အခန်း ၁၁၈/၁။ ဒါကြောင့်... အများကြီးချစ်​နေရတာ။
1.1K 81 4
အခန်း ၁၁၈/၁။ ဒါကြောင့်... အများကြီးချစ်​နေရတာ။
ခြံဝင်းထဲသို့ ကား​မောင်းဝင်လာပြီးမကြာမီ စုကျစ်​ယန်​ဆီသို့ လင်​ကျန်းရီဆီက ဖုန်းဝင်လာသည်​။ ချင့်​ချိန်​စဉ်းစားပြီး​နောက်​ ဘရိတ်ကို နင်းကာ ကားကိုရပ်ဖို့ ဆုံးဖြတ်လိုက်သည်​။ စုကျစ်​ယန်​သည်​ ထိုင်ခုံ​နောက်​ကို မှီလိုက်ပြီး ဖုန်းကို အေးအေးဆေးဆေး ကိုင်​လိုက်သည်​။
"ဟယ်လို... ဇနီး​လေး… အိမ်ပြန်ရောက်ပြီလား"
စုကျစ်​ယန်​သည် လင်​ကျန်းရီထံမှ နူးညံ့သိမ်မွေ့​သော စုံစမ်းမေးမြန်းမှုကို ကြားလိုက်သည်နှင့် တပြိုင်နက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။
"ကျွန်​​တော်​အခုမှရောက်တာ။ ခင်​ဗျားအချိန်ကို ခန့်မှန်းတာ အရမ်း​တော်​တယ်​"
"ဒါပဲ​လေ"
လင်​ကျန်းရီသည် အာဏာရှင်​ဇနီး​လေး၏ ချီးမွမ်းမှုကို ဝမ်းမြောက်စွာ လက်ခံသည်။
စုကျစ်​ယန်​သည်​ ကားတံခါးကိုဖွင့်ပြီး ကားထဲက ထွက်လိုက်​သည်။ လည်ပင်းကို အ​ညောင်း​ပြေ​အောင်​ ချိုးလိုက်ပြီး ဖုန်းကို ပခုံးနှင့်​ ​ခေါင်းကြားတွင်​ ညှပ်​ထားလိုက်သည်​။
ထို့နောက် စာအုပ်များကို ကောက်ကိုင်ကာ တံခါးကိုပိတ်ပြီး စာအုပ်အားလုံးကို လက်တစ်ဖက်တည်း ကိုင်ဆောင်ကာ ​ရွှေ့သွားလိုက်​သည်။
သူ့ကျန်​လက်တစ်ဖက်က ဖုန်းကိုကိုင်လိုက်ပြီး အိမ်ထဲသို့ လျှောက်သွားရင်း လင်​ကျန်းရီကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကျွန်​​တော်​ အခုဘယ်ရောက်နေလဲ မှန်းကြည့်​​လေ"
"ဟမ်... မင်း... အိမ်ကို အခုမှရောက်တာလို့ ပြောပြီး ကားတံခါးကို ပိတ်လိုက်သံကြားတယ်... မင်း ကားဂိုဒေါင်ထဲမှာ ရှိရမယ်"
လင်​ကျန်းရီ ယုံကြည်​ပိုင်​နိုင်​စွာ ​ပြောလိုက်​သည်​။
"ဇနီး​လေး... ကိုယ်​မှန်တယ်မဟုတ်လား"
စုကျစ်​ယန်​က ဘ၀င်​ခိုက်​​နေဟန်​ဖြင့်​ ငြင်းသည်​။