Toned Butt ( Zawgyi+Unicode )

9.4K 862 36
                                    

Zawgyi

Jiminနဲ့ သူ့အဖေ ဖြစ်သူတို့ ခပ်သွက်သွက် လမ်းလျှောက်လာလေသည်...
အခြားသော ၀န်ထမ်းများဆီမှ အကြည့်များကို လက်ခံရင်း...

မိန်းကလေးများ, အထူးသဖြင့် အတွင်းရေးမှူး Choiကတော့ Jiminရဲ့ အံ့ဩမှင်သက်ပြီးအသက်ရှူပင်မှားနိုင်သော ရုပ်ရည်ကြောင့် စိုက်ကြည့်နေမိသည်...

Jiminကတော့ မနက်စောစော ထပြီး ဒီအစည်းအဝေးတက်ရန်အတွက် အတိုင်းထက်အလွန် လှပချောမောအောင် ပြင်ဆင်လာခဲ့သည့် ကြိုးစားမှုကြောင့် မိမိကိုယ်ကို မာန်တက်နေသေးသည်...
ဒါတောင်မှ တော်တော် အတိတ်မေ့တတ်သောအကောင် ဖြစ်သည်မို့ မိမိကိုယ်ကို ပြီးပြည့်စုံရန် အိမ်ကို တစ်ခေါက်ပြန်ပြီး မေ့ကျန်ခဲ့သော မိမိချစ်ရတဲ့ လက်စွပ်များကို ပြေးယူရသေးသည်...

" Siwon ah.. ရောက်လာပြီလား...  ကြိုဆိုပါတယ်ကွာ... "

President Jeon က မတ်တပ်ရပ်ကာ တစ်ဖက်က သားအဖကို လက်ဆွဲနှုတ်ဆက်လိုက်သည်...

Jungkookကလည်း မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်ပြီး ရှေ့တည့်တည့်မှ အရပ်မဆိုသလောက်လေး ပုသော ကောင်လေးနဲ့ မျက်လုံးချင်း ဆုံမိသည်...

ဆက်ကြည့်ချင်စိတ်မရှိသည့်အတွက် ချက်ချင်းပင် အကြည့်လွှဲလိုက်သည်...

ရိုင်းလိုက်တာ - Jimin ထိုသို့ တွေးလိုက်မိသော်လည်း..  မိမိရဲ့ billion dollars အပြုံးလေးကိုတော့ နှုတ်ခမ်းထက်ဝယ် ဆင်မြန်းထားဆဲ...

" မင်းရဲ့သားကို ကြည့်ပါဦး JongHyun... အရပ်ကလည်းရှည် ရုပ်ကလည်း ချော...အရာရာကို ကျွမ်းကျင် ပိုင်နိုင်မယ့် ပုံပဲ... "

President Park က ချီးမွမ်းသည်..
အပြုံးခပ်သေးသေးသာ ဆင်မြန်းထားသော Jungkookနဲ့ လက်ဆွဲနှုတ်ဆက်ရင်း....

" မင်းရဲ့Jiminကလည်း တော်တော်ထွားလာပြီပဲ.. ကြည့်ဦး တော်တော်ကြည့်ကောင်းတဲ့ကောင်လေးပဲ "

ထို၂ဦးကတော့ တစ်ယောက်တစ်လှည့် ချီးမွမ်းလို့ပင် မဆုံးနိုင်...
Jungkookကတော့ ဘေးကနေ စိတ်ပျက်စွာသာ ကြည့်နေလိုက်သည်...

" လာ.... လာ..  ထိုင်ကြပါဦး "

President Jeonကတော့ လက်ဟန်ခြေဟန်ဖြင့် တစ်ဖက် ဧည့်သည်တွေကို ထိုင်ခိုင်းလေသည်...

Hey You...Where stories live. Discover now