အခန်း(၆)

2.3K 376 5
                                    

(Unicode)

အခန်း(၆)

​သူ့ကို​ယ်ကပေါ့ပါး​နေပြီးနူးညံ့ပြီးနွေး​ထွေးမှု
ကိုပေးတဲ့​ရေ​​နွေး​နွေး​လေးဖြင့်ဝန်းရံခံထားရသလိုပင်။
အဲ့ခံစားချက်ကအ​တော်​လေးကိုဇိမ်ရှိလှသည်။

သူထမလာချင်ဖြစ်​နေသည်။နှိုး​ကြားနေပြီဖြစ်​သော်လည်းအိပ်ယာထဲမှာပျင်းရိစွာ
ဆက်လက်အိပ်​စက်နေသည်။

​ထောင်ရှန်ထမလာချင်ဖြစ်​နေ​ပေမယ့်
နောက်ဆုံး​တော့မျက်လုံး​​ပွင့်လာခဲ့သည်။

​ယောကျ်ားတစ်​ယောက်ရဲ့​​ပွေ့ဖက်မှုက​နေလာတဲ့
အ​ငွေ့အသက်ကသူ့ကိုလုံခြုံ​​စေပြီး
သက်​သောင့်သက်သာခံစားချက်မျိုး​ပေး
လိမ့်မည်ဟုသူတစ်ခါမှစိတ်ကူးမကြည့်ဖူးဘူး။
တစ်ချိန်ကသူပြင်းပြင်းထန်ထန်ကိုဆန့်ကျင်
​နေခဲ့တဲ့အရာဖြစ်ပြီးယခုအ​ချိန်မှာ​တော့
သူကို့စိတ်အ​နှောင့်ယှက်ဖြစ်​မ​နေစေ​တော့။
"Good morning​ကောင်း​ကောင်းအိပ်​လို့​ပျော်ရဲ့လား"
လီယွမ်ယီကသူ့နဖူး​လေးကိုပြုံးစစဖြင့်နမ်းလိုက်ပြီး
သူ့ကိုနှုတ်ဆက်လိုက်သည်။ကြည့်ရတာသူ(ယွမ်ယီ)
အ​စောကြီးနှိုး​နေနှင့်ပြီးသူ့မျက်နှာကိုတစ်ချိန်လုံးထိုင်
ကြည့်​နေပုံရသည်။

"အွန်း.." ​ထောင်ရှန်ပျင်း​ကြောဆန့်လျက်ပြန်​ဖြေလိုက်ပြီးထထိုင်လိုက်သည်။လက်ဖြင့်မျက်လုံးကိုပွတ်​နေရင်း
သန်းလိုက်သည်။

လီယွမ်ယီလည်းထထိုင်လိုက်ပြီးနောက်က​နေသူ့ခါးကို
လှမ်းဖက်လာသည်။သူ့မျက်နှာကို​ထောင်ရှန်ရဲ့​ကျောပြင်​ပေါ် ၌မီထားလျက်

"​မင်းကိုချစ်တယ်၊​ထောင်ရှန်"

"အွန်း"

ဖက်ထားတာကိုအခွင့်​ကောင်းယူပြီး​ထောင်ရှန်
ရဲ့ဂုတ်ပိုးကိုစတင်နမ်းရှိုက်​လေသည်။
"ရပ်လိုက်" ​ထောင်ရှန်လှည့်လိုက်ပြီးသူ့ကိုဆက်မလုပ်ဖို့
တားလိုက်သည်။

"​တောင်းပန်ပါတယ်" ​သူ​တောင်းပန်​နေပုံကစိတ်ရင်း
ဖြင့်လုပ်​နေခြင်းမဟုတ်။သို့​ပေမယ့်​ထောင်ရှန်က
သူ့ကိုဒီလိုမျိုး​မျှော့တွယ်သလိုတွယ်ကပ်​နေခြင်းကို
သ​ဘောမကျမှန်းသိ၍​ရွေးချယ်စရာမရှိလွှတ်​ပေး
လိုက်ရ​တော့သည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedDonde viven las historias. Descúbrelo ahora