Friendliness ( Zawgyi+Unicode )

6.8K 783 16
                                    

Zawgyi

စင်ကာပူကနေ ပြန်လာတာ ရက်အတန်ကြာပြီ ဖြစ်သော်လည်း ခုထိ အစ်ကို ဖြစ်သူကို မတွေ့ရသေးပေ..

ဖုန်းဆက်တာကိုလည်း မကိုင်ပေ...
သံသယတောင် ၀င်မိတယ်..  ဒီနိုင်ငံမှာပဲရှိတာ ဟုတ်ရဲ့လားလို့...

Knock knock

ဖန်တံခါးဆီက တံခါးခေါက်သံအစား Jungkookရဲ့ ရုံးခန်းတံခါးမကြီးရှေ့တွင် ဖိုင်တွဲတွေ အပုံလိုက် ကိုင်လာသော Jiminရဲ့ ပါးစပ်မှ ထွက်လာသော အသံဖြစ်သည်...

" ဘာကိစ္စလဲ little monster "

ကွန်ပျူတာ ကို ကြည့်နေရာမှ Jiminကို မော့ကြည့်လိုက်သည်..

" ဒီတိုင်း ဖြတ်သွားရင်းနဲ့ ၀င်လာတာ..  ငါနဲ့ နေ့လယ်စာ တူတူ မစားချင်ဘူးလား "

သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်တစ်လှည့်ညာတစ်လှည့် ယမ်းကာ လာမေးနေသည်..

" ဩော်...  ဖြတ်သွားရင်းနဲ့, ဟုတ်လား shorty? မင်းရုံးခန်းက ငါနဲ့ ဘေးချင်းကပ်ရပ်မှာရှိတာကို.. "

သက်ပြင်းချကာ ဆရာကြီးလေသံနဲ့ပြောလိုက်သည်

" yahh ငါ မင်းကို လျစ်လျူရှူထားလို့ ရတယ်နော်..
ဒါပေမယ့် ငါနှုတ်ဆက်ချင်လို့ ၀င်လာတာ! အဆင့်မရှိတဲ့ အကောင်ရ!! "

Jiminအသံမြှင့်ကာ အော်ပြောလိုက်ရင်း ဖိုင်တွဲတွေကို စားပွဲပေါ်သို့ '၀ုန်း' ကနဲ မြည်အောင် ပစ်ချလိုက်သည်..

အခန်းအပြင်က အတွင်းရေးမှူး Choiကလည်း ဘာဖြစ်နေတာပါလိမ့်ဆိုပြီး ကွက်ကြည့် ကွက်ကြည့်နှင့်.....

Jungkookလည်း နားထင်ကို ခပ်ဆပ်ဆပ် ဖိလိုက်ရင်း...

" ငါ ဘာလို့များ မင်းဆီက ကောင်းတဲ့အရာလေးများ ရနိုးနိုး မျှော်လင့်မိတာပါလိမ့်..."

Jungkook သက်ပြင်းတစ်ခါ ထပ်ချလိုက်ရင်း

" ကောင်းပြီ.. ပြော ပြော နေ့လယ်စာ ဘာဖြစ်လို့ စားချင်တာလဲ "

" ငါ အခု ဗိုက်မဆာတော့ဘူး မင်းဘာသာ မင်း pussyသာ ရှာစားတော့, asshole!! "

ထိုသို့အော်ကာ အခန်းထဲက ထွက်လာခဲ့သည်..
Jungkookရဲ့ အခန်းတံခါးကို ၀ုန်းကနဲ ခပ်ကြမ်းကြမ်း စောင့်ပိတ်ဖို့ကိုတော့ မမေ့ခဲ့ပါဘူး...

Hey You...Where stories live. Discover now