Chapter 2 :ကြောင်ပါးစပ်ထဲကငါး

15.4K 2.4K 62
                                    

《UNICODE》
Li Yu- ငါးကြင်းလေး (MC)

ကျင်ဝမ်- တော်ဝင်မင်းသား ဘုရင်ဘွဲ့ပေးအပ်ထားခံရသူ(ဧကရာဇ်ကနယ်မြေအားလုံးကိုအစိုးရပြီးသူ့သားတော်တွေကို ဘုရင်ဘွဲ့ပေးအပ်ပြီး နယ်မြေတစ်စိတ်တစ်ဒေသအုပ်ချုပ်ခိုင်းတာ)

ကွေ့ဖေးမယ်မယ်- ဧကရာဇ်ရဲ့တော်ဝင်ကိုယ်လုပ်တော်မိဘုရား *အရှေ့ပိုင်းမှာဘုရင့်ကိုယ်လုပ်တော်မဟုတ်ပါဘူးနော်မှားသွားလို့ပြန်ပြင်ထားပါတယ်

ဝမ်ရှီ-ကျင်ဝမ်ရဲ့အစေခံ

Li Yuတစ်ယောက်အရမ်းပျော်သွားတယ် ၊ လတ်စသတ်တော့ သခင်ကြောင်ကိုမကြောက်တဲ့သူရှိသေးတာပဲ ။

ကြောင်တစ်ကောင်ရဲ့ IQကနှစ်နှစ်သားကလေးအရွယ်လို့ဆိုရင် ဒီကြောင်ဖြူကဆိုးသွမ်းအလိုလိုက်ခံနေရတဲ့ ကလေးမျိုးလိုပဲ မွေးကတည်းငွေဇွန်းကိုက်ပြီး လိုချင်တာတွေရချင်တာတွေရတယ် ၊ဘယ်သူကမှလည်း သူ့ကိုမတားရဲဘူး ။ ဒီတစ်ကြိမ် သူ့ပါးစပ်ထဲမှာငါးကို ချီပြီးလာတာကို တစ်ယောက်ယောက်ကသူ့လမ်းမှာ လာပိတ်ရဲတယ် ။ ကြောင်ဖြူဒေါသထွက်ထွက်နဲ့ အသံအောကြီးနဲ့ အော်ပြီးနေရာမှာနှစ်ကြိမ်လောက် ပတ်သွားနေတယ် ၊ သူ့ကိုဂရုမစိုက်တဲ့ဒီလူသားကိုလည်း ပညာကောင်းကောင်းပြမယ်ဆိုပြီး ငါးကိုဆက်ကိုက်ထားရင်း လူငယ်လေးရဲ့ခြေထောက်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်တယ် ။

......ဘုန်းးးး

ကြောင်ဖြူကြီးတိုက်တဲ့ အရှိန်ကပြင်းလွန်းလို့ သူ့ပါးစပ်ထဲရောက်နေတဲ့ Li Yu လည်းကြောင်ဖြူရဲ့ကိုယ်တစ်ခုလုံး တင်းကြပ်သွားပြီး သူအားဘယ်လောက်များများထုတ်သုံးလိုက်တာလဲဆိုတာ ခံစားမိတယ် ။

သို့ပေမယ့် အတိုက်ခံရတဲ့လူငယ်လေး ကတော့နည်းနည်းတောင် မလှုပ်ဘူး ။

ကြောင်ဖြူက "မြောင်" လို့အော်လိုက်ပေမယ့် လူငယ်လေးရဲ့တောင့်တင်းနေတဲ့ ခြေထောက်ကိုပဲ တိုက်မိပြီး အောက်ပြုတ်ကျသွားတယ် ။ ဒီလိုမျိုးပြုတ်ကျသွားမယ် မထင်ခဲ့တာကြောင့် ကြောင်ဖြူကိုက်ထားတဲ့ ပါးစပ်အားလျော့ကျသွားတယ် ၊ Li Yu ဝမ်းသာအားရနဲ့ အခွင့်ကောင်းယူပြီး ကြောင်ပါးစပ်ထဲက ကိုယ်ကိုလိမ့်ချလိုက်ရင်း ကြမ်းပြင်ပေါ် အလျင်အမြန်ကျသွားတယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationWo Geschichten leben. Entdecke jetzt