Chapter 33(Part 2)

11.2K 2.3K 386
                                    

《UNICODE》
Li Yuလီယွီ- ငါးကြင်းလေး

Mu Tian Chiမုထျန်းချီ /ကျင်ဝမ်- MLရဲ့နာမည်ရင်း/ဘုရင်ဘွဲ့နဲ့ခေါ်တဲ့နာမည်( ကျင်=ဘုရင်ဘွဲ့နာမည် ၊ ဝမ်=ဘုရင် King)

ဝမ်ရှီ/ဝမ်ကုန်းကုန်း- ကျင်ဝမ်ရဲ့အ​စေခံ

ယဲ့ချင်းဟွမ်-ချန်အန်းအိမ်​တော်ရဲ့ဆက်ခံသူသခင်​လေး/ကျင်ဝမ်ရဲ့ဝမ်းကွဲညီရင်း

လော်ကုန်းကုန်း/လော်ယွေ့စိန်း- ကုန်းကုန်းအစေခံတွေအားလုံးရဲ့အကြီးအကဲ၊ ဧကရာဇ်ရဲ့ဘေးနားစောင့်ကိုယ်ပိုင်အစေခံ

​ချိုရှီ/​ကွေ့​ဖေး- ဧကရာဇ်၏​တော်​ဝင်ကိုယ်လုပ်​တော်မိဖုရားကြီး

ဒုတိယမင်းသား-မုထျန်းကျောင်/ကွေ့ဖေးရဲ့သားတော်

တတိယမင်းသား-မုထျန်းမင်

ကျင်ဝမ်က ငါးကန်အသစ်ကို မြန်နိုင်သမျှမြန်မြန်ပြီးအောင် အစေခံတွေကို လုပ်ခိုင်းပေမယ့်လည်း ဘယ်လောက်ပဲ အရေးတကြီးမြန်မြန်လုပ်ခိုင်းနေပါစေ တည်ဆောက်ပြီးစီးဖို့အတွက် ရက်အနည်းငယ်တော့ အချိန်ယူရသေးတယ် ။ အဲ့တော့ ကျင်ဝမ် ရှောင်ယွီကို ယာယီအနေနဲ့ သလင်းကျောက်ငါးကန်ထဲပဲ ပြန်ထည့်ထားရတယ် ။ ဒီရက်တွေအတွင်း စားစရာတွေက အကောင်းတကာ့ အကောင်းဆုံးတွေဆိုပေမယ့် လီယွီကတော့ အကြေးခွံတွေ ကျွတ်ဆဲကျွတ်မြဲ ဖြစ်နေခဲ့တယ် ။ သူသိပ်ပြီးတော့တောင် မလှုပ်ရှားရဲဘူး ။

သူမလှုပ်ရှားရင် ဘယ်လိုလုပ်တာဝန်တွေ လုပ်လို့ရမှာလဲ ? လီယွီတာဝန်နဲ့ ပတ်သက်ပြီး စိုးရိမ်လာမိတယ် ။

သူတကယ်ကို အခွံကျွတ်ငါးတစ်ကောင် ဖြစ်လာတော့မယ်လို့ ငါးကြင်းလေးတွေးနေစဉ်မှာပဲ ချန်ချင်းနန်းဆောင်ကနေ တော်ဝင်အမိန့်စာတွေ အစီလိုက်ရောက်လာတော့တယ် ။ ဧကရာဇ်က ဒုတိယမင်းသားရဲ့ တရားဝင်ဂုဏ်ထူးဂုဏ်ပုဒ်တွေ အားလုံးကို ပယ်ဖျက်ချလိုက်ပြီး သူ့ကို အန်းအရာရှိဆိုတဲ့ ခေါင်းစဉ်ကို ချီးမြှင့်ခဲ့တယ် ။ အန်းအရာရှိက နောက်ထပ်သီးသန့် အိမ်တော်တစ်ခုတောင် ချီးမြှင့်ခြင်းမခံရဘဲ အရင်က အကျယ်ချုပ်ချခံရတဲ့ ဒုတိယမင်းသားအိမ်တော်ဟောင်းမှာပဲ ဆက်လက်နေထိုင်နေရတယ် ။ ချိုကွေ့ဖေးကလည်း အဆင့်အတန်းလျော့ကျသွားခဲ့တယ် ။ အရင်တုန်းက အကျယ်ချုပ်ချခံရတဲ့ ပြစ်မှုကို ခုထိမပယ်ရှားသေးခဲ့တဲ့အတွက် သူမကဆက်လက်ပြီး ဒီအပြစ်ကိုခံနေရကာ အပြင်ကိုခြေတစ်လှမ်းမထွက်နိုင်ခဲ့ဘူး ။ ဧကရာဇ်က ပြစ်ဒဏ်တွေပေးသလို ဆုလာဘ်တွေလည်း ချီးမြှင့်တော်မူတယ် ။ ချန်အန်းအိမ်တော်ဘက်မှာတော့ အိမ်တော်သခင်ကြီးကို မြို့စားကြီးအဖြစ် အဆင့်တစ်ဆင့်တိုးမြှင့်ပေးခဲ့ကာ ယဲ့ချင်းယွမ်ရဲ့ မှုးမတ်ရာထူးကိုလည်း အဆင့်တိုးပေးခဲ့တယ် ။ ဧကရာဇ်က ချန်အန်းအိမ်တော်နဲ့ ကျင်းကျွယ်ဘုရင်ကို မင်္ဂလာအခမ်းအနားကျင်းပဖို့ ရက်စွဲကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အာဏာပေးခဲ့ပြီး တော်ဝင်မြို့တော်မှာ ကျင်းကျွယ်မင်းသမီးအတွက် မင်းသမီးအိမ်တော်တစ်ခု ဆောက်လုပ်ပေးခဲ့တယ် ။

အာဏာရှင်ဆိုးကြီးနှင့်သူ၏အချစ်​တော်ငါး​​လေး[U+Z]MM TranslationOù les histoires vivent. Découvrez maintenant