0

2.5K 178 10
                                    

Unicode

၁၅၂၃ ခုနှစ် ဗြိတိန်နိုင်ငံ၊ ပိုပဲရိုးကျေးရွာငယ်လေး၏ တောအုပ်ငယ်၌ ဖြစ်ပျက်ခဲ့သည်...။

လမ်းတစ်လျှောက် ဦးတည်ရာမရှိပြေးနေသည့် အမျိုးသမီးတစ်ဦး။
မိမိနို်င်ငံ တိုက်ခိုက်ခံရချိန် ချစ်ရသူကိုပြစ်ကာ နောက်ထပ်ချစ်ရသူအတွက် မတက်သာလို့ အပြေးနှင်နေရသည်။

"လိုက်ကြ! လွတ်လို့ မဖြစ်ဘူး။"

မိမိနောက်တွင် မီးတုတ်မ​ျားကိုင်ကာ ပြေးလိုက်လာလေသော စစ်သားတို့ကိုလည်း ဂရုမပြုဘဲ မိမိလွတ်မြောက်ရေးအတွက် အပြေးလေးနှင်လာခဲ့သည်။

ခပ်လှမ်းလှမ်းသို့ရောက်သည်နှင့် အမျိုးသမီးသည် အနီးရှိ ​ချုံပုတ်ထဲသို့ တိုးဝင်ကာ စစ်သားတို့ရန်ကို ကြောက်၍ ပုန်းခိုနေလိုက်သည်။

"အူဝဲ....."

ရင်ထက်ဝယ် အနှီးဖြင့် ထွေးပိုက်ထားသော သားငယ်လေးက အော်ငိုလေသည်မို့ မိခင်ခမျာ ကလေးငယ်အား တိတ်စေရန် အလျင်အမြန်ပင် ချော့ရသေးသည်။

မျက်ရည်များကြည်လဲ့နေသည့် မိခင်ရဲ့မျက်ဝန်းကိုကြည့်ကာ ကလေးငယ်သည်လည်း ထူးဆန်းနေမိသည်။ သို့ပေမယ့် မိခင်က ချိုသာစွာပြုံးပြသည့်နောက် ကလေးငယ်ကပါ သွားဖုံးရဲရဲလေးတွေပေါ်သည်အထိ မိခင်အား ပြုံးပြသည်မို့ အမေဖြစ်သူခမျာ ငိုရခက်၊ ရယ်ရခက်။

"မေမေပျော်ပေမယ့် အချိန်ကောင်းတော့ ဟုတ်မနေဘူးသားငယ်ရယ်။"

ကလေးငယ်သည် မိခင်စကားကို နားလည်သည့်အလား ချစ်စဖွယ်အပြုံးတွေကို ရပ်တန့်ပြစ်လိုက်သည်။

"ရှာကြ! အဲ့မိန်းမလွတ်သွားလို့ မဖြစ်ဘူး။"

အသံစူးစူးရဲရဲကြီးတွေကို ကြားသည်နှင့် အမျိုးသမီးကြီးက သားငယ်အား တင်းကြပ်စွာ ထွေးပွေ့ထားလိုက်လေတယ်။

ခြေသံပြင်းပြင်းများနှင့် ဝေးသွားသည်ဟု ခံစားရတာနဲ့ သားငယ်လေးကို ပွေ့ကာ ခရီးဆက်ရန်ပြင်လေတယ်။

ယခုလို လမြင့်မြင့်သာနေချိန် နန်းတော်ထဲမှ အသာအယာထိုင်ကာ ကြင်သူနှင့် ရှုစားချင်မိသေးသည်။ ချစ်ရသူရဲ့ လက်တို့ကို ဆုတ်ကိုင်ကာ ထိန်ထိန်လင်းနေသည့် ဖိုးလမင်းအား မော့ကြည့်ကာ ချစ်စကားများ ဆိုမိကြလေမလား။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Where stories live. Discover now