??ဟင်..ဒါကဘယ်လိုခံစားချက်ကြီး လဲ??သူတွေးနေရင်း မျက်နှာက ပူလာသလိုခံစားနေရလေသည်။
စစ်ယီ မျက်နှာတွေနီရဲနေသော မင်အယ်ကိုကြည့်ပြီး သူ့အာ
ခေါင်တွေခြောက်လာရလေသည်။မင်အယ် နှုတ်ခမ်းရဲရဲလေး
ဟုတ်တယ် ။သူတံတွေးကိုမျိူချနေမိလေသည်။
ရုတ်တရက် မင်အယ်ထရပ်သွားသည့်အခါမှသာ
"စီနီယာ သူများအိမ်မှာလာပြီး ...ဟွန့် ..ကျွန်တော့်ကို အနိုင့်
ကျင့်မလို့လား?? ပြီးတော့ စီနီယာကဘာလို့ ကျွန်တော့်ကို
တမျိုးဖြစ်အောင်ဆက်ဆံနေရတာလဲ ?? "
"ကိုယ်က..."
သူပြောလို့ပင်မဆုံးသေးချိန်တွင်
"မင်အယ် ထမင်းစားလို့ရပြီ "
အောက်ထပ်မှ သူ့မားအော်သံကြောင့် မင်အယ်က တဘက်ကို
ကုတင်ပေါ်တင်ခဲ့ပြီး
"သွားမယ် ညစာသွားစားမယ်.."
စိတ်ဆိုးကာ ထွက်သွားသောမင်အယ်ကိုကြည့်ပြီး သူရယ်ချင်
စိတ်ကို ထိန်းကာအောက်ထပ်ကိုညစာ စားရန်ထွက်လာခဲ့လေ
သည်။

The  only one!! (Complete)Where stories live. Discover now