3

727 121 4
                                    

Unicode

'ဒါ မဖြစ်နိုင်ဘူး။'

ခုဏက အဖြစ်အပျက်ကို အံ့ဩခြင်းတို့ ကြီးစိုးလျက် ထိတ်လန့်ခြင်းကြား ဆုန်းဆုန်းမြုံ့နေလေသည့် Jungkook။ ပြင်းထန်လှသော နှလုံးခုန်သံနှင့်အတူ အရုပ်အား ပြန်ယူပြီးနောက် ကိုယ့်ရှေ့က ကောင်လေးကို စူးစိုက်ကြည့်နေမိသည်။ နေ့လည်က ကိ်ုယ့်စိတ်ထဲ လှည့်စားကြည်စယ်ခဲ့သည့် ဖယောင်းတိုင်နံ့မွှေးမွှေးဟာလည်း အခုတော့ ခေါင်းကိုက်စရာ အရှုပ်တစ်ခုလိုပင်။

"ဟိုး...ဟိုး...လန့်မသွားနဲ့။ အစ်ကိုမင်းကို အန္တရာယ်မပြုပါဘူး။"

"မင်း ဘယ်သူလဲ! ဘယ်က ဘယ်လို ငါ့အခန်းထဲရောက်နေတာလဲ။"

"Jungkook-shiလည်း မြင်ရဲ့သားနဲ့။ ငါက ဘာဆိုတာ သိနေပြီမဟုတ်လား။ ဒါနဲ့ ငါက Jungkook-shiထက် အသက်ကြီးတယ်။"

"တော်စမ်း! မင်း ငါ့နာမည် ဘယ်လိုလုပ်သိလာတာလဲ! မှန်မှန်ဖြေ!"

"အာ.....မနက်က ဟိုအာကျယ်ကျယ်အဒေါ်ကြီး ပြောတာကြားမိလို့ပါ။"

ဘာတွေလဲ။ အခုဖြစ်နေတာတွေက အိပ်မက်လည်းမဟုတ်သလို စ,နောက်နေပုံလည်း ပေါ်မနေပြန်ဘူး။ ဒါကြောင့် မနက်က ဟိုအဒေါ်ကြီး လာသောင်းကျန်းသွားတာကိုး....။ ဒါပေမယ့်!!!! ဒါပေမယ့် အခုအခြေအနေကြီးကို လက်မခံနိုင်သေးဘူး။

"ကျွန်တော်က Jungkook-shiကို အန္တရာယ်မပြုပါဘူး။ ကျွန်တော်ဝိဥာဥ်က ဒီအရုပ်လေးထဲကို ဆင့်ခေါ်ခံခဲ့ရလို့ အခုလို ေရာက်လာတာပါ။"

ရိုရိုကျိုးကျိုးပြောနေတဲ့ လူမဟုတ်တဲ့ ကောင်လေးကို Jungkookဘာပြန်ပြောရမှန်းမသိပေ။ စုန်းအတတ်တို့၊ ဝိဥာဥ်ဆင့်ခေါ်တာတို့က ကိုယ်တွေရွာဘက်မှာ ရေပန်းစားလို့ ကြားရုံပဲ ကြားဖူးခဲ့တာ။ တစ်ခါမှလည်း မကြုံဖူးတော့ အယုံအကြည်ကြီးကြီးမားမား မထားခဲ့ဘူး။ အခုက ထိုကောင်လေး ပြောပုံဆို......?

Jungkook စိတ်အစဥ်တို့ကို ပြန်လည်စုထားလိုက်ကာ.....

"မင်းနာမည်က ဘယ်လိုခေါ်လဲ။"

စိတ်လှုပ်ရှားလွန်းနေတာမို့ အသံကို ထိန်းပြောလိုက်ပေမယ့် အဖျားခက် တုန်ယင်သွားတဲ့ အသံကြောင့် ကောင်လေးက ပြုံးလေရဲ့....။ အင်း......ပုံစံလေးကလည်း တကယ်အန္တရာယ်မပြုပုံပဲ...။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Where stories live. Discover now