baby ( Zawgyi + Unicode )

4.4K 471 8
                                    

Zawgyi

ရုံးခန်းက ထပ်ခိုးပေါ်မှာ ရပ်နေကြတဲ့ Jungkookနဲ့ Yoongi
Jungkookက ကျောခိုင်းပြီး ရပ်နေကာ ရှေ့က ကောင်းကင်ရဲ့ရှူခင်းကို ကြည့်နေသည်

" ငါ့ကို ပြောစရာရှိတယ် ဆိုတာ ဘာလဲ "

တိတ်ဆိတ်မှုကို Yoongiဘက်က ဖြိုခွင်းလိုက်သည်

" Jiminကို သဘောကျနေတာမလား "

စစ်ဆေးနေပုံနဲ့ Jungkookမေးလိုက်သည်

" ငါမဖြေလည်း အဲမေးခွန်းရဲ့ အဖြေကို မင်းသိပြီးသားပဲမလား "

" ဒါဆို သူ့နား မလာဘဲ ဝေးဝေးမှာနေဖို့ မျှော်လင့်တယ် "

ကျောခိုင်းထားရာမှ ‌Yoongiဘက်ကို လှည့်ကာ ပြောလိုက်သည်

" ငါလုပ်သင့်တာကို ငါသိတယ် Jungkook.. ပြီးတော့ သူသာ မင်းနဲ့ လက်ထပ်ပြီးရင် သူ့ရဲ့ ဆံနွယ်တစ်ချောင်းတောင် ငါထိမှာ မဟုတ်ဘူး မစိုးရိမ်ပါနဲ့ "

" ခုလိုကြားရတာ ဝမ်းသာပါတယ်... သူ့ကို ကျွန်တော်တို့ ညီအစ်ကို ဆက်ဆံရေးရဲ့ ကြားခံနယ် ဖြစ်မနေစေချင်ဘူးလေ "

Jungkookပြုံးကာပြောရင်း Yoongiရဲ့ ပခုံးကို လှမ်းပုတ်လိုက်သေးသည်

" ဒါပေမယ့် မင်း သူ့ကို မြတ်မြတ်နိုးနိုး မထားရင် ငါ သူ့ကိုအချိန်မရွေး ပြန်ယူမှာနော် "

" အဲလို အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး hyung "

စနောက်တာကို Jungkookဘက်မှ သဘောကျစွာ ပြန်ဖြေရင်း yoongiကို ရုံးခန်းထဲ ပြန်ဆွဲခေါ်လာခဲ့သည်

---

" Mia, ပါပါးနဲ့ Jimin ခရီးသွားတဲ့ချိန် အန်တီရဲ့ စကားကို သေချာနားထောင်နော် "

လေယာဉ်ပေါ် မတက်ခင် Miaကို Jungkookလှမ်းပြောလိုက်သည်

" ဟုတ်... Miaလွမ်းနေမယ်နော် "

Jungkookကို ဖက်ရင်းနဲ့ Miaပြောလိုက်သည်

Jiminနဲ့ Jungkookက အခု အခြားဝန်ထမ်းတွေနဲ့အတူ လေယာဉ်ပေါ်တွင်...
Jejuကျွန်းကို ရောက်ဖို့ တစ်နာရီပဲကြာမည်..

Business classမှာ မယူဘဲ အခြားဝန်ထမ်းတွေနဲ့ တန်းတူeconomy classကပဲ စီးလာကြသည်

ပြတင်းပေါက် နေရာမှာ ထိုင်နေတဲ့ Jungkookကို တစ်ခုခုက လာထိနေသလိုခံစားရတာမို့
ကြည့်လိုက်တော့ ခေါင်းကို ဘယ် ညာ ရမ်းပြီး အိပ်နေတဲ့ Jimin...

Hey You...Wo Geschichten leben. Entdecke jetzt