Chapter 48(Part 1)

9.6K 2.1K 82
                                    

[UNICODE]

လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ဆရာတော်လျောင်ခုန်း- ဂုဏ်သရေရှိ အဆင့်မြင့်ဘုန်းတော်ကြီး၊စောင့်ရှောက်သူဘုရားကျောင်းရဲ့အကြီးအကဲ(ဧကရာဇ်အယုံကြည်ဆုံးဘုန်းကြီး)

လော်ကုန်းကုန်း/လော်ယွေ့စိန်း- ကုန်းကုန်းအစေခံတွေအားလုံးရဲ့အကြီးအကဲ၊ ဧကရာဇ်ရဲ့ဘေးနားစောင့်ကိုယ်ပိုင်အစေခံ

ဂုဏ်သရေရှိ ဆရာတော်လျောင်ခုန်းက နန်းတော်ကိုဝင်ပြီး ဧကရာဇ်နဲ့အတူတွေ့ဆုံ စကားပြောမယ်ဆိုတာကို လီယွီမသိလိုက်ရခင်မှာ သူက လောလောဆယ် ကြွေအိုးရဲ့အစွန်အဖျားကို တွယ်ဖက်ပြီးတော့ ကျင်ဝမ်ကို စိတ်ဆိုးဆိုးနဲ့စိုက်ကြည့်နေခဲ့တယ် ။

ကျင်ဝမ်ရဲ့ဒဏ်ရာက အနည်းငယ်သက်သာရုံလေးပဲ ရှိသေးပေမယ့် သူကတော့ တခြားကျင့်ကြံခြင်းစာအုပ်တစ်အုပ်ကို ဆွဲယူပြီး ငါးရဲ့မျက်နှာရှေ့ တည့်တည့်မှာတင် ဖတ်နေပြီဖြစ်တယ် ။

သူ့ရဲ့သခင်အာဏာရှင်က ဘာတွေဖြစ်နေတွေးနေတာလဲ လီယွီမသိခဲ့ဘူး ။ နန်းတော်အရှုပ်အထွေးဝတ္ထုတစ်ပုဒ်ရဲ့ ဒီအထင်ကြီးလောက်တဲ့ ဇာတ်လိုက်က ကျင့်ကြံခြင်းကို အရမ်းစိတ်ဝင်စားနေတဲ့အပြင် စာအုပ်တွေကိုတောင် လေးလေးနက်နက်နဲ့ဖတ်နေသေးတယ်တဲ့ ။ လီယွီနှလုံးသားထဲကနေ အန္တရာယ်ကိုခံစားမိနေတဲ့ စိတ်တွေက မြင့်တက်လာတော့တယ် ။ သူသာ တစ်စက္ကန့်လောက်သတိမမူဘဲနေလိုက်ရင် ကျင်ဝမ်က ထာဝရရှင်သန်သူ တစ်ယောက်ဖြစ်အောင် ကျင့်ကြံတော့မယ့်အတိုင်း ခံစားနေရတယ် ။

ဘာပဲဖြစ်ဖြစ် ပြဿနာတိုင်းမှာ အဖြေတစ်ခုကတော့ ရှိကြတာပဲ ။ ဒါက သူ ကျင်ဝမ်ကျင့်ကြံနေတာကို နှောက်ယှက်တဲ့ပထမဆုံးအကြိမ်တောင် မဟုတ်တော့ဘူး ။ အစတုန်းကတော့ သူအရင်ကလုပ်ခဲ့သလိုမျိုး ပြန်လုပ်ပြီးတော့ ကျင်ဝမ့်စာအုပ်စိုသွားအောင် လုပ်ချင်ခဲ့တယ် ။ သူ ဒီလိုစာအုပ်တွေ အတော်များများကို စိုအောင်လုပ်ခဲ့ဖူးတယ် ။ ဒီအတွက်ကြောင့် ကျင်ဝမ်က သူ့ကို ဘယ်တုန်းကမှအပြစ်မတင်ခဲ့သလို ဆူလည်းမဆူခဲ့ဖူးဘူး ။ ဒါကြောင့် လီယွီလည်း အမြဲတမ်းရဲတင်းနေပြီး စိတ်ချလက်ချနေနေခဲ့တယ် ။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျင်ဝမ်ရဲ့ ပတ်တီးစည်းထားတဲ့လက်ကိုမြင်ပြီး သူအနည်းငယ်တွန့်ဆုတ်နေခဲ့တယ် ။ ငါးက တိုက်ရိုက်ခုန်ချလိုက်လို့ ကျင်ဝမ်ရဲ့ဒဏ်ရာကိုပါ မတော်တဆရေစိုသွားအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ ?

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWhere stories live. Discover now