6

710 111 9
                                    

Unicode

ကုတင်ပေါ်မှာ ခွေခွေကလေးအိပ်နေတဲ့ ကျောပြင်သေးသေးကို Jungkookကြည့်နေမိသည်။ ဒီHyungကို ထိတွေ့မိတိုင်း ထူးဆန်းတဲ့ခံစားချက်မျိုးရရှိလေသည်။

"Hyung~"

"အိပ်သွားပြီထင်တယ်...။"

အနောက်ဘက်ကမြင်နေရတဲ့ Jiminရဲ့ လက်မောင်းဖွေးဖွေးကို တို့ထိလိုက်မိသည်။ လက်မောင်းကလေးက အိစက်နေတာကြောင့် အသည်းယားလို့မဆုံး..။

နေပါဦး...။ ငါဘာတွေတွေးနေတာလဲ...။

အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရတာကြောင့် Jungkookအနည်းငယ်တွန့်သွားမိသည်။ အနောက်ကမြင်နေရတဲ့ ဆံနွယ်ညိုညိုတို့ကလည်း အိစက်နေလိမ့်မည်။

Jungkook Jiminအနားသို့ တိုးကာ ခါးသွယ်သွယ်ကို ယှက်ကာ ဖက်လိုက်မိ၏။ တကယ်မရည်ရွယ်ပါဘူး။ စိတ်မထိန်းနိုင်လို့ပါ Hyung... ။ ပြီးတော့ အချိန်တိုလေးအတွင်း ယောက်ျားလေးတစ်ယောက်အပေါ် ရစ်မြူးဖို့က ကျွန်တော့်အတွက် ခဲယဥ်းလွန်းတယ်။

နှာဖျားသို့ ဆံနွယ်မှ မွှေးအီအီအနံ့လေးသင်းပြန့်လာချိန် Jungkook ကြက်သီးမွှေးညင်းပင် ထသွားရသည်။ ကျီစယ်နိုင်လွန်းတယ် Hyung~။

ထိုညက Jungkookရဲ့ အိပ်မက်တို့လှခဲ့သည်။ နောက်မှအိပ်သောသူက ဦးအောင်အိပ်သောသူထက်စောကာအိပ်ပျော်သွားပြီး နိုးနေသူမှာတော့ အတွေးပင်လယ်ထဲ လက်ပစ်ကူးလျက်...လူဆိုးလေးရဲ့ ပုစ္ဆာကို အဖြေရှာနေမိသည်။

.
..
...
....

"ထုတ်ပိုးပြီးပါပြီ...သခင်လေး..။ လှည်းယာဥ်လည်း ပြင်ဆင်ထားပေးပါတယ်။"

Jungkookနဲ့ Jiminနှစ်ယောက် ကျန်သော ခရီးအတွက် ထွက်ခွာရတော့မည်။ အားလုံးက အသီးသီးနှုတ်ဆက်ကြပြီး မျက်နှာမကောင်းသူမှာ ဟင်နရီသာ...။

"Jimin!"

ဟင်နရီက ရုတ်တရက် Jiminကိုယ်လေးကို လှမ်းဖက်လိုက်တာကြောင့် Jungkookအောင့်သက်သက်ဖြစ်သွားရသည်။

ထို့နောက် နှစ်ဦးသား ခပ်မြန်မြန်ပင် ခရီးဆက်ခဲ့ကြသည်။

လမ်းခရီးတစ်လျှောက်လုံး နှုတ်ဆိတ်နေမိကြသည်။ Jiminမှာ ညကအဖြစ်အပျက်ကို စဥ်းစားနေမိပြီး Jungkookကတော့ မလုံမလဲနှင့် အားနာနေလေသည်။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Nơi câu chuyện tồn tại. Hãy khám phá bây giờ