Part 35

1K 68 0
                                    

စစ်ယီက ဖုန်းကိုအချိန်အနည်းငယ်ထိပြောပြီးတော့ အခန်းထဲ
ကိုပြန်၀င်လာခဲ့လေသည်။မင်အယ်က အိပ်ယာပေါ်မှာ မအိပ်သေးဘဲ ကွန်ပျူတာကို ကြည့်‌နေလေသည်။
စစ်ယီ သက်ပြင်းအရှည်ကြီးကိုချလိုက်လေသည်။သူ့ရဲ့ ရည်မှန်းချက်ကလေးကတော့ပျက်စီးတော့မည်ဖြစ်လေသည်။

"မင်အယ် ကိုယ် ကုမ္ပဏီကိုပြန်သွားရမယ် အပြန်နောက်ကျချင်နောက်ကျလိမ့်မယ် .."

"ဟုတ်လား??ဒါဆို ကော ...သွားလိုက်လေ ကျွန်တော်နဲ့ ရှောင်ပိုင်တူတူအိပ်လိုက်မယ်..."

"အင်း...ဒါဆို ကိုယ်သွားမယ်နော် ကောင်းသောညပါ "

စစ်ယီ သူ မင်အယ်နဖူးကိုနမ်းပြီး စောင်ခြုံပေးလိုက်ကာ ကုမ္ပဏီကိုထွက်လာခဲ့လေတော့သည်။

ရှအိမ်တော်တွင် ကြောက်ရွံ့ဖွယ်ကောင်းပြီးမျက်နှာထားတင်မာနေသည့်
ရှသူဌေးကြီးက ဆိုဖာပေါ်မှာ မိန့်မိန့်ကြီးထိုင်နေလေသည်။သူ့ပုံစံက တစ်စုံတစ်ယောက်ကိုစောင့်နေသည်နှင့်ပင် မတူချေ။ အမှန်တော့ သူက သူ့သားကိုစောင့်နေခဲ့တာပါ။
ခဏအကြာမှာတော့ ရှသခင်လေးက ဧည့်ခန်းဆီကိုရောက်လာလေသည်။သူ့ရဲ့မျက်နှာကလည်း ရှသခင်ကြီးလိုပင် တင်းမာနေလေသည်။

"ဘာဖြစ်လို့ ရှယ်ယာတွေကိုအကုန်သိမ်းသွားရတာလဲ??"

"ငါ မင်းကိုပြောပြီးသားပဲလေ မင်း ကျောက်မိန်မိန်းနဲ့ လက်ထပ်ဖို့ပြင်ထားပါလို့...ငါမင်းကိုအချိန်တစ်လပေးပြီးသား!!...လက်ထပ်ပြီးတာနဲ့ အကုန်ပြန်လွှဲပေးမှာ.."

"ကျွန်တော့်ကို အတင်းအကျပ်ခိုင်းစေပြန်ပြီလား??"

အခန်းထဲရှိလေထုကပိုမိုတင်းမာလို့လာလေသည်။

"ငါ မင်းကိုအခွင့်အရေးပေးခဲ့ပြီးသား..အတင်းအကျပ်ခိုင်းစေတာမှ မဟုတ်တာ ဘာဖြစ်နေတာလဲ?? မိဘက သားသမီးကို
အချိန်တန်ရင် အိမ်ထောင်ပြုပေးရမှာ အဲ့တာမိဘတာ၀န်ပဲ..ရှောင်ပိုင်ကို အကြောင်းပြပြီး ရှောင်လွှဲမနေနဲ့.."

"မိဘတာ၀န်?!! ဟက်....ဒါဆို လွန်ခဲ့တဲ့အနှစ် ၂၀လောက်တုန်းကကော အဲ့ဒီမိဘတာ၀န်တွေက ဘယ်ရောက်နေခဲ့တာလဲ??...ကျွန်တော့်ကိုအသုံးချဖို့စဉ်းစားနေတာလား?? ....မဖြစ်နိုင်ဘူး.."

The  only one!! (Complete)Where stories live. Discover now