Family ( Zawgyi+Unicode )

5.5K 690 41
                                    

Zawgyi

မျက်ခွံများ လေးလံစွာနဲ့ Jungkook အိပ်ရာမှ ထလာသည်... ခေါင်းကလည်း မူးနောက်နေသေးတာ
မနေ့ညက သောက်ခဲ့တဲ့ tequila shots ကို အပြစ်တင်ရုံသာ...

သူ့ မနက်ခင်းက ခါတိုင်းထက် ထူးခြားနေလေသည်
Miaကတော့ သူ့ဘေးမှာ အိပ်ပျော်နေသည်..
ဒါပေမယ့် အခြားတစ်ဖက်မှာလည်း လူတစ်ယောက် အိပ်နေသေးသည်...
အိပ်ရာပေါ်မှ ကြိုးစားပြီး ထထိုင်လိုက်ကာ ဘယ်သူလဲဆိုပြီး ကြည့်လိုက်တော့..
သူ့ လက်ထောက်CEO little monster Park Jiminဖြစ်နေသည်ကိုး....

Jiminက Miaရဲ့ဘေးမှာ အိပ်နေပြီး Miaကလည်း Jiminရဲ့ရင်ခွင်ထဲရောက်နေလေသည်...
ကြည်နူးစွာ အိပ်နေသော ထို၂ယောက်ကို Jungkook မနိုးရက်တာကြောင့် ထိုင်သာ ကြည့်နေမိသည်...
ထိုအချိန် Jiminအိပ်နေရာမှ လှုပ်လာပြီး မျက်ဝန်းများက ဖြည်းဖြည်းချင်း ပွင့်လာပြီး ရီဝေစွာကြည့်နေသော Jungkookရဲ့မျက်ဝန်းများနှင့် ဆုံနေသည်..

" o-oh.. မင်းနိုးနေတာပဲ "

အကြောဆန့်ရင်းJiminပြောလိုက်သည်...

" ငါက ၀က်လို အိပ်နေတဲ့ မင်းလိုမှ မဟုတ်တာ... "

Jiminရဲ့မနက်ခင်းမျက်နှာလေးကိုကြည့်ပြီး ပြောင်းဆန်နေသော နှလုံးခုန်သံတွေကိုထိန်းရင်း ပြောလိုက်သည်..

အရမ်းလှတာပဲ .....

" ငါ ၀က်, မဟုတ်ဘူး! ညက ဖင်ပြဲအောင် သောက်တဲ့ မင်းဘာသာမင်းသာပြော.. !! "

ထိုသို့ Jimin ပြန်ချေပလိုက်တော့ Jungkookမှာ ပြောစရာများ မဲ့...

" ဘာပဲဖြစ်ဖြစ်ကွာ "

ထိုသို့ပြောကာ အိပ်ရာဘေးက standပေါ်မှ ဖုန်းကို ယူလိုက်ပြီး ဒီနေ့အတွက် schedule ကို ကြည့်နေလေသည်...

Jiminကတော့ Jungkookရဲ့ပုံစံကိုကြည့်ပြီး ရယ်မောရင်း Miaရဲ့ ပါးလေးကို ခပ်ဖွဖွလေး ကိုင်နေလေသည်..

ထိုအချိန်မှာ Mia နိုးလာပြီး....

" apppaaaa... "

သူ့ရဲ့လက်သေးသေးလေးများကို အကြောဆန့်လိုက်ပြီး Jungkookချီဖို့ စောင့်နေလေသည်...

Jungkook လည်းသူ့သမီးလေးရဲ့အထာကို သိနေတာကြောင့် မ, ချီလိုက်ပြီး...

Hey You...Where stories live. Discover now