မင်အယ် မားမားလာကြိုတဲ့ကားပေါ်ပြေးတက်ပြီး မားမားကို
အမြန်မောင်းခိုင်းတော့မှပဲ စီနီယာကကျောင်းပေါက်၀မှာရပ်တန့်သွားခဲ့လေသည်။
ဟူး...တော်ပါသေးရဲ့။စီနီယာပုံစံက မုန့်လုစားခံလိုက်ရသည့်ကလေးငယ်ပုံစံပေါက်နေလေသည်။
သနားစရာလေး။အမလေး သူအခုစီနီယာကို သနားနေတာလား??"မင်အယ် "
"ဟုတ်မား"
"မား အလုပ်ကိစ္စပေါ်လာလို့ မားပြန်သွားရဦးမယ် ရေခဲသေတ္တာထဲမှာ ဟင်းတွေရှိတယ်နော် သား မားပြန်မလာသေးရင်လဲ အိပ်နှင့်နော်သား "
"ဟုတ် မား ချစ်တယ်နော် မား"
"အင်း မားလဲ ချစ်တယ်နော် ဘိုင့်ဘိုင့် မား"
မင်အယ် ညစာစားပြီးတော့ စာကြည့်ရင်အခန်းထဲကိုသွားနေတုန်းမှာပဲ အိမ်ရှေ့မှာ တံခါးခေါက်သံကြောင့် သူကြောင်သွားရလေသည်။
မား ကအစောကြီးပြန်လာတာလား??ဘာလို့လဲ??"မား..."
ရှေ့မှာဒဏ်ရာတွေနှင့်ရပ်နေသည့်သူကြောင့် မင်အယ်
ကြောင်အသွားရလေသည်။စီနီယာ!!!
ဘယ်လိုဖြစ်လာရတာလဲ???စီနီယာကို ဘယ်သူကဒီလိုလုပ်ရဲရတာလဲ??"စီနီယာ !!"
"အင်း...ကိုယ့်ကို အထဲခဏလောက်ပေး၀င်ပါလား??"
"အာ အင်း..."
သူ စီနီယာကိုတွဲခေါ်ပြီး ဆိုဖာပေါ်မှာထိုင်ခိုင်းစေသည်။
"ကျွန်တော် ဆေးသွားယူလိုက်ဦးမယ် "
"ကျေးဇူးပါ "
ခဏအကြာတော့ မင်အယ်က ဆေးဗူးတွေ ရေခွက်တွေနှင့်ပြန်ရောက်လာလေသည်။
"စီနီယာ ကိုယ့်ဘာသာလုပ်နိုင်လားဟင်"
"မင်အယ် မင်းဘယ်လိုလုပ်ပြီး ဒဏ်ရာရနေတဲ့သူကိုတစ်ယောက်တည်းလုပ်ခိုင်းရပ်တာလဲ??
""မဟုတ်ပါပူး ကျွန်တော်ကအ့လိုဆိုလိုတာမဟုတ်ပါပူး ဒါနဲ့စီနီယာ ဘယ်လိုလုပ်ပြီးဒဏ်ရာရလာရတာလဲ??"
စစ်ယီမဲ့ပြုံး ပြုံးလိုက်ပြီး သူဖြစ်ပျက်ခဲ့တာကိုပြန်တွေးလိုက်သည်။

YOU ARE READING
The only one!! (Complete)
RomanceNot translation.Own Creation. Both Unicode and Zawgyi. စိတ်ကူးသပ်သပ်ဖြင့်သာရေးသားထားခြင်းဖြစ်၍ ဗဟုသုတအနည်းငယ်မျှပါမည်မဟုတ်ချေ။