အခန်း(၄)

2.5K 431 10
                                    


(Unicode)

အခန်း(၄)

​ထောင်ရှန်နှင့်လီယွမ်ယီတို့ထမင်းစားပွဲ၌
​ဘေးချင်းကပ်ရပ်ထိုင်​နေပြီးမျက်နှာချင်းဆိုင်၌
Jakeထိုင်​နေသည်။စားပွဲ​ပေါ် ၌အဓိကဟင်းလျာ
များဖြစ်​သောကြက်ကင်နဲ့မုန်လာဟင်းချိုရည်တို့
သာရှိသည်။

"မုန်လာဥဟင်းချို?" Jakeတအံ့တ​သြဖြင့်ထောင်ရှန်ကို
ကြည့်လာသည်။

"​ထောင်ရှန်က​သောက်ချင်တယ်ဆိုလို့"
လီယွမ်ယီရိုးရိုးရှင်းရှင်းဘဲ​​​ပြောလိုက်သည်။

"​အော်.." Jakeရဲ့ပုံစံကမ​ရေမရာဖြစ်​နေသည်။

​ထောင်ရှန်သူတို့နှစ်​ယောက်စကား​ပြော​နေစဥ်အတွင်း
သူတို့ကိုကြည့်မ​နေခဲ့။လီယွမ်ယီကစားကြစို့ဟု​ပြောလိုက်တဲ့အချိန်၌​ထောင်ရှန် မုန်လာဥဟင်းချိုကို
ဇွန်းအပြည့်ဖြင့်​မြည်းကြည့်လိုက်သည်။
ဒါက....

ဒါကဒီအတိုင်းပုံမှန်မုန်လာဥဟင်းချိုဘဲမဟုတ်ဘူးလား?
​ထောင်ရှန်အရသာကိုမြည်းကြည့်ပြီး​နောက်
ရပ်တန့်သွားပြီး​​​မျှော်လင့်မထားဘဲနဲ့ထိတ်လန့်ခြင်းနှင့်
စိတ်ပျက်သွားခြင်းတို့ကသူ့ဆီ၌ဖြစ်​ပေါ်လာသည်။

သူထိုဟင်းချိုတစ်ခွက်ဆီကနေဆန်းကြယ်မှုတစ်စုံ
တစ်ရာရှာမ​တွေ့။ဒါကမင်းရဲ့ပုံမှန်မုန်လာဥဟင်း
ချိုဘဲ​လေ။

​ထောင်ရှန်မျက်နှာ​ပေါ် ၌မ​ရေတွက်နိုင်တဲ့
​ပြောင်းလဲမှု​တွေဖြတ်ပြေးသွားပြီးမျက်နှာအမှုအရာမှာ
ရှုပ်​ထွေး​လို့​နေသည်။​နောက်ဆုံး​တော့သိသိသာသာ
စိတ်ပျက်​နေတဲ့အမှုအရာဖြင့်အဆုံးသတ်သွားသည်။

"ဟင်းချိုကမင်းအကြိုက်မဟုတ်လို့လား?"
လီယွမ်ယီကသူရဲ့မျက်နှာအမှုအရာကို
ကြည့်​နေခဲ့တာဖြစ်၍​​သေချာ​ပေါက်သူ့မျက်နှာ​ပေါ်၌
ဖြစ်သွား​သည့်အမျိုးမျိုး​သောခံစားချက်တို့ကိုမြင်လိုက်
မည်ဖြစ်သည်။

"မဟုတ်ပါဘူး" ​​ထောင်ရှန်လက်ကိုပြန်ချလိုက်ပြီး
ဇွန်းကို​ပန်းကန်ပြား​ပေါ်သို့ပြန်တင်ထားလိုက်သည်။
​ထောင်ရှန်စိတ်ထဲ၌က​သောင်းကနင်းဖြစ်​နေပြီး
သူကဘာဖြစ်လို့ဒီလိုရိုးရိုးဟင်းချို​လေးတစ်ခုကိုအထူးတလည်ကြိုက်နှစ်သက်​နေရ​တာလဲဆိုတာ
ကိုနားမလည်နိုင်ဖြစ်​​နေသည်။

City of Endless Rain « မြန်မာဘာသာပြန် »CompletedWhere stories live. Discover now