သူကျွန်တော့်ကိုစကားမပြောတာအဆက်အသွယ်မလုပ်
တာတပတ်။ကျွန်တော့်ဖက်ကတော့messagesပေါင်း
မြောက်များစွာကိုပို့နေခဲ့ပေမယ့်သူ့ဘက်ကseenဘဲပြပြီးပြန်စာမလာသောအနေအထား။သူအဆင်ပြေရင်ရပြီမို့။ဒီတပတ်အတွင်းမှာစိတ်ရော၊လူပါအနား
ပေးထားမိသည်။ကံကြမ္မာကကျွန်တော့်ဖက်မှာလို့ဆိုရမယ်။ဒီတပတ်ထဲမှာscheduleရှိမနေ။magazine cover
အတွက်ဓာတ်ပုံရိုက်တာ၊အင်တာဗျူးအတိုလေးတွေဖြေပေး
ရတာဒီလောက်ဘဲ။အဲ့ဒီအစ်ကိုကြီးမရှိရင်မနေနိုင်တာသိပ်သိသာတာ။တစ်နေ့တစ်နေ့လည်းဒီအိမ်လေးထဲမှာခွေခေါက်နေရင်းသူ့ကိုလွမ်းရသည်။မေ ကတော့ကျွန်တော့်အကြောင်းသိနေ၍
အိမ်ပြန်လာလို့မပြောခဲ့။ဖေ နှင့်P'Maxကတော့အလွန်
အကျွံမသောက်မိစေဖို့တော့ဖုန်းနဲ့လှမ်းလှမ်းcheck
ကြသည်။P'Maxကလူအကောင်လိုက်ပါရောက်ချလာ
တတ်သေးသည်။ဒီတပတ်လုံးမှာ.....ငPerthက
သူ့အစ်ကိုကြီးကိုအချိန်ပေးပြီးရင်ကျွန်တော့်ဆီမှာညလာအိပ်သည်။အသည်းကွဲလို့သောက်တာလို့တော့အကြောင်းပြချက်မပေးချင်ပေမယ့်လည်းကျွန်တော်တကယ်ကိုအသည်းကွဲနေတာမို့သောက်သည်။အသည်းကွဲတယ်ပြောရအောင်သူနဲ့
လမ်းခွဲလိုက်တာလားဆိုရင်လမ်းခွဲလိုက်တာထက်ပိုဆိုးတယ်ဆိုရမယ်။သူ့ဘက်ကလည်းကျွန်တော့်ကိုလက်လွှတ်မပေး
ရက်ဘူး၊ကျွန်တော်ကလည်းအလိုက်တသိသူလက်မလွှတ်
တောင်သူအဆင်ပြေနေဖို့အတွက်ရှေ့ဆက်တိုးမရတဲ့အခြေအနေကြီးဆိုတော့ကာ......သူနဲ့ကျွန်တော်ကဒီအတိုင်းဇာတ်မျှောကြီးဖြစ်နေတော့မှာဘဲ။ကျွန်တော့်စိတ်အတိုင်းသာဆိုအဲ့ဒီအစ်ကိုကြီးကိုကားတင်ပြေးပစ်မှာ။သူ့အိမ်ကသဘောတူတူ၊မတူတူပေါ့။ဒါပေမယ့်လည်း
အဲ့ဒီအစ်ကိုကြီးကိုကိုယ့်ကိုယ်ကိုထက်ပိုချစ်ပိုမြတ်နိုးနေရ
တော့အဲ့ဒီလူသားမျက်နှာတစ်ချက်ညှိုးမယ့်ဘယ်ကိစ္စကိုမဆိုမလုပ်ချင်တော့ဘူး။အဲ့ဒီလူသားအဆင်ပြေနေတာကိုမြင်ရ
ရင်ကိုရပြီမို့။Mark Siwatတို့တော့ရူးနေပြီကိုကိုရေ။
"ဟိုကောင် ရေလေးဘာလေးသွားချိုးစမ်းပါ..... အနားတောင်မကပ်ချင်ဘူး ချဉ်စူးနေတာဘဲအနံ့က.....ဝေါ့"
YOU ARE READING
Only one in millions(Zawgyi+Unicode) [completed]
Fanfictionကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့ကိုအပြစ်ပေးတဲ့အနေနဲ့ဂျစ်တိုက်ပါရစေ။အင်း.....နည်းနည်းလောက်ပါဘဲ။ (Mark Siwat) Sorry Mark.....မင်းချစ်တဲ့ငါက ငါက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့လို့။ (Gun Napat) ကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့်ကိ...