(Unicode)
Epilogue
"ငါဘာပင်စိုက်စိုက်သေတာဘဲ" အသီးအနှံဥယျာဥ်လေးအားထိန်းသိမ်းနေရင်းတစ်ယောက်တည်းရေရွှတ်နေတာအပြင်အခြားမတက်နိုင်။ခြောက်သွေ့ ပုပ်ဆွေးသွားသောအပင်တွေကိုအမြစ်ပါမကျန်ရှင်းလင်းဖို့အတွက်
တစ်မနက်ခင်းလုံးအချိန်ယူကာရှင်းလင်းလိုက်ရလေသည်။"ထောင်ရှန်ထမင်းစားဖို့အချိန်ရောက်ပြီ။ခဏလောက်နားလိုက်ပါအုံးစားပြီးမှဆက်လုပ်ပေါ့" လီယွမ်ယီအိမ်ထဲ
ကနေထွက်လာပြီးထောင်ရှန်အားလှမ်းခေါ်လိုက်သည်။"ဟုတ်ပြီ၊ခုလာပြီ" ထောင်ရှန်ကိရိယာ
တန်ဆာပလာတွေကိုခပ်သွက်သွက်ပြန်သိမ်းဆည်းလိုက်ပြီးနောက်လက်အိတ်တွေကိုချွတ်ပစ်လိုက်ကာအိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။လီယွမ်ယီသည်သူ့၏ပိန်ပါးလှသည့်ကိုယ်ကိုတံခါးဘောင်တွင်မီထားလျက်ထောင်ရှန်အလုပ်များနေသည်ကိုရပ်ကြည့်နေမိသည်။လီယွမ်ယီသည်
ထောင်ရှန်အနီးနားသို့ရောက်လာသည်အထိလျှောက်လာသည်ကိုစောင့်နေရင်းသူ့ဘေးသို့မရောက်ခင်
အချိန်လေးမှာပါးပြင်ပေါ်သို့အနမ်းလေးတစ်ပွင့်လှမ်း
ပေးလိုက်သည်။ထောင်ရှန်သဘောကျစွာတစ်ချက်ရယ်လိုက်သည်၊
သူခုချိန်ထိလီယွမ်ယီစိတ်ထဲဘာတွေဖြစ်နေလဲဆိုတာကို
ခန့်မှန်းလို့မရနိုင်သေးပေ။"ဘာလုပ်တာလဲ?"
"နမ်းလိုက်တာလေ။ချစ်တယ်ထောင်ရှန်"
သူ့ကိုတံခါးဖွင့်ပေးနေရင်းလီယွမ်ယီကတော့
စိတ်ထဲအရှိတိုင်းပြန်ဖြေလာသည်။"မင်းဘယ်လောက်အတိုင်းအတာထိစိတ်ရှုပ်ဖို့ကောင်းနိုင်အုံးမလဲမသိ?မင်းရဲ့ ပျားသကာလိုချိုမြိန်လှတဲ့စကားတွေကိုလည်းတော်တော်နားရေဝနေပါပြီ" ထောင်ရှန်အိမ်ထဲသို့ရောက်သည့်နှင့်လက်ဆေးဖို့နေရာဆီသို့တန်းသွားလိုက်သည်၊လီယွမ်ယီကတော့အနောက်ကနေအရိပ်သဖွယ်ထပ်ချပ်မကွာလိုက်လို့နေသည်။
"ဒါပေမယ့်ကိုယ်မင်းကိုတကယ်ချစ်လို့ပါ"
လီယွမ်ယီပုံစံကအခက်တွေ့နေသည့်ပုံစံပင်။
YOU ARE READING
City of Endless Rain « မြန်မာဘာသာပြန် »Completed
RomanceTitel-《終雨之城》 Original Author-朱莉 Total chapters- 11 Type-Web novel Genre-Mystery,Psychological,Yaoi,Supernatural, Tragedy