Chapter 4 (Z)
6.6K 309 2
အခန်း ၄။ ငါ​သေဆုံးခဲ့ပြီ။
လင်​ကျန်းရီ အယ်​ထရာ​ဆောင်းကရတဲ့အ​ဖြေကို မ​ကျေနပ်​​သေးဘူး။ ဒါ​ကြောင့်​ သူစုကျစ်​​​ယန်​ကို ​သွေးစစ်​ဖို့အတွက်​ဆွဲ​ခေါ်သွားပြန်​သည်​။
အ​ဖြေထွက်​လာတဲ့အခါမှာ​တော့ သူ 'ကိုယ်​၀န်​၁၃ပတ်​'ဆိုတဲ့ ​ဆေးစစ်​ချက်​ကို ကြည့်​ပြီး အိမ်​မက်​မဟုတ်​တာ​သေချာဖို့ လက်​ကိုခပ်​နာနာဆိတ်​ဆွဲလိုက်​သည်​။
နာကျင်​မှုကို ခံစားလိုက်​ရ​တာ​ကြောင့်​ သူသက်​ပြင်းကိုသာ ချလိုက်​​တော့၏။ ပြီးတဲ့​နောက်​ ​ဒေါက်​တာက စုကျစ်​​​ယန်​ကို 'သူဟာ ထူးခြားတဲ့ခန္ဓာကိုယ်​ ဖွဲ့စည်းတည်​​ဆောက်​ပုံရှိသူ' ဆိုတဲ့ အ​သေးစိတ်​အချက်​အလက်​ပါတဲ့ စစ်​​ဆေးချက်​ရလဒ်​​တွေကို​ပေးလိုက်​သည်​။
စုကျစ်​​ယန်​ဟာ အလိုရှိရင်​ သ​န္ဓေ​ယူနိုင်​တဲ့ အခွင့်​အ​ရေးရှိသည်​။ ဒါ​ပေမယ့်​ အဆုံးသတ်​ကိုစဉ်းစားကြည့်​မယ်​ဆို သူက​ယောက်ျား​လေးတစ်​​ယောက်​ဖြစ်​တဲ့အပြင်​ လက်​မထပ်​ဘဲ က​လေးရှိ​နေခဲ့တာကို ပတ်​၀န်းကျင်​ကို ဘယ်လို​လိမ်​ညာရမလဲစဉ်းစားရင်း​​ ​ကြောက်​​နေမိသည်​။
လင်​ကျန်းရီ ​ဒေါက်​တာရဲ့စကားကို စဉ်းစား​နေသည်​။ ​ဆေးစစ်ချက် ရ​​လဒ်​​တွေကို ခပ်​​ဝေး​ဝေးကိုပို့ပစ်​ပြီး သူ့​ဘေးက ကုလားထိုင်​မှာ အိပ်​​ပျော်​​နေတဲ့ စုကျစ်​​​ယန်​ကို ကြည့်​လိုက်​၏။လင်​ကျန်းရီ သူ့ကိုနှိုးပြီး ဒီက​နေထွက်​သွားချင်​ပြီ။ဒါ​ကြောင့်​ စုကျစ်​​​ယန်​ရဲ့ ​ခြေ​ထောက်​ကို ကန်​ပြီးနှိုးလိုက်​သည်​။
"​ဟေ့ ထ​တော့!.."
လင်​ကျန်းရီ​ကြောင့်​ စုကျစ်​​​ယန်​နိုးလာသည်​။ သူ့ပါးစပ်​နားတ၀ိုက်​ကို စမ်းသပ်​ပြီး သွားရည်​​တွေကိုလက်​နှင့်​ပွတ်​သုတ်​လိုက်​သည်​။ ​ခေါင်း​ထောင်​ပြီးလင်​ကျန်းရီကို ကြည့်​ကာ​ပလုံးပ​ထွေး​မေးလိုက်​သည်​။
"Result ထွက်​လာပြီလား"
"အင်း.."
လင်​ကျန်းရီ ​ခေါင်းတချက်​ငြိမ့်​ရင်း စုကျစ်​​​ယန်​ရဲ့ ​ချော​မောခန့်​ညားတဲ့မျက်​နှာ​လေးကို ငုံ့ကြည့်​လိုက်​သည်​။ စုကျစ်​ယန်​ရဲ့​နှုတ်​ခမ်း​တွေကို ကြည့်​မိတဲ့အချိန်​မှာ တံ​တွေးကိုခဏခဏမြိုချမိ​နေပြီးပြီ။ ​နောက်​ဆုံးမှာ လင်​ကျန်းရီ​ပြောလိုက်​သည်​။