မနက်ခင်းရဲ့ အလှတရားကမျက်စိရှေ့မှာရှိနေသောကြောင့်
ရှစစ်ယီတစ်ယောက် မျက်လုံးတွေကို ထိုအလှတရားရှေ့မှ
မခွာမိတော့။မျက်လုံးဖောင်းဖောင်းလေးတွေ။ပါးနီရဲရဲမို့မို့
လေးတွေ။ဟင်း.....တကယ်ကိုချစ်စရာကောင်းနေတုန်းပဲ
ကိုး...ငယ်ငယ်ကအတိုင်းပဲ...။ကြည့်ရတာ ဒီကလေးက သူ့
ကိုမှတ်မိမည့်ပုံလဲမပေါ်ပေ။ အင်းလေ...ဉာဏ်မှသိပ်မ
ကောင်းရှာပဲကိုး...။လှုပ်လဲ့လှုပ်လဲ့ဖြင့် ထိုကလေး နိုးလာတော့မည်ဆိုတာကို သူသိနေသည်။သို့ပေမဲ့ သူအကြည့်တွေကိုမခွာမိ။ ဆက်ပြီးကြည့်မြဲအတိုင်းကြည့်
နေလေသည်။
သူနိုးလာတော့ အရင်မြင်လိုက်ရသည်က စီနီယာ၏မျက်၀န်း
စူးစူးများ။သူ့ကို မိန်းကလေးတစ်ယောက်ကိုကြည့်သလို့ကို
ကြည့်နေတာလေ ဒီ...စီ..နီယာ...ဟာ ။သူထဖို့ပြင်လိုက်တော့
လက်ဖြင့်သူ့ခန္ဓာကိုယ်ကို ဖိထားလေသည်။
"ဘာလုပ်မလို့လဲ? ဒီတိုင်းလေးပဲနေပါဦး..အစောကြီးရှိသေး
တယ်လေ မင်အယ်.."
ဘာလို့ စီနီယာ့အသံက မနက်ခင်း ယောက်ျားတစ်ယောက်က
သူ့မိန်းမကို ချွဲတဲ့အသံကြီးဖြစ်နေရတာလဲ?? ငါပဲနားကြား
မှားတာလား?
"စီနီယာ...ခုချိန်က မစောတော့ပူးလေ စီနီယာ.."
"ခုမှ8နာရီပဲရှိသေးတယ်လေ မင်အယ် မင်းကျောင်းသွားမှာ
လဲမဟုတ်ပဲနဲ့ "
"ကျွန်တော်ကလား? မသွားပူး ဘယ်သူပြောလို့လဲ ကျွန်
တော်ကျောင်းသွားမှာ စီနီယာ့ကို ဆန်ပြုတ်ပြုတ်ခဲ့ပေးပြီး
ဆေးတိုက်လိုက်မယ် ပြီးရင်စီနီယာနားလိုက်တော့ "
သူ့စကားကြောင့် ရုတ်တရက်ကြီး စီနီယာက ရယ်နေလေရဲ့။
မဟုတ်ပါပူး သူရယ်စရာပြောနေလို့လား? သူ့စကားက ဟာ
သဆန်သွားတာလား? ပြီးတော့ ခုချိန်ထိသူ့ကိုဖက်ထားနေ
တုန်း။
"ဟား.....ဟား....ဟား....မင်အယ် ကိစ္စတွေကမင်းပြောသ
လိုဘယ်လွယ်ပါ့မလဲနော် မင်း ကျောင်း မ သွား ရ ပူး"
"ဘာလို့လဲ စီနီယာ ခုမှ ကျွန်တော်က ဂျူနီယာလေးပဲ ရှိသေး
တာလေ ဘာလို့ကျောင်းပျက်ရမှာတုန်း"
"ငါကျောင်းပျက်ခိုင်းနေတာမှမဟုတ်တာ ပြီးတော့ ငါခွင့်
တိုင်ထားပြီးပြီ ကလေးလေး"
ကလေးလေး!!!! သူနားကြားမှားတာများလား??စီနီယာက
သူ့ကို ကလေးလေးလို့ခေါ်လိုက်တာတဲ့လေ။စီနီယာ ဒီမနက်ခင်းဘာတွေဖြစ်ချင်နေတာလဲ??
"စီနီယာထ ..ထပါတော့ မျက်နှာသစ်ရဦးမယ်လေ စီနီယာရဲ့
ဟင်း..."
သူပြောလိုက်တော့
"အာ..ကိုယ်က သစ်ပြီးသွားပြီ ကလေးလေး မင်းပဲကျန်တော့
တာ"
"အာ...စီနီယာ..ဒါနဲ့ကျွန်တော့်ကို ကလေးလေးလို့မခေါ်ပါနဲ့
လား"
"ဘာလို့လဲ ကလေးလေးကဘာဖြစ်လို့လဲ မင်းကကလေးလေး
ပဲလေ မဟုတ်ပူးလား? မင်းပဲပြောတယ်လေ မနေ့ညက ကိုယ်
တို့က သူစိမ်းတွေမဟုတ်ပူးဆိုပြီးတော့လေ အ့ကြောင့်ကိုယ်
ကခေါ်တာလေ မင်းကကိုယ့်ကို ကောကောလို့ခေါ်လေ အယ်
ခုပြန်ပြီး သူစိမ်းတွေဖြစ်သွားပြီလို့တော့မပြောနဲ့နော်..ဟွန်း.."
စီနီယာသိရဲ့လား?ခုချိန်မှာ ဘယ်သူက ကလေးလေးဖြစ်နေတယ်ဆိုတာ!!အား.....မားမားရေ..သား
ကိုလာခေါ်ပါဦး...ဟင့်...ဟင့်....။
"စီနီယာ ဒါဆိုကျွန်တော်မျက်နှာသစ်တော့မယ်နော် ဟင်း"
ဟုပြောပြီးသူလက်ကို အားနှင့်တွန်းဖယ်လိုက်ကာ ရေချိုခန်း
ထဲသို့ပြေးထွက်လာခဲ့သည်။
သွားတိုက် မျက်နှာသစ်ပြီး မှန်ထဲကို ကြည့်လိုက်မိစဉ်
"ဟင်!!"
လည်ပင်းက အညိုကွက်တွေကဘယ်ကပေါ်လာတာလဲ?
ဘယ်ကောင်ကကိုက်သွားတာလဲ?လည်ပင်းတလျှောက်
တစ် !နှစ်! သုံး! လေး!ငါး!!!!
"၅ခုတောင် !!"
သူ့ကိုဘယ်အကောင်ကလာကိုက်သွားတာတုန်း!!ဒါဆိုစီနီယာ
ကောကိုက်ခံရပြီထင်တယ်။သူရေချိုးခန်းထဲကမြန်မြန်ထွက်
ပြီး
"စီနီယာ ခုကုတင်ပေါ်ကနေဆင်းလိုက်တော့"
သူ့စကားကြောင့် စီနီယာလဲကြောင်သွားသည် ထင်ပါရဲ့။သူ့
ကိုအထူးအဆန်းကြည့်နေလေသည်။
"ဘာ...ဘာလို့လဲ?"
"ဟာ...ဆင်းမြန်မြန်လေးသာဆင်း...အကောင်ရှိတယ်...စီနီယာ ဒီမှာ ကျွန်တော့်ကို ကိုက်သွားတယ် မြင်လားမြင်လား?"
သူ့စကားကြောင့် သူရယ်ချင်စိတ်ကို မနည်းချုပ်ထိန်းလိုက်
ရလေသည်။
"အင်း...အင်း...ရှာမြန်မြန် ရှာ.."
မင်အယ်တစ်ယောက်ကတော့ ကုတင်ပေါ်မှာစောင်တွေကို
ခါကာအကုန်အောက်ကိုပစ်ချနေလေတော့သည်။
သူနောက်မှလက်ပိုက်ကာကြည့်နေမိသည်။ဒီကလေးလေး
ဟာလေ အရမ်းကို ရိုးသားလွန်းနေပါပြီ။
"ငတုံးလေး.."
"ဟင်!စီနီယာ ဘာပြောလိုက်တာလဲ?"
"အာ..ဘာမှမဟုတ်ပါပူး မနက်စာစားရအောင်လို့ ပြောတာ"
"ပြီးတော့ ..ထားလိုက်တော့ အသစ်ထပ်လဲခိုင်းလိုက်မယ်"
"ဟုတ် စီနီယာ"
မနက်စာစားဖို့ သူစီနီယာအတွက်ဆန်ပြုတ်ပြုတ်ဖို့ပြင်တော့
"ကလေးလေး မင်းဘာလုပ်မလို့လဲ?"
သူနွားနို့ကိုခွက်ထဲထည့်နေရင်းမှမေးလိုက်သည်။
"ကျွန်တော် စီနီယာ့အတွက်ဆန်ပြုတ်ပြုတ်ပေးမလို့ လေ"
"တော်ပြီမပြုတ်နဲ့တော့ ငါမသောက်ချင်ပူး ဒီကိုလာ လာ
ထိုင် နွားနို့နဲ့ပေါင်မုန့်ကြက်ဥကြော်လာစား"
"စီနီယာ ထကြော်လိုက်တာလား?"
"အင်း.."
"Wow.စီနီယာက လုပ်တတ်တယ်ပေါ့"
"မင်းကမလုပ်တတ်ပူးထင်လို့လား?"
"မဟုတ်ပါပူး.."
သူမနက်စာစားပြီးတော့ စီနီယာကိုဆေးတိုက်ရသည်။
ပြီးတော့ သူသူ့ဆေးကိုလဲသောက်ရသေးသည်။
အင်း...ဒီဆေးသောက်နေရတဲ့ဏဋ်ကဘယ်တော့မှကျွတ်ပါ့
မလဲဟူး....။
"မင်အယ် ကလေးလေး.."
"ဟုတ် စီနီယာ.."
"မင်း စားချင်တာတခုခုရှိရင် ရေခဲသေတ္တာထဲမှာရှိတယ်လို့
ပြီးတော့ ကိုယ်အိပ်ချင်လာပြီ ကိုယ့်ကိုလာစောင့်ပေးဦး
မင်းဘယ်မှမသွားနဲ့နော် မင်အယ် ကိုယ်မင်းကိုစိတ်မချပူး
ကလေးလေး."
စီနီယာကသူပြောချင်တာပြောပြီးအိပ်သွားလေတော့သည်
စီနီယာမှာထားသည့်အတိုင်း သူစာလုပ်ရင်း စီနီယာကိုဘေး
နားမှာစောင့်ပေးနေလိုက်သည်။ အင်း....ယောက်ျားလေး
တွေတောင်ကြိုက်ရအောင် စီနီယာကဘာတွေထူးခြားနေလို့
လဲ?
သူစီနီယာ့မျက်နှာအား အနီးကပ်သေချာလေ့လာကြည့်နေမိ
သည်။အင်း ...နှုတ်ခမ်းမွှေးစိမ်းစိမ်းရေးရေးလေးတွေရယ်
မျက်ခုံးမွှေးတန်းတန်းလေးတွေရယ် ပြီးတော့ နှာတံဖြောင့်
ဖြောင့်လေးရယ် အဲ..စီနီယာကလူချောပဲ။
သူကောက်ချက်ချနေမိသည်။တိုက်ခန်းရဲ့bellမမြည်လာခင်
အချိန်ထိပေါ့။
"တင်း....."
"ဟင် ဒီအချိန်ကြီး ဘယ်ကဧည့်သည်လဲ? အာ...စီနီယာ့
သူငယ်ချင်းတွေဖြစ်မယ်"
သူတံခါးသွားဖွင့်ပေးလိုက်တော့ သူထင်ထားသည့်အတိုင်း
မဟုတ်ခဲ့ပေ။
"အာ..မင်ဂလာပါခင်ဗျ ဘယ်သူပါလဲ?"

YOU ARE READING
The only one!! (Complete)
RomanceNot translation.Own Creation. Both Unicode and Zawgyi. စိတ်ကူးသပ်သပ်ဖြင့်သာရေးသားထားခြင်းဖြစ်၍ ဗဟုသုတအနည်းငယ်မျှပါမည်မဟုတ်ချေ။