Chapter 14 (U+Z)
11.2K 1.2K 14
(Unicode)
အခန်း ၁၄။ အိမ်ငှားတင်မယ်?? အကြံကောင်းပဲ။
စုကျစ်ယန် အလုပ်လုပ်သည့်ကုမ္ပဏီမှာလည်း ပေါ့သေးသေးတော့မဟုတ်ပါချေ။ ထိပ်တန်းစာရင်း၀င် Mediaကုမ္ပဏီတစ်ခုဖြစ်ပြီး သူကတော့ Photographer ခေါင်းဆောင်တစ်ဦးဖြစ်၏။
ပထမမှာတော့ ထိုအလုပ်ကို အသက်မွေး၀မ်းကျောင်းမှုအနေဖြင့် စတင်ခဲ့တာမဟုတ်ပေမယ့် ထိုအရာအပေါ်မှာ တစ်ဖြည်းဖြည်း စိတ်၀င်စားလာခဲ့ခြင်းဖြစ်သည်။
စုကျစ်ယန်မှာ မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည်။ အရင်ဘ၀မှာ သူမသေဆုံးခင်အချိန်လေးအထိ နားလည်လိုက်သည့်အရာတစ်ခုမှာကား သူဟာထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသူတစ်ဦးဖြစ်နေခြင်းကြောင့် သူ့မိဘတွေကသူ့ကိုမလိုချင်၍ စွန့်ပစ်လိုက်ခြင်းပေလားဟူ၍။ စုကျစ်ယန်အနေဖြင့် သူ၏ဘ၀ပေးအခြေအနေကြောင့် ပညာရေးပိုင်းဆိုင်ရာမှာ မြင့်မားမှုမရှိချေ။
မိဘမဲ့ဂေဟာက သူ့ကိုအထက်တန်းအောင်မြင်သည်အထိ ထောက်ပံ့ပေးခဲ့၏။ ထို့နောက်မှာကား သူသည်ကောလိပ်ကို ဆက်မတက်နိုင်ခဲ့ချေ။ ကျောင်းတက်နေစဉ်မှာလည်း အလုပ်လုပ်ခဲ့သလို အခြားအလုပ်ပေါင်းများစွာကိုလည်း တစ်ချိန်တည်းမှာပင်လုပ်ခဲ့သည်။
(အချိန်ပိုင်းအလုပ်တွေပြောတာထင်ပါတယ် သူက part timeလို့ ရေးမထားလို့)
၂၁ရာစုမှာ တွေ့ရခဲသည့် လူတော်လူကောင်းလေးတစ်ဦးပမာ စုကျစ်ယန် သူ၏စာလေ့လာခြင်းကို လုံးလုံးကြီးမစွန့်လွှတ်ခဲ့ပါချေ။ သူကိုယ်တိုင် စာလေ့လာပြီးနောက် ကောလိပ်ကနေဘွဲ့ရရှိခဲ့သည်။ ဘွဲ့လက်မှတ်ကို ဒီနှစ်ကုန်မှာ သူလက်ခံရရှိမည်ဖြစ်၏။
သို့ပေမယ့် ဓာတ်ပုံပညာကို သူစိတ်၀င်စားလာသည်နှင့်အမျှ သူစုဆောင်းထားသမျှကို ထိုအရာပေါ်ပုံအပ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူအောင်မြင်ခဲ့ပါသည်။ ယခုအချိန်မှာတော့ သူ့ဆန္ဒတွေပြည့်၀ကာ ထိုကုမ္ပဏီ၏ chief photographerဖြစ်ခဲ့ချေပြီ။
သူ့အလုပ်ဟာ တည်ငြိမ်ပြီး လစာကလည်းသူ့အတွက်လုံလောက်သလို ထိုအလုပ်ကိုလုပ်ရတာ စိတ်အပန်းလည်းပြေသည်။