5

680 119 7
                                    

Unicode

ညက ကုတင်ပေါ် လှဲချပြီး မကြာခင်မှာပဲ ေမှးစက်အိပ်ပျော်သွားခဲ့သည်။

"ချမ်းလိုက်တာ....."

လိုရာထက်ပိုအေးနေသည်ကြောင့် Jiminစိတ်ထဲ တွေးမိလိုက်တာတစ်ခုကြောင့် မျက်လုံးကို ဆက်ခနဲဖွင့်ချပစ်လိုက်သာ်။ ထင်တဲ့အတိုင်း Jiminဟာ လေလွင့်ဇုန်သို့ ပြန်ရောက်ရှိနေခဲ့သည်။

မြူမှုန်ဖွေးဖွေးတွေ ပျံဝဲနေလျက် ချမ်းတာထက်ကို အေးစက်လှသည့် နေရာမှာ ေလလွင့်ဇုန်အပြင် အခြားမရှိပေ...။

"ကာခီမာ!!!!!!"

"မင်း ပြန်ရောက်လာပြန်ပြီလား...။"

"ကာခီမာ! ကျွန်တော် ဘာလို့ပြန်ရောက်လာတာလဲ။"

"မင်းအခုလို ပြန်ပြန်ရောက်လာတာက မင်းအတွက်မကောင်းဘူး။ အခက်မသင့်ရင် ဒီမှာပဲ ချောင်ပိတ်သွားနိုင်တယ်။"

ထိုသို့ပြောတော့ Jiminတုန်လှုပ်ကာ ကာခီမာရဲ့ ခြေထောက်အား ပြေးဖက်မိသည်။

"ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရဦးမှာလဲ။ ကာခီမာ ပေးတဲ့အခွင့်အရေးနဲ့ ကျွန်တော် ဝိဥာဥ်ဆင့်ခေါ်သူအရုပ်ထဲလည်း ရောက်ပြီးပြီ။
လူအဖြစ်လည်း နေနေပြီ။
ပြီးတော့ လမ်းစဥ်အတိုင်း နောက်ဘဝကူးဖို့အတွက် ကြိုးစားနေပါပြီ။ ကျွန်တော် ပြန်သွားပါရစေ....။"

"ငါမင်းကို အခွင့်အရေးအပြည့်အဝပေးထားပြီးသားပဲ Jimin....။ မင်းကို ကူညီတဲ့သူက မင်းကိုလိုအပ်မှ မင်းရှေ့ဆက်လို့ရမယ်။ ​ကျန်တာတော့ ငါမလုပ်ပေးနိုင်ဘူး။ ပြီးတော့ မင်းသံယောဇဥ်မဖြစ်မိစေနဲ့...။ ဒါ နတ်ဘုရားတို့ချမှတ်ထားတဲ့ စည်းမျဥ်းပဲ...။"

Jimin ရှိုက်ကြီး တငယ် အော်ဟစ်ငိုကြွေးမိသည်။ အခုရောက်ရှိနေတဲ့ ေလလွင့်ဇုန်မှာ အချိန်ကုန်ခဲ့တာ မနည်းလှဘူး။ ဝမ်းနည်းစရာကောင်းပြီး ေကြာက်စရာလည်းကောင်းတဲ့ ဤနေရာမှာ ပိတ်မနေချင်တော့ဘူး။ လွတ်မြောက်ချင်နေပြီ။

Jungkook! Jungkook! ငါ့ကို လိုအပ်ပေးပါ။ တောင်းပန်ပါတယ်။ ငါ့အတွက် မင်းရှိမှဖြစ်မယ်။

Jungkook! Jungkook! Jungkook!

"အမလေး...."

ကျောရိုးတစ်လျောက် စိမ့်ဝင်လာသည့်အအေးဓာတ်နှင့်အတူ ဖျော့တွဲတွဲခေါ်သံကြောင့် Jungkookအလန့်တကြားနိုးလာခဲ့သည်။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Where stories live. Discover now