အခန်း(၉)

2.5K 356 20
                                    

(Unicode)

အခန်း(၉)

ထို​နေ့ကလီယွမ်ယီသူ့ကိုစံအိမ်ဆီသို့အ​ရေးတကြီး​ခေါ်
သည့်​အချိန်၌ Jakeမှာစစ်သားသုံး​ယောက်နဲ့စပ်လျဥ်း​သောကိစ္စ​တွေကို​ဖြေရှင်း​နေရ၍ပျား​ထက်​တောင်ပို
အလုပ်များ​​နေခဲ့ခြင်းဖြစ်သည်။

ဘာ​တွေဖြစ်​နေလဲဆိုတာကိုသူမသိ​ပေမယ့်
​ထောင်ရှန်က​တော့​နောက်တစ်ကြိမ်မှတ်ဥာဏ်ထပ်​ပျောက်သွားခဲ့ပြန်သည်။

လီယွမ်ယီသူ့ဆီကိုဒီဝန်ထုပ်ဝန်ပိုးကြီး
ကိုပါအပိုလက်​ဆောင်အ​နေနဲ့ပစ်​ပေးလာ​​လေ​သော​ကြောင့်Jakeအ​တော်​လေးကိုမ​ကျေမနပ်ဖြစ်​နေသည်။

လီယွမ်ယီကထောင်ရှန်သူ့ကိုမြင်ရင်စိတ်ပြန်​ဖောက်သွားမှာကို​ကြောက်လို့ခု​လော​​လောဆယ်​တော့
သူ​ရှောင်​နေ​ပေးမှဖြစ်မယ်ဆိုပြီး​၊ထိုစကား​လေးတစ်​ခွန်းဖြင့်​ထောင်ရှန်ကို​စောင့်​ရှောက်​ပေးဖို့သူ့လက်ထဲ
အပ်သွားသည်။Jakeဒီကိစ္စကိုစနိုးစ​နောင့်နှင့်​ဒေါသ
​တွေကျိတ်ထွက်​နေ​သော်လည်းသူ့​ဒေါသကိုပုံချပစ်လို့ရ
မယ့်အရာလည်းမရှိ၊​ထောင်ရှန်ကလည်းသူသွားပြီးအပြစ်တင်လို့ရတဲ့လူမဟုတ်ပြန်။

ခံပြင်းလိုက်တာ!!!

Jakeသူ့ဆီသို့​ရောက်​သောအခါ​ထောင်ရှန်မှာ
အချိန်ကြာမြင့်စွာတိတ်ဆိတ်​နေပြီးစကားတစ်ခွန်းမှမဆို။​ထောင်ရှန်ကိုကြည့်ရတာအဖြစ်မှန်ကိုလက်ခံသည့်ပုံလည်းမ​ပေါ်သလို့ဆန့်ကျင်ဖို့စိတ်ကူးလည်းရှိပုံမ​ပေါ်။
​ထောင်ရှန်ဘာ​တွေ​တွေး​နေလဲဆိုတာကိုသူခန့်မှန်းမရနိုင်ဖြစ်​နေသည်။

​ထောင်ရှန်ရဲ့အသက်မဲ့​​နေတဲ့မျက်လုံး​တွေက​ဘေးဘီဝဲယာကိုတစ်ချက်​ဝေ့ကြည့်​​နေပြီး Jake ​​ဆီသို့​ရောက်​သောအခါရပ်တန့်သွားသည်။

"Morning"

Jakeနှုတ်ဆက်လိုက်​သော်လည်းတစ်ဖက်ဆီကဘာမှပြန်မကြားရ။သူကဘဲစကားကိုဆက်​ပြောဖို့ဆုံးဖြတ်လိုက်သည်။

"မင်းဗိုက်ဆာ​နေပြီလား?မနက်စာစားပြီးပြီးလား?
လီယွမ်ယီမီးဖို​ချောင်ထဲမှာတစ်ခုခုပြင်ထား​လောက်မှာဘဲ၊ငါသွားယူ​ပေးရမလား?"

City of Endless Rain « မြန်မာဘာသာပြန် »CompletedWhere stories live. Discover now