Chapter 44(Part 1)

9.5K 2.3K 58
                                    

《UNICODE》

လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

တတိယမင်းသား-မုထျန်းမင်

ဆဌမမင်းသား- မုထျန်းရှောင်

ကျင်ဝမ့်လက်က ဒဏ်ရာရသွားခဲ့တယ် ။ တော်ဝင်သမားတော်တွေက ကျင်ဝမ်ရဲ့ဒဏ်ရာကိုစစ်ဆေးပေးဖို့အတွက် အမြန်ပြေးလာခဲ့ရတယ် ။ သို့ပေမယ့် ကျင်ဝမ်ကတော့ သူ့ဒဏ်ရာကို ဖုံးကွယ်လိုက်ကာ ဝမ်ရှီကို မျက်လုံးအကြည့်နဲ့ အချက်ပြခဲ့တယ် ။ အဲ့ဒီနောက်မှ ဝမ်ရှီယူလာခဲ့တဲ့ ဖန်ပုလင်းကို လှမ်းကြည့်လိုက်တယ် ။

သူက ဖန်ကွဲစတွေရှသွားခဲ့ရုံပါပဲ ။ ရှောင်ယွီကမှ ဖန်ပုလင်းကိုတွန်းတိုက်ပြီး ခွဲခဲ့တဲ့ပထမဆုံးသူဖြစ်တယ် ။ ဒါကြောင့် ငါးမှာတစ်ခုခုဖြစ်သွားလားဆိုတာကို အရင်စစ်ဆေးဖို့လိုအပ်တယ် ။

ဝမ်ရှီမကျေမနပ်နဲ့ လက်လျော့လိုက်ရရင်း ငါးကိုအရင်စစ်ဆေးပေးဖို့ သမားတော်တစ်ယောက်ကို တောင်းဆိုလိုက်တယ် ။ ကျန်တဲ့သမားတော်တွေအားလုံးကတော့ ကျင်ဝမ့်အနားမှာရှိနေခဲ့တယ် ။ ကျင်ဝမ် ဒါကိုတွေ့ရမှ သူ့ကိုစစ်ဆေးကုသပေးဖို့ သမားတော်တွေကို ခွင့်ပြုလိုက်တော့တယ် ။

ငါးကိုစစ်ဆေးပေးနေတဲ့ သမားတော်က ငါးက ဘာဒဏ်ရာမှမရခဲ့ဘူး ဆိုတာကို လျင်လျင်မြန်မြန်တင်ပြလာခဲ့တယ် ။ ကျင်ဝမ်ခေါင်းညိတ်ပြလိုက်တယ် ။ သို့ပေမယ့် သူ့ကိုယ်ပိုင်ဒဏ်ရာကိုတော့ လွယ်လွယ်ကူကူ မကုသနိုင်ခဲ့ဘူး ။ တော်ဝင်သမားတော်တွေက သူ့အရေပြားထဲမှာ စိုက်ဝင်နေခဲ့တဲ့ ဖန်ကွဲစတွေကို အရင်ဆွဲထုတ်ရမယ် ။ ဒါတစ်ခုတည်းကို လုပ်ရုံနဲ့တင် အချိန်အတော်အတန်ကြာသွားခဲ့ရတယ် ။ အကုန်လုံးကို သေချာကောင်းကောင်း သန့်စင်ပြီးသွားတော့မှ ဒဏ်ရာကိုဆေးကြောပြီးတော့ အနာကျက်လိမ်းဆေးနဲ့ ဖုံးအုပ်ပေးဖို့လိုအပ်တယ် ။ သွေးစွန်းနေတဲ့ ပတ်တီးတွေကိုလည်း အဆက်မပြတ် အသစ်လဲပေးရမယ် ။ ဝမ်ရှီ နှလုံးနာနာနဲ့ ကြည့်နေရတယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now