Chapter 38(Part 1)

9.9K 2.1K 68
                                    

《UNICODE》
လီယွီ- ငါးကြင်းလေး

မုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဂုဏ်ပုဒ်နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ချိုရှီ/ချိုဖင်- ဧကရာဇ်၏​တော်​ဝင်ကိုယ်လုပ်တော်မိဖုရားငယ်(အရင်ကွေ့ဖေးဟောင်း၊ယခု နှစ်ဆင့်နိမ့်ကျသွား၍"ဖင်"ဖြစ်သွား)

ကျင်ဝမ် ငါးကိုသယ်ပြီး အရန်ဘေးခန်းမထဲက စောင့်ဆိုင်းနားနေတဲ့အခန်းထဲကို ဝင်သွားလိုက်တယ် ။ ကျင်ဝမ်ငါးကို စမွေးတဲ့အချိန်ကစပြီး ဝမ်ရှီအမြဲတမ်း ကျင်ဝမ်ရဲ့ အဝတ်အစားတချို့ကို သူနဲ့အတူသယ်ဆောင်လာပေးလေ့ရှိတယ် ။ ဒီတစ်ကြိမ်လည်း ဝမ်ရှီ အဝတ်တွေကို ထုတ်လိုက်ကာ သူ့သခင်နောက်လိုက်ပြီး အခန်းထဲဝင်ဖို့ပြင်လိုက်တယ် ။ သို့ပေမယ့် ကျင်ဝမ်က သူ့လက်ထဲက အဝတ်တွေကိုပဲ လက်ခံယူလိုက်ပြီး အနားကိုတစ်ယောက်မှ မကပ်စေနဲ့ဆိုကာ ဝမ်ရှီကို အပြင်ဘက်မှာ စောင့်ကြပ်နေဖို့ အမိန့်ပေးတယ် ။

ဝမ်ရှီ : " ........ "

တကယ်တော့ ကျင်အိမ်တော်မှာ ဖန်ပုလင်းက ဒီတစ်ခုတည်းရှိတာမဟုတ်ဘူး ။ ပိုပိုလိုလိုအနေနဲ့ဆိုပြီး တစ်ခုထက်ပိုပြင်ဆင်ထားတဲ့ ပုံစံတူဖန်ပုလင်းလေးတွေ အများကြီးရှိတယ် ။ ကျင်ဝမ် ငါးကြင်းလေးကို ရေထည့်ထားတဲ့ ဖန်ပုလင်းနောက်တစ်လုံးထဲ အမြန်ထည့်လိုက်ပြီး ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တယ် ။

ကံကောင်းထောက်မစွာနဲ့ ဒီအရန်ခန်းမထဲက စောင့်ဆိုင်းအခန်းထဲမှာ သူနဲ့ရှောင်ယွီပဲ ရှိနေတယ် ။ ဒါကြောင့် ဘယ်အပြင်လူကမှ သူတို့ကိုလာမနှောက်ယှက်နိုင်ဘူး ။

သူပထမဆုံးအကြိမ် ငါးကိုဧကရာဇ်နဲ့တွေ့ဖို့ ခေါ်လာတုန်းကလည်း ငါးကသူ့ကိုစိုရွဲနေအောင် လုပ်ခဲ့လို့ အဝတ်အစားပြန်လဲခဲ့ရတယ်။ နောက်ပိုင်း သူလဲပြီးလို့ ပြန်ထွက်လာတဲ့အခါ ချိုရှီတို့သားအမိက ကမောက်ကမအခြေအနေကို ရောက်နေခဲ့တာကို သူမှတ်မိနေသေးတယ် ။ အဲ့အချိန်ကတော့ ဒါကတိုက်ဆိုင်မှုတစ်ခုလို့ သူထင်ခဲ့တယ် ။ သို့ပေမယ့် နောက်ပိုင်း ရှောင်ယွီက ငါးကြင်းမိစ္ဆာဆိုတာကို သိသွားတဲ့အခါ သူအဲ့တုန်းက အကြောင်းတွေကို ပြန်တွေးမိတော့ ဒါက ရှောင်ယွီရည်ရွယ်ချက်ရှိရှိနဲ့ သူ့ကိုအဝေးကိုပို့ပြီး ချိုရှီတို့သားအမိကို အပြစ်အနည်းငယ်ပေးချင်လို့ လုပ်တာအဖြစ်နိုင်ဆုံးပဲလို့ ခံစားမိတယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationDonde viven las historias. Descúbrelo ahora