Chapter 19:ငါးပျောက်သွားပြီ

10.9K 2K 204
                                    

《UNICODE》

Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ဒုတိယမင်းသား-မုထျန်းကျောင်/ကွေ့ဖေးရဲ့သားတော်

တတိယမင်းသား-မုထျန်းမင်

ဒုတိယမင်းသားက ငါးတစ်ကောင်အကြောင်းကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့ဖူးတာ မဟုတ်ပေမယ့် အခုသူ့အရှေ့က ငါးကိုတော့ သတိကြီးကြီးထား ကြည့်နေတယ် ။ ဒီငါးကြောင့်သူ့မှာ ရှုံးနိမ့်မှုတွေကို ခံစားလိုက်ရတယ် ။ သေနေတယ် လို့ထင်ရတဲ့ ဒီငါးပုံစံကတကယ်တော့ နောက်ထပ်လှည့်ကွက် တစ်ခုဖြစ်နေအုံးမယ် ဆိုတာကျိန်းသေသလောက်ရှိတယ် ။

ချိုရှီကို ဧကရာဇ်က နန်းဆောင်ကနေ ထွက်ခွင့်ပိတ်လိုက်ပြီးတဲ့နောက်မှာ သူမကဒီငါးက ကျင်ဝမ်ရဲ့လျို့ဝှက်ကြံစည်မှု ဆိုပြီးအသံပြာပြာနဲ့ ညည်းညူပြောကြားခဲ့တယ် ။ ဒုတိယမင်းသားကလည်း ဒီလိုပဲသံသယဝင်မိတယ် ။ ဒါပေမယ့် ဧကရာဇ်ရဲ့နှလုံးသားထဲက သူ့နာမည်ကို မပျက်စီးစေချင်တာကြောင့်ရယ် သူ့အိမ်ရှေ့မင်းသားနေရာကို အထိခိုက်မခံနိုင်လို့ရယ် ဒါတွေကြောင့် သူကျင်ဝမ်နဲ့ပတ်သက်တယ်လို့ မပြောခဲ့ဘူး ၊ဧကရာဇ်ရှေ့လည်း ကျင်ဝမ်ကို ဆိုးရွားတဲ့အရာ ဘာမှမလုပ်နိုင်ခဲ့ဘူး ။

ကျင်ဝမ်ရဲ့ ထူးခြားနေတဲ့ဘွဲ့ကိုက ဧကရာဇ်က တခြားမင်းသားတွေကို ပေးတဲ့စမ်းသပ်မှုတစ်ခုလိုပဲ ဖြစ်နေတယ် ။ ဧကရာဇ်ကို သူက စေသနာသဒ္ဒါတရားအပြည့်ရှိပြီး သူ့ညီတော်တွေကို ကြင်ကြင်နာနာဆက်ဆံတက်တဲ့ သူတစ်ယောက်အဖြစ် မြင်အောင်လုပ်ရမယ် ။ အထူးသဖြင့် ကျင်ဝမ်လို သူ့ထက်ပိုအဆင့်အတန်းမြင့်တဲ့သူအပေါ်မှာဆိုရင် ပိုပြီးတော့ပေါ့ ၊ ဒါကြောင့်လည်း ချိုရှီကို အမြင်မှားခဲ့တယ်လို့ပြောခဲ့တာ ၊ သူ့အပြစ်လည်းမကင်းဘူးဆိုတာ သူဝန်ခံပါတယ် ။

ချိုရှီရဲ့အမှားကနေ ဘာကိုသိရလဲဆိုရင် ငါးကဘယ်လိုပဲဖြစ်ဖြစ် သူမလှုပ်ရှားသင့်ဘူး အနားမကပ်သင့်ဘူးဆိုတာပဲ ၊ ဒါမှဘာမှမပြောင်းလဲအောင်လို့ ။ အခုသူဒီကို ဝမ်ရှီနဲ့အတူလာတာဆိုတော့ ဝမ်ရှီမသိသရွေ့ ကျင်ဝမ်သူ့ကို ဘာမှစွပ်စွဲလို့မရဘူး ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationDonde viven las historias. Descúbrelo ahora