(Unicode)အခန်း(၁)
ထောင်ရှန်အိမ်မက်ဆိုးတွေမက်နေခဲ့သည်။
သူအလန့်တကြားဖြင့်မောဟိုက်စွာနှိုးထလာခဲ့သည်၊
လေထုထဲကစိုထိုင်းထိုင်းအနံ့နှင့် ရှင်းရှင်းလင်းလင်းကြားနေရသောပြတင်းပေါက်အပြင်ဘက်မှမိုးသံတို့မှာတဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့သည်။ဒါဖြင့်ဒါကတကယ့်အစစ်အမှန်ပေါ့။
သူဘေးပတ်ပတ်လည်ကိုသေချာကြည့်လိုက်သည်။
သူ့ကိုယ်သူအခြားကမ္ဘာတစ်ခုကိုရောက်နေသလိုခံစားနေရတယ်၊ယခုသူရောက်နေတဲ့အခန်းကလည်းသူနှင့်ရင်နှီးမှုတစ်စက်မှရှိမနေသော်လည်း ဒီအခန်းကသူ့အခန်းဆိုတာကိုသူတစ်နည်းနည်းဖြင့်သိနေသည်။အတော်လေးကိုရှုပ်ထွေးနေကာဖော်ထုတ်မပြနိုင်သောခံစားချက်ပင်ဖြစ်သည်။ထိုအချိန်၌မျက်နှာချင်းဆိုင်တွင်ချိတ်ထားသော်
ဥသြငှက်တိုင်ကပ်နာရီမှ ရှစ်ကြိမ်မြည်တွင်လာပြီး
အချိန်အားဖြင့်ရှစ်နာရီဆိုတာကိုဖော်ပြနေသည်။
သူရဲ့ပုံမှန်အိပ်ရာနှိုးထချိန်က၈နာရီဖြစ်သောကြောင့်
သူအချိန်ကိုက်နှိုးထလာခြင်းဖြစ်သော်လည်း
ထိုတိုင်ကပ်နာရီရှိနေခြင်းကိုတော့သူမမှတ်မိ။
အရာအားလုံးကပုံမှန်ဖြစ်နေသလိုခံစားရပေမယ့်
တစ်ချိန်တည်းမှာဘဲပုံမှန်မဟုတ်နေသည်ကို
ခံစားရပြန်သည်။သူ့အကြည့်တွေကိုအခြားနေရာတွေသို့ပြောင်းရွေ့
လိုက်ကာအခန်းကိုဆက်လက်လေ့လာနေသည်။
အခန်းတွင်း၌ရိုးရိုးရှင်းရှင်းပရိဘောဂများဖြစ်သော
စာကြည့်စားပွဲ၊ထိုင်ခုံတစ်လုံးနဲ့
သူလဲလျောင်းနေသည့်ကုတင်အပါအဝင်သာ
ခင်းကျင်းထောက်ပံ့ထားသည်။ကုတင်ဘေးမှာရှိနေသည့်ပြတင်းပေါက်လိုက်ကာများကိုတင်းတင်းကျပ်ကျပ်စည်းနှောင်ထားသောကြောင့်
အလင်းတန်းအမျှင်အနည်းငယ်လောက်သာထိုးဖောက်
ဝင်ရောက်နိုင်သောကြောင့် အခန်းကပို၍မှောင်မိုက်ကာ
စိုစွတ်နေသည်။ပြတင်းပေါက်ဘောင်ပေါ်တွင်
ရှားစောင်းပင်လေးစိုက်ထားသောအိုးလေးတစ်အိုးရှိနေသည်။စားပွဲခုံပေါ်၌ စာအုပ်တစ်အုပ်ရှိနေပြီးဖွင့်လျက်အနေအထားတွင်ရှိပြီးအလယ်မှာ ရှည်လျားကာရွေရောင်အဆင်းရှိသောစာမျက်နှာမှတ်သည့်ရွှေပြားလေးရှိနေပြီးဖတ်နေရက်တန်းလန်းအနေအထားတွင်ရှိသည်။
KAMU SEDANG MEMBACA
City of Endless Rain « မြန်မာဘာသာပြန် »Completed
RomansaTitel-《終雨之城》 Original Author-朱莉 Total chapters- 11 Type-Web novel Genre-Mystery,Psychological,Yaoi,Supernatural, Tragedy