"အဆင်ပြေလား"
ဒီနေ့ကMarkကိုကမ်းလှမ်းထားသောPerthတို့
companyရဲ့skin care product
အသစ်အတွက်photo shooting။
ကြေငြာကိုပါတစ်ခါတည်းရိုက်မယ်ဆိုပြီးPerthပြောတော့
လည်း'သဘော'တဲ့။moodမဝင်ရင်ငါ့အပြစ်မဟုတ်ဘူး
ဆိုသေးတာအချေက။ဒါရိုက်တာကိုမေးမြန်းနေတုန်းက
လည်းဒီလေသံအအချိုးဘဲနေမှာပါ......ဒီအချေကောင်က။ကြည့်ပါဦး....ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကို
တောင်ချေမိုးနေသောအမောင်Siwat။Perthကသူပြော
နေတာကိုပြန်မဖြေသေးတော့ဘုကြည့်ကြည့်၍စောင့်ဆိုင်း
နေသောအချောအမော ချေနိုင်စိန်Mark။Markနဲ့Perthကမွေးတဲ့ဆေးရုံကလည်းတူကြတယ်။
လူနာခန်းကလည်းကပ်လျက်ဘဲ။Markနဲ့သူကမွေးနေ့
ကလည်းတစ်ရက်တည်း။ဒါပေမယ့်Markကပိုကြီးတာပါ။
မသိဘူး....နှစ်နာရီလည်းနှစ်နာရီဘဲ။
Markကိုမွေးတော့ မေ ကမိခင်နို့မထွက်တာကြောင့်
နို့ဗူးတိုက်တဲ့အချိန်မှာပြဲလန်နေအောင်ငိုခဲ့တာတဲ့။အဲ့ဒီမှာတင်ဘေးခန်းကလည်းကလေးမွေးပြီးတဲ့မိခင်ရှိတယ်။
အကူအညီတောင်းကြည့်ချင်လားလို့nurseကမေးတော့
Markရဲ့Porကိုယ်တိုင်ကအကူအညီတောင်းကြည့်တာ
ပေါ့ဆိုပြီးဘေးခန်းကိုလိုက်လာခဲ့တယ်။ကံကြမ္မာကသိပ်ထူးဆန်းတယ်....Markရဲ့ ဖေ နဲ့ Perthရဲ့Porကမဆုံတာကြာတဲ့ငယ်သူငယ်ချင်းတွေဖြစ်
နေကြရောတဲ့။အဲ့ဒီမှာတင်ပြန်လည်တွေ့ဆုံပွဲကြီးဖြစ်သွားပြီး
အခန်းကိုလည်းနှစ်ယောက်တစ်ခန်းပေါင်းနေဖြစ်ကြတာတဲ့။
Markကိုတစ်လှည့်၊Perthကိုတစ်ခါမိခင်နို့တိုက်ရင်း
Maeကသူ့မှာသားနှစ်ယောက်ရတာဆိုပြီးအပျော်ကြီးပျော်
နေခဲ့လေရဲ့တဲ့။မေ ကလည်းအရမ်းကိုကြည်နူးခဲ့တယ်တဲ့။ဆေးရုံကဆင်းပြီးနောက်ပိုင်းMarkတို့မိသားစုက
Perthတို့နဲ့နီးနီးနားနားကိုချက်ချင်းဆိုသလိုပြောင်းလာခဲ့
ရင်းနှစ်အိမ်တစ်အိမ်နေခဲ့ကြတာ။ကံကောင်းတာတစ်ခုက
သူရောMarkပါယောကျာ်းလေးတွေဖြစ်နေခဲ့ကြတာမို့
နှစ်မိသားစုကဘယ်ဖက်ကိုမှချွေးမတော်လို့မရခဲ့သလိုသမက်
လည်းဖမ်းဖို့မဖြစ်နိုင်ခဲ့။ခမည်းခမက်လို့လည်းခေါ်မရခဲ့ပါဘူး။
ဒါပေမယ့်လည်းဖူးစာပါကြတော့သူရောMarkရဲ့ပါရမီဖြည့်
ဘက်တွေကမိန်းကလေးအများစုကကြွေဆင်းညွှတ်ကွင်းကြ
ရသောအတောင်နှစ်ဆယ်ဝတ်အမျိုးကောင်းသား
မောင်မင်းကြီးသားများ။အဆင်ပြေတာဘဲနော်။
YOU ARE READING
Only one in millions(Zawgyi+Unicode) [completed]
Fanfictionကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့ကိုအပြစ်ပေးတဲ့အနေနဲ့ဂျစ်တိုက်ပါရစေ။အင်း.....နည်းနည်းလောက်ပါဘဲ။ (Mark Siwat) Sorry Mark.....မင်းချစ်တဲ့ငါက ငါက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့လို့။ (Gun Napat) ကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့်ကိ...