Chocolate and Cigarettes🍫🚬(Gun's Birthday' Special)unicode

191 21 6
                                    

"ကိုကို......ကိုကို"

ခါတိုင်းကျွန်တော့်ထက်အရင်နိုးနေကျသူကဒီနေ့တော့ဖြင့်
ကျွန်တော်ရေချိုးခန်းကပြန်ထွက်လာတာတောင်
တုပ်တုပ်မလှုပ်သေး၍စိတ်ကအနည်းငယ်ပူပန်နေရပြီ။နာမည်ခေါ်တော့လည်းမလှုပ်မယှက်။နှဖူးကိုစမ်းကြည့်လိုက်တော့မှ
အား.....ပါး ပူခြစ်နေတာဘဲဗျာ။ဒီအစ်ကိုကြီးတော့ဖျားပြီ။ဒီအစ်ကိုကြီးကနေမကောင်းတာ၊ဖျားတာ၊နာတာဖြစ်ခဲသည်။သို့သော်ဖြစ်လိုက်လျှင်လည်းအသည်းအသန်။

ဘာကိုမှရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘဲဖုန်းနံပါတ်တချို့ကိုကောက်နှိပ်ပြီးဖုန်းကိုနားနဲ့ပုခုံးကြားတွင်ညှပ်ခါ
ဘေးကအံဆွဲထဲမှ thermometerကိုယူ
လိုက်ပြီးနားထင်နားတွင်ကပ်လိုက်သည်။အိုး....102တဲ့။
အဲ့တာကြောင့်စောက်ကျိုးနည်းပူကျစ်တောက်နေတာ။ဖုန်းကလည်းအရေးထဲဆိုမအားပါဘူးချည်းဖြေနေလိုက်။နောက်တကြိမ်ပြန်ခေါ်တော့မှတစ်ဖက်မှပြန်ဖြေသံကိုကြားရသည်။အော်....တသက်လုံးမအားတော့ဘူးလားလို့။

📞"Hello N'Mark"

"P'Mean......အိမ်ကိုအမြန်ဆုံးလာခဲ့ပေး ကိုကိုနေမကောင်းလို့ အမြန်နော်"

"ဟိုကောင် ဟာ....အမြဲပြောချင်ရာပြောပြီး
ငါပြန်ပြောတာကျနားမထောင်ဘူး ခွေးကောင်Siwat ငါ..... "

ပြောချင်ရာပြောပြီးဖုန်းချသွားသောညီတစ်ဝမ်းကွဲအားဒီဘက်မှပစ်ပစ်နှစ်နှစ်ဆဲချင်ပေမယ့်လည်းအိပ်ခန်းထဲဝင်လာသောအဖြူလုံးလေးကိုတွေ့လိုက်ရ၍ဆဲအံ့ဆဲဆဲစကားများက
လည်ချောင်းဝကနေဘာနဲ့မှမျှောမချလိုက်ရပါဘဲသူ့အလိုလို
လျှောကျသွားကြလေသည်။

"P'Plan"

"အင်း.....ငါမနက်စာပြင်ပြီးပြီ မင်းကိုလာခေါ်တာ ဒါနဲ့N'Markဆက်တာလား?"

"ဟုတ်တယ် သူ့ရဲ့လင်တော်မောင်သေတော့မှာမို့တဲ့"

"စကားကိုဘယ်လိုတွေပြောနေတာလဲ ဒါလားဆရာဝန်"

ပြောလည်းပြောMeanရဲ့နားကိုပါလာလိမ်ဆွဲနေလေသောကိုကြီးအဖြူလုံးလေး။

"နာတယ် P'Plan. ..လွှတ် လွှတ်"

"ပြောဦးမှာလား အဲ့လိုတွေ"

Only one in millions(Zawgyi+Unicode) [completed]Where stories live. Discover now