"မောင်....အခုကP'ကိုမယုံတာလား?"
ဒေါသသံဟုမဆိုသာပေမယ့်လည်းSaintအသံကမာနေ
သည်။"ဒါဆိုP' အခုကိစ္စကိုရှင်းလေ"
Perthတစ်ယောက်အသံကိုထိန်းပြောပေမယ့်လည်းဒေါသ
ကထွက်နေတာမို့အသံကကျယ်လည်းကျယ်သည်...ပို၍လည်းမာနေသည်။"P'ကမဟုတ်တာလည်းလုပ်မထားဘူး.....ရှုပ်ထားတာ
လည်းမရှိဘူး အဲ့တာကိုဘာရှင်းရမှာလဲ မောင်???"Saintတကယ်ကိုဒီနေရာကနေထွက်သွားချင်နေပြီဖြစ်
သည်။Perthဆိုတဲ့ကောင်လေးကမရစ်ရင်လည်းလုံးဝကို
မရစ်ဘူး.....ရစ်ပြီဆိုရင်လည်းဘာမဟုတ်တာလေးကိုကြံဖန်ပြီးရစ်တတ်သည်။"ကျစ်....."
Perthထံမှစိတ်မရှည်သောဒေါသပါစွက်နေသောအသံ။
"Ai Perth....မင်းဘာဖြစ်နေတာလဲ အခုကဘာမှမဟုတ်
တဲ့ကိစ္စလေ အဲ့တာကိုပြဿနာလုပ်နေတာလား???"ကျွန်တော်မနေနိုင်တော့ဘဲဝင်ပြောမိသည်.....အစကတော့
ဘာမှမပြောဘဲမကြားချင်ယောင်သာဆောင်နေပြီးဖုန်းကိုဘဲ
ပေါက်ထွက်မတတ်ကြည့်နေလိုက်သည်။ဒီကောင်PerthကP'Saintကိုဆိုအရမ်းချစ်လွန်းသည်...
နောက်တစ်ခုကP'Saintအပေါ်မှာဆိုလိုသည်ထက်ကိုပို,ပို
ပြီးဆိုးတတ်တာလေး။တခါတလေP'Saintကိုဆိုပြောမိသည်....Perthကိုသိပ်
အလိုမလိုက်ဖို့။ကျွန်တော်ကဘဲမနာလိုတတ်ပြီးမကောင်းတဲ့ကောင်ကြီးလို။
"မင်းဘာသိလို့လဲ?.....ခုနကကောင်မလေးကP'နားကိုအရမ်းကပ်ပြီးဘာဖြစ်ချင်နေတာလဲ P'ကအကပ်မခံရင်အခုလို
ဖြစ်စရာအကြောင်းကိုမရှိဘူးလေ"ကဲ.....ပြဿနာကအတော်ကိုကြီးမားတာ ကျောင်းသူလေး
တစ်ယောက်ကP'Saintနားကိုကပ်လို့တဲ့လေ မောင်မင်းကြီးသားကဖြစ်ပျက်နေတာ။အဲဒီကျောင်းသူလေးကလည်းကပ်ချင်လွန်းလို့မှမဟုတ်ဘဲ...
P'Saint guideလုပ်နေတဲ့ဂျူနီယာတွေထဲက
တစ်ယောက်။အဲဒါသူ့ရဲ့guide ဆရာကိုစာမေးတာအနားလာမမေးဘဲ
ကိုက်တစ်ရာအကွာကနေလော်စပီကာနဲ့အော်မေးရမလို.....။
YOU ARE READING
Only one in millions(Zawgyi+Unicode) [completed]
Fanfictionကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့ကိုအပြစ်ပေးတဲ့အနေနဲ့ဂျစ်တိုက်ပါရစေ။အင်း.....နည်းနည်းလောက်ပါဘဲ။ (Mark Siwat) Sorry Mark.....မင်းချစ်တဲ့ငါက ငါက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့လို့။ (Gun Napat) ကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့်ကိ...