"P'ကို မောင် ရှင်းပြနေတာဘဲလေ....P'မှမယုံဘဲ ဘယ်လို
ဖြစ်စေချင်နေတာလဲ???"ထုံးစံအတိုင်း Suppapong အိမ်တော်ရဲ့သခင်လေး
Perthတို့ကပြဿနာရှာလေပြန်ပြီ။"အခုဒါကP'ကိုပြန်ပြီးပြဿနာရှာတာလား???.....မောင်"
Saintတစ်ယောက်ဒေါသကိုပေါက်ကွဲထွက်မသွားရလေ
အောင်ထိန်းထားရသည်မှာလွယ်တော့မလွယ်။အသက်ကတစ်နှစ်ထက်တစ်နှစ်ပိုကြီးလာပေမယ့်Saint
အပေါ်မှာဆိုအခုချိန်ထိကလေးလိုဆိုးတုန်းဖြစ်သောအမောင်
Perth Tanapon ။အခုလည်းမနေ့ညက companyညစာစားပွဲကိုအကြောင်း
ပြပြီးအိမ်သို့ပြန်မလာ။ပြန်မလာဖြစ်ဘူးဘာညာဆိုလည်းအကြောင်းလေးဘာလေး
ကြားမယ်မရှိဘူး.....ဖုန်းကိုဆက်တော့လည်းစက်ကပိတ်
ထားသည်ဘဲအော်နေလေသည်။နင်နဲ့ပြောချင်တာမဟုတ်ဘူး....Perthနဲ့ပြောချင်တာ ဆိုပြီး
တော့တောင်အော်ပရေတာမမကိုပြန်အော်မိခဲ့လေသေးသည်။အော်.....ငါ့နှယ် ရူးလိုက်တာ။
ဘာလို့အကြောင်းမကြားလဲဆိုတော့ညစာစားပွဲကိုSaintက
မလိုက်တော့ဘူးဆိုလို့စိတ်ကောက်ပြီးဆန္ဒပြခြင်း။အဲ့လိုတွေဆန္ဒပြပြီးအိမ်လည်းပြန်မအိပ်၊ဖုန်းလည်းစက်ပိတ်နဲ့
ကလေးဆိုးကြီးလုပ်တာ။"ပြဿနာရှာနေတာမှမဟုတ်ဘဲ....ရှင်းပြနေတာလေ"
အော်.....အော်.....အော်ကြီးဟစ်ကျယ်နဲ့သူခိုးကလူပြန်ဟစ်
သလိုပြောတာကရှင်းပြနေတာပေါ့။ငါနော်....စိတ်ရှိလက်ရှိသာလုပ်ရင်မင်းသေလိမ့်မယ်
Perthရေ။ချစ်လွန်းလို့.....မလုပ်ရက်လို့နော်....ဟွန်း။
"ရှင်းပြတဲ့လေသံကဒီလေသံလား?....အော် မှတ်တောင်
ထားရဦးမယ်ကွာ"Saintပြောရင်းမျက်နှာလွှဲလိုက်သည်.....ဒီကောင်ဆိုးလေး
ကအမြဲဒီလိုဘဲ။စိတ်ဆိုးစိတ်ကောက်ပြီးနေနိုင်တာလည်းမဟုတ်ဘဲနဲ့ခဏ
ခဏစိတ်ဆိုးစိတ်ကောက်ချင်ယောင်ဆောင်တတ်သည်။အော်......အဲ့လိုအဆိုးလေးကိုဘဲSaintတစ်ယာက်အချစ်
တွေပုံအောပေးခဲ့တာဆယ့်ငါးနှစ်နီးပါးရှိလေပြီ။
YOU ARE READING
Only one in millions(Zawgyi+Unicode) [completed]
Fanfictionကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့ကိုအပြစ်ပေးတဲ့အနေနဲ့ဂျစ်တိုက်ပါရစေ။အင်း.....နည်းနည်းလောက်ပါဘဲ။ (Mark Siwat) Sorry Mark.....မင်းချစ်တဲ့ငါက ငါက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့လို့။ (Gun Napat) ကိုကို.....ညီ့ဆီပြန်လာတာနောက်ကျတဲ့အတွက်ကိုကို့်ကိ...