7(Final)

1.2K 139 12
                                    

Unicode

နူးညံ့တယ်.....။ အိစက်တယ်...။ ချိုမြိန်တယ်...။ Hyungရဲ့ နှုတ်ခမ်းလုံးလုံးဟာ ငုံထွေးရတာ အရသာရှိလွန်းလို့ ရူးမတက်ပဲ။

တညံညံအော်ဟစ် ကခုန်နေကြသည့် လူများကိုလည်း သတိမထားခဲ့။ သံစုံတီးဝိုင်းကိုလည်း ကျောခိုင်းထားလျက်...။ အရာအားလုံးကို မေ့ထားရင်း သူ့ရဲ့ ဦးဆောင်မှုနောက်သို့ လိုက်နေမိသည်။ မောဟိုက်လာချိန်မှ သူ့ရင်ဘတ်ကို အနည်းငယ်တွန်းလိုက်မှ လွှတ်ပေးလာတယ်။ Jungkookက အဆိုးကလေးပဲ။

"Hyung~"

ခေါ်ပြန်ပြီ နူးနူးညံ့ညံ့လေး။ မင်းအဲ့လိုခေါ်တိုင်း ငါ့ရင်ထဲအေးစိမ့်သွားရတာကို မင်းမသိဘူးမဟုတ်လား။

သူက ပြုံးလာတယ်။

"Hyungရင်ခုန်နေတာလား။"

Jiminရဲ့ စိတ်ကို သိသည့်အလား ေမးလာသည့် Jungkookအား ခပ်ရေးရေးကလေး ပြုံးပြမိသည်။

"Jungkook-ah.... Hyungလည်း..မင်းကို..... အာ့..."

Jungkook, Jiminရဲ့ စကားကို အာရုံစိုက်နေချိန်ပဲ ဟန်ပျက်သွားသည့် Jimin။ ခေါင်းတစ်ခုလုံးထိုးကိုက်လာကာ အားအင်များလည်း ဆုတ်ရုတ်လာသကဲ့သို့ ချိနဲ့လာရသည်။ တဆက်ဆက်တုန်နေသော ခန္ဓာကိုယ်လေးသည် အသားများကွာထွက်သကဲ့သို့ ခံစားနေရသည်။

"Jungkook-ah...."

"Hyung ဘာဖြစ်တာလဲ။"

Jungkook စိုးရိမ်တကြီး အော်မေးလိုက်မိသည်။ Hyungရဲ့အခုလိုပုံစံဟာ Jungkookကို အမှန်နာကျင်စေသည်။

"အား....ငါအရမ်းပင်ပန်းလာသလိုပဲ။ ကိ်ုယ်ထဲမှာရှိနေတာတွေ တစ်ခုပြီးတစ်ခု ပျောက်ကုန်သလိုခံစားရတယ်။"

Jungkookရဲ့လက်ထဲမှာပင် ခွေခွေကလေးပြောနေသည့် Jimin။ ဘေးမှာလည်း လူအများဝိုင်းအုံလာကြလေပြီ။

"Hyungကျွန်တော်တို့ အခုပဲ ခရီးဆက်ရအောင် နော်.....နော်...Hyung.."

Jiminက အားယူကာ ခေါင်းအသာငြိမ့်ပြသည်။

"Polly မင်း မြင်းလှည်းသွားပြင်တော့...။ ပြီးရင် သူတို့လိုရာခရီးကို ပို့ပေးလိုက်။ စိတ်ချမယ်။"

အန်တီအိုင်ရင်းဟာလည်း Jungkookမျက်နှာကလေးငယ်​ ေနသ၍ ပြာယာခက်နေပြီ။ ပြီးတော့ ဒီကလေးနှစ်ယောက်ကို အချိန်တိုလေးအတွင်း သံယောဇဥ်ရှိသည်လေ။ ဒါအစ်မမေရီရဲ့ သားလေးနဲ့ သူ့ကောင်လေးမို့လို့ပေါ့။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Unde poveștirile trăiesc. Descoperă acum