(Unicode)
အခန်း(၈)
ထောင်ရှန်လျှောက်လာရင်းသုံးပြမြောက်ကိုကျော်လွန်လာသောအခါထိုဧရိယာမှာကင်းလှည့်နေတဲ့Jakeဖြင့်ဆုံလေသည်။
"ထောင်ရှန်ဒီလောက်နောက်ကျနေပြီကို
ဘယ်သွားမလို့လဲ" သူ့အနားသို့ကျဥ်းကပ်လာရင်း
Jakeမေးလာသည်။ထူးထူးခြားခြားပုံမှန်ချိန်လိုမျိုးသူ့ကိုထေ့ငေါ့နေခြင်းမရှိဘဲခြေလှမ်းတွေကိုအရှိန်မြင့်လိုက်ပြီးသူ့ကိုမီအောင်ခပ်သုတ်သုတ်လိုက်လာသည်။ထောင်ရှန်ပြန်ဖြေဖို့ရည်ရွယ်ထားသော်လည်း
သူ့ခေါင်းထဲကအတွေးသံသရာစက်ဝန်းကြီး
စတင်လည်ပတ်လာသောကြောင့်သူသက်ပြင်း
ချလိုက်ပြီး "ယွမ်ယီကမင်းကိုလာခိုင်းလိုက်တာမလား?"Jakeတစ်ယောက်မလုံမလဲဖြစ်စွာရယ်ပြလာပြီး
မေးလိုက်သည့်အကြောင်းအရာကိုငြင်းဆိုခြင်းမပြုပေ။"သူငါ့ကိုစိတ်ပူနေတာကိုရပ်ပစ်လိုက်လို့မရဘူးလား?"
လီယွမ်ယီရဲ့မလိုအပ်တဲ့အားထုတ်မှုတွေကြောင့်အနည်းငယ်ဒေါသထွက်လာသည်။"ငါ့ဆီလာပေါက်ကွဲမနေနဲ့လေသူ့ကိုကိုယ်တိုင်
သွားပြောလေ" ထောင်ရှန်ရဲ့ ပြစ်တင်ပြောဆိုနေသံတို့ကိုမကြားချင်၍ Jakeသူ့နားသူပိတ်ထားလိုက်
ပြီးနောက်လီယွမ်ယီဘက်ကနေပြောပေးလာသည်။"ဒီမြို့ကလမ်းတွေဘယ်လောက်ရှုပ်ထွေးလဲဆိုတာကို
မင်းလည်းသိမှာပါ။မင်းလိုအပြင်လူတစ်ယောက်ကတော့သေချာပေါက်လမ်းပျောက်မှာဘဲ၊အိမ်ပြန်လမ်းကိုတောင်ပြန်ရှာလို့မတွေ့ မှာကအဆန်းမဟုတ်"အပေါ် စီးကနေငှက်အမြင်ကဲ့သို့မြို့ကို ခြုံငုံမြင်ဖူးထား
သောထောင်ရှန်သည်Jakeကသူ့ကိုကြောက်လန့်ရုံမျှ
ပြောဆိုနေခြင်းမဟုတ်မှန်းသူသဘောပေါက်သည်။
သူမြို့အစွန်းတစ်လျှောက်ကိုပတ်ကြည့်ဖို့စီစဥ်ထား
သောကြောင့် သူ့ရဲ့ကိုယ်ပိုင်လုံခြုံးရေးအတွက်Jakeကိုပါအတူတူလိုက်လာခွင့်ပြုလိုက်သည်။
Jakeကိုအတူလိုက်လာခွင့်ပေးလိုက်ရသည့်အဓိက
အကြောင်းပြချက်ကတော့တစ်ယောက်တည်း
စိတ်ညစ်ညစ်နဲ့လမ်းလျှောက်နေရတာထက်ဆိုင်ရင်
ဘေးကစကားပြောဖော်လေးဖြင့်အတူလျှောက်ရတာက
ပိုကောင်း၍ဖြစ်သည်။သူတို့နှစ်ယောက်ကြားပြောစရာ
များများစားစားမရှိသော်လည်း။
YOU ARE READING
City of Endless Rain « မြန်မာဘာသာပြန် »Completed
RomanceTitel-《終雨之城》 Original Author-朱莉 Total chapters- 11 Type-Web novel Genre-Mystery,Psychological,Yaoi,Supernatural, Tragedy