(Unicode)
အခန်း(၃)
ထောင်ရှန် ဝက်သားဆာနယ်ခြောက်ကြော်နှင့်ကြက်ဥဟက်ဘွိုင်းတို့ဖြင့်ပြင်ဆင်ထားသောထမင်းစားပွဲရှေ့၌ဝင်ထိုင်လိုက်သည်။သူထမင်းစားပွဲဆီသို့တွန်းကာဆွဲကာဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီးလီယွမ်ယီကတော့အေးအေးလူလူဖြင့်သူ့ကိုစားဖို့တိုက်တွန်းနေပြီးသူ့အတွက်နွားနို့တစ်ခွက်တောင်ထည့်ပေးနေသည်။
"မင်းခန္ဓာကိုယ်ကိုကယ်လ်ဆီယမ်ဓါတ်ဖြည့်စွက်
လိုက်ရင်စိတ်ပြန်တည်ငြိမ်သွားလိမ့်မယ်" လီယွမ်ယီနူးညံ့စွာပြုံးပြလိုက်ပြီးနွားနို့ခွက်ကိုထောင်ရှန်နားသို့
တွန်းပို့ပေးလာသည်။ထောင်ရှန်မျက်ဖြူလှန်လိုက်မိသည်။
"မင်းငါ့လောကတ်သီးကိုယူသွားတာ
ဟုတ်တယ်မလား" ထောင်ရှန်သူ့ကိုစွပ်စွဲကာမေးမြန်း
လိုက်သည်။"မင်းဘာတွေပြောနေတာလဲ၊မင်းဘဲယူထား
တာမဟုတ်ဘူးလား" လီယွမ်ယီရိုးသားသည့်ပုံစံဖြင့်
သူမလုပ်ကြောင်းငြင်းဆိုလိုက်သည်။"ငါအိတ်ကပ်ထဲမှာသေချာထည့်ထားတာပါ
ဒါပေမယ့်ခုမရှိတော့ဘူး""အဲ့ဒါနဲ့မင်းကကိုယ့်ကိုသံသယဝင်တယ်ပေါ့"
"မင်းမှမဟုတ်ရင်လည်းဘယ်သူဖြစ်နိုင်သေးလို့လဲ"
လီယွမ်ယီမျက်နှာပျက်ယွင်းသွားသည်၊သည်းခံစိတ်ကုန်
သွားပြီးပေါက်ကွဲတော့မည့်ပုံစံဖြစ်နေသော်လည်း
စိတ်ကိုတည်ငြိမ်အောင်ဖြေလျှော့လိုက်ပြီးပြုံးလိုက်ကာ
ပန်းကန်ကိုထောင်ရှန်ရှေ့ဆီသို့ရောက်အောင်တွန်းပို့လိုက်သည်။"စားတော့လေဒီနေ့မိုးမရွာတော့ကိုယ်မင်းကို
အပြင်ထွက်ပြီးလိုက်ပတ်ပြပေးမယ်""ငါမသွားချင်..."ထောင်ရှန်ဖုန်းမြည်လာသောကြောင့်
သေသေချာချာငြင်းဆိုခွင့်မရလိုက်။လီယွမ်ယီဖုန်းပြန်ဖြေဖို့အတွက်မီးဖိုချောင်ထဲကနေထွက်သွားသည်။ထောင်ရှန်သူ့ကိုလိုက်ကြည့်နေလိုက်ပြီးမီးဖိုချောင်တံခါးပေါက်ကိုအကြာကြီးစိုက်ကြည့်နေသည်။အဆုံးမှာတော့သူ့ရဲ့သိချင်စိတ်ကိုမထိန်းချုပ်နိုင်၍ခြေသံတိုးတိုးတိတ်တိတ်ဖြင့်တံခါးပေါက်ဆီသို့သွားလိုက်ပြီးချောင်းနားထောင်လိုက်သည်။
YOU ARE READING
City of Endless Rain « မြန်မာဘာသာပြန် »Completed
RomanceTitel-《終雨之城》 Original Author-朱莉 Total chapters- 11 Type-Web novel Genre-Mystery,Psychological,Yaoi,Supernatural, Tragedy