Chapter 50 (U+Z)
6.8K 865 25
(Unicode)
အခန်း ၅၀။ ဆာလောင်နေသောမြေခွေးကြီး၏ အမူအရာ။
ထိုဝါကျနှင့်အတူ စုကျစ်ယန်ဟာ ကျယ်လောင်စွာ အော်ဟစ်လုနီးပါးပင်။
လင်ကျန်းရီကပထမ တုန့်ဆိုင်းသွားပေမယ့် နောက်ပိုင်းမှာတော့ ပို၍ပင်ရယ်မောလာသည်။ သူကစုကျစ်ယန်ကို ကူညီဖို့ရာသွားလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ် ကြီးကျယ်ခမ်းနားတဲ့အလုပ်ကြီးပေါ့လေ မင်းဆီကအနံ့ထွက်လာရင်လည်း ကိုယ်စိတ်ထဲမထားပါဘူး"
"ခင်ဗျားကစိတ်ရှုပ်စရာကောင်းလွန်းလို့ ဒီဖေဖေရွံလာပြီနော်"
စုကျစ်ယန်က သူ့လက်ကိုခါယမ်းလိုက်ရင်း သွားကိုတင်းတင်းစေ့ကာ သွားကြားထဲကထွက်သည့်လေသံဖြင့် ပြောလိုက်သည်။
"ထွက်မသွားဘူးလား ထွက်မသွားဘူးဆိုရင် ဒီအိမ်ကနေပါ တစ်ခါတည်းရွေ့လိုက်တော့"
လင်ကျန်းရီ ချက်ချင်းကြီး ညှိုးနွမ်းသွားလေပြီ။ ဒီစကားက အလွန်အမင်း ဖျက်လိုဖျက်ဆီးဆန်သည်ကိုး။
သူ့ရဲ့ဆံပင်မွှေးလေးတွေပါ ထောင်သည်အထိ ပေါက်ကွဲနေပြီဖြစ်တဲ့ စုကျစ်ယန်ကို နောက်ပြောင်ဖို့ နောက်ထပ်ဘာကိုမှ သူမလုပ်ရဲတော့ပေ။
တစ်ကိုယ်လုံး ဆပ်ပြာမြုှပ်တွေပေနေသည့်အတိုင်းပင် ရေချိုးခန်းထဲကနေ ထွက်လာလိုက်သည်။
"ကောင်းပြီ မင်းအရင်ဆုံးကိစ္စရှင်းလိုက်ချည်"
"....."
ထိုသူဟာ ဘယ်လိုတောင်မှ ကိုယ်တီးလုံးအတိုင်းထွက်လာခဲ့သည်ဆိုတာ မြင်လိုက်သည်နှင့် စုကျစ်ယန်၏အမူအရာက ပြောင်းလဲသွားသည်။
လင်ကျန်းရီကတော့ ဘာမှမသိနားမလည်ဟန်ဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း နောက်ပြန်လှည့်ကြည့်သည်။
"ဆပ်ပြာမြုှပ်တွေ အရင်ဆေးချဦးလေ... မြန်မြန်လုပ်"
စုကျစ်ယန်က သူ့ခေါင်းကိုနောက်ပြန်မလှည့်ဘဲ တိုက်တွန်းသည်။
"မလိုပါဘူးကွာ... မင်းသာအရင်သွားလိုက်ပါ"
လင်ကျန်းရီတစ်ယောက် ဣနြေ္ဒရရပင်။