1

1.1K 130 2
                                    

Unicode

၁၅၄၁ခုနှစ်~

"ဟဲ့ အဲ့အဖွားကြီးပေါ့....။ ဟိုးမစ္စRosieထဲမှာ နွားအသည်းတွေ ဝယ်သွားတာလေ...။"

"ဟုတ်လား...။ အဲ့နွားအသည်းတွေကို သူဘာလုပ်မလို့လဲမသိဘူးနော်...။"

ပထမမိန်းကလေးမှာ ကျန်မိန်းကလေးနားကို တိုးလျက်...

"နင်မသိဘူးလား...။ ယဇ်ပူဇော်ပြီး အောက်လမ်းနဲ့ ဝိဥာဥ်ခေါ်မလို့လေ..."

"ဟယ်...ဟုတ်ရဲ့လား...။"

"အို...အဲ့အဖွားကြီးအကြောင်း နင်မကြားဖူးဘူးလား...။ သူက စုန်းမကြီးလေ..။ သူ့ချစ်သူရဲ့ ဝိဥာဥ်ကို ပြန်ခေါ်မလို့ဟဲ့..."

မိန်းကလေးနှစ်ယောက်မှာ တို့စိတို့စိပြောနေကြပြီး နှာရှုံ့ကာ ကြည့်နေကြလျက်...။

ပထမမိန်းကလေးရဲ့ စကားသံကြောင့် ဆက်ခနဲလှည့်လာသည့် အဖွားအိုကြောင့် မိနး်ကလေးနှစ်ယောက်မှာ ပြူးတူးပြာတာဖြင့် အလျှိုလျှိုထွက်သွားကြသည်။

ထိုမှပဲ အဖွားအိုဟာ သူမရဲ့ ဖြူအစ်အစ်မျက်လုံးကိုကြုံ့လျက် ဈေးထဲ ဆက်ဝင်သွားတော့သည်။

•••

"အဟွတ် အဟွတ်....."

"ရော့ သားငယ် ဆေးသောက်လိုက်ဦး။"

အမေကြီးပေးသည့် ဆေးပန်းကန်းကလေးနှင့် ရေခွက်ကိုယူလိုက်ကာ အမေကြီးအား ပြုံးပြလိုက်သည်။ လက်ဖုဝါးထဲမှာရှိသည့် အညိုရောင်ဆေးလုံး သုံးလုံးအား ပါးစပ်ထဲသို့ ပက်ထည့်လိုက်ကာ ရေကိုလည်း တကျိုက်ထဲ မော့ချပစ်လိုက်၏။

"ဒီနေ့တော့ အလုပ်နားလို်က်နော်သား..."

"မဖြစ်ဘူးအမေကြီး။ ဆေးစရိတ်က မကျန်တော့ဘူးမဟုတ်လား။"

ဟုတ်ပါသည်။ ကျွန်တော်တို့က ဤကဲ့သို့ ဆင်းရဲလွန်းသည့် မိသားစုကလေးသာ။ ဆေးဖိုးဝါးခနှင့် စားနပ်ရိက္ခာလုံလောက်ဖို့အတွက် ရုန်းကန်နေရသည့် အလုပ်ကလေးမှာ ဝါးရုပ်ကလေးတွေ ထွင်းပြီးရောင်းတာနဲ့ မှုိများကို အခြောက်ခံ၍ အခြားရွာများသို့ ပြန်ဖြန့်ရောင်းခြင်းသာ။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Where stories live. Discover now