"Daddyကတကယ်ကိုဒဲ့တိုးကြီး......"
အငယ်ကောင်Marsရဲ့အားရပါးရပြောသံကြီးနှင့်အတူ
အကြီးကောင်Mildရဲ့ရယ်သံလွင်လွင်လေးပါ,ကပ်ပါလာသည်။"ဒါပေါ့.....သားတို့ရဲ့ ပါး ကိုရချင်လွန်းလို့..... dadမှာ
ကြိုက်မရှက်ငိုက်မရှက်ဖြစ်ခဲ့ရတာ.....ဒါကိုမသိဘူး သားတို့
ပါး က....."ကျွန်တော်ပြောတော့မျက်စောင်းလေးတစ်ချက်ထိုးလေသော
ကျွန်တော့်ရဲ့တစ်ဦးတည်းသောလေး။အချိန်တွေဘယ်လောက်ပြောင်းပြောင်းပြက္ခဒိန်တွေဘယ်
လောက်ဟောင်းဟောင်း ကိုကို ကကျွန်တော့်အတွက်ဘယ်
တော့မှရိုးမသွားဟောင်းမသွားနိုင်တော့မယ့်ပန်းချီကားတစ်ချပ်ပါ။ပထမဆုံးဆိုတာကလည်းကိုကိုဘဲဖြစ်သလိုနောက်ဆုံးဆိုတာ
ကလည်းကိုကိုမှမဟုတ်ရင်မရတော့လို့။ညီဖတ်ဖူးတဲ့
O'Henryရေးခဲ့တဲ့ဝတ္ထုထဲကအတိုင်းဆိုရင်ကိုကိုကညီ့ရဲ့
the last leafပေါ့။အသက်ရှင်ခွင့်မရှိတော့ဘူးဆိုပြီးသူ့ကိုယ်သူသေ
လူလိုသတ်မှတ်ရင်းတစ်နေ့တစ်နေ့အပင်ကကြွေကျသွားတဲ့
သစ်ရွက်တွေကိုရေနေခဲ့တဲ့Johnsyအတွက်တကယ့်ကို
အစစ်လို့ထင်ရတဲ့သစ်ရွက်ပန်းချီလေးကအသက်ဆက်ဆေး
မျှော်လင့်ချက်လေးဖြစ်လာခဲ့ပြီးတော့အဲဒီပန်းချီလေးက
Master piece ဖြစ်သွားခဲ့တယ်လေ။အခုလည်းကိုကိုကညီ့အတွက်နောက်ထပ်ဆိုတာမျိုးဖြစ်မလာ
နိုင်တော့မယ့်ညီ့တစ်ယောက်တည်းအတွက်master pieceပါ။အမြဲတမ်းသစ်လွင်တောက်ပနေမယ့်ကျွန်တော့်ရဲ့နေမင်း
ကြီး။အေးချမ်းပြီးနွေးထွေးမှု့တွေကိုအမြဲတစေပေးနေခဲ့
တဲ့ကျွန်တော့်ရဲ့ကိုယ်ပိုင်လမင်းကြီး။ကိုကိုကကျွန်တော့်ရဲ့လှပတဲ့အတိတ်၊ကိုကိုသာကျွန်တော့်ကို
ယစ်မူးစေတဲ့ပစ္စုပ္ပန်၊ကိုကိုသည်သာလျှင်ကျွန်တော့်အတွက်
ချိုမြိန်စေမယ့်အနာဂတ်ပါ။ချစ်ရလွန်းလို့ကမ္ဘာပျက်နေတာ ကိုကို သိမှာပါ။
ကိုကို့မျက်စောင်းတစ်ချက်၊အပြုံးတစ်ပွင့်ကလည်းညီ့ကိုသေ
စေနိုင်တယ်။
YOU ARE READING
Only one in millions(Zawgyi+Unicode) [completed]
Fanfictionကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့ကိုအပြစ်ပေးတဲ့အနေနဲ့ဂျစ်တိုက်ပါရစေ။အင်း.....နည်းနည်းလောက်ပါဘဲ။ (Mark Siwat) Sorry Mark.....မင်းချစ်တဲ့ငါက ငါက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့လို့။ (Gun Napat) ကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့်ကိ...