4

661 119 2
                                    

Unicode

အချိန်အတော်အကြာ သိမ်းထားဖြစ်ခဲ့တဲ့ ကျောပိုးအိတ်ကြီးအားထုတ်ကာ Jungkook လိုအပ်မည့်ပစ္စည်းတွေကိ​ု ထည့်နေမိသည်။ သောက်သုံးရမည့် ဆေးတို့ပါ မကျန်ပေါ့။

တကယ်ပဲ သွားရတော့မှာလား။ အခုသွားရင်ရော ငါ့ဆန္ဒတွေ ပြည့်ဝပါ့မလား။ သေချာစဥ်းစားကြည့်တော့ ပြည့်မလား ​မပြည့်မလားမသိတဲ့ ဆုတောင်းအတွက် အဖေကြီးနဲ့ အမေကြီးကို ထားခဲ့ရမှာ..။ အကယ်၍ ခရီးလမ်းမှာပဲ ရောဂါကြောင့် သေဆုံးသွားခဲ့ရင်ကော.....။ အဲ့လိုဆိုရင်တော့ အားလုံးကို စွန့်လွှတ်ပစ်ရမှာပဲ။ ငါ့အရင်းအနှီးက မနည်းဘူး။ ရောက်အောင်သွားမှကိုဖြစ်မယ်။ နောက်တစ်ခုက ဟိုသရဲလေးမညာပါစေနဲ့။

"ကဲ သွားကြတော့မလား....။"

Jungkook သွက်သွက်လက်လက်ကောင်လေးကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"သွားကြမယ်....."

အရင်ဆုံး နှစ်ဦးသား ရွာထဲမှ ခရီးသွားလှည်းယာဥ် ဋ္ဌာနသို့ ထွက်လာခဲ့လိုက်သည်။ အမေကြီးနှင့် အဖေကြီး အိပ်ချိန်ဟု ဆိုရပေမယ့် မနက်နေပင်ထွက်နေလေပြီ။

ကိုယ့်ရှေ့က သွက်သွက်လက်လက်ခုန်ပေါက်ကာ သွားနေတဲ့ ကောင်လေးကိုကြည့်ပြီး ရယ်လည်းရယ်ချင်သည်။ ကောင်လေးဝတ်ထားတဲ့ အဝတ်က ဘယ်ခေတ်ကတည်းက အဝတ်မှန်းမသိ။ Jungkookအတွက်တော့ အမြင်ထူးလေသည်။

မြင်းများ ချိတ်ဆွဲထားသည့် လှည်းအမြောက်အ​ြမားကို လှမ်းတွေ့နေရပြီ။ လှည်းစီးခပေးချေကာ လိုရာခရီးသို့ ပြောကြားပြီး နှင်မောင်းခဲ့ကြသည်။

လမ်းခရီး၌ မြက်ရိုးတစ်​ချောင်းကို ပါးစပ်ထဲထည့်ကာ ခြေကိုခုံပေါ်တင်၊ ဇိမ်ကလေးနှင့်မှေးပြီး ပါလာတဲ့ကောင်လေး။ ခရီးက ရှည်တော့ အနည်းငယ်ပျင်းသလိုခံစားရတာကြောင့် ကောင်လေးရဲ့ နောက်ကြောင်းကို မေးမြန်းရန် ဆုံးဖြတ်လိုက်မိသည်။

"ကောင်လေး....."

"ဟေး....ကောင်လေးပဲ ခေါ်နေတယ်..Hyungပါဆို...ငါမင်းထက် အသက် ၁၀၀လောက်ကြီးတယ် နားလည်လား။"

ခပ်စပ်စပ်ပြန်ဖြေတဲ့ ကောင်လေးကိုကြည့်ကာ Jungkook နှာခေါင်းရှုံ့မိသည်။

~•𝖬𝖺𝖽𝖾 𝖮𝖿 𝖡𝖺𝗆𝖻𝗈𝗈•~Tempat cerita menjadi hidup. Temukan sekarang