Garden Lobby ( Zawgyi+Unicode )

5.8K 705 17
                                    

Zawgyi

keyboard နဲ့ typing ရိုက်ကာ အလုပ်ရှုပ်နေသော Jimin..
ချိတ်ဆက်ထားတဲ့ လာသမျှ company ကြီးတွေရဲ့ emailတွေကို replyပြန်နေရသည်...
ရုံးခန်းထဲမှာ ရှိတဲ့ ဖုန်းမြည်လာတော့မှ typingထဲ အာရုံစိုက်နေသည်များ ရပ်တန့်သွားသည်.

ချက်ချင်းပင် ဖုန်းကိုင်လိုက်ကာ

" Hello? "

" Mr. Park, လူတစ်ယောက်က lobbyမှာ လူကြီးမင်းကို လာရှာနေပါတယ်.. "

ဧည့်ကြိုကောင်တာမှ အမျိုးသမီးလေးရဲ့ အသံချိုချိုကို ကြားလိုက်ရပြီး...

" ဟုတ်ပြီ..  ခုဆင်းလာခဲ့မယ်.. "

ဖုန်းချလိုက်ကာ ရုံးခန်းထဲက ထွက်လာပြီး
Lobbyသို့...

မြေညီထပ်ကို ရောက်တာနဲ့ မြေညီထပ်တစ်ခုလုံး လက်ဆတ်တဲ့ပန်းတွေပွင့်နေတဲ့ ပန်းအိုးတွေ ဖုံးလွှမ်းနေတယ်...
ပန်းတွေက lobby စားပွဲခုံတွေရော ဧည့်ကြိုကောင်တာများပါ မကျန် ပြည့်နှက်နေသည်..

ထိုနေရာတစ်ခုလုံးကို လိုက်လံကြည့်ပြီးတော့ ပန်းခြံထဲ ရောက်သွားသည်ဟုပင် ထင်မှတ်သွားလေသည်..

ကြိုက်တဲ့ ပန်းနာမည်သာ ပြော..  ဒီပန်းအိုးတွေထဲမှာ အဲပန်း ရှိကိုရှိတယ်..
ဝင်ပေါက်ကို မျှော်ကြည့်လိုက်တော့ ပန်းအိုးတွေ အဆက်မပြတ် လာချနေကြတာ...

ခဏကြာမှ ဧည့်ကြိုကောင်တာဆီသွားပြီး..

" ဒီမှာ ဘာတွေ ဖြစ်နေတာလဲ "

ဧည့်ကြိုကိုမေးလိုက်တော့...

" အားနာပါတယ် Mr. Park, ဘာတွေဖြစ်နေမှန်း ကျွန်မတို့တောင် မသိလို့ပါ.. "

ခေါင်းငိုက်ကျကာ ပြောဆိုနေသော ထိုကောင်မလေးက ဆက်၍

" ကျွန်မ တစ်ခုသိတာက ဒီပန်းတွေအားလုံးက လူကြီးမင်းအတွက်တဲ့ "

ဘာတွေ ဖြစ်နေတာတုန်း - ထိုသို့ အတွေးဝင်လာပြီး...

company အဆောက်အအုံကြီးတစ်ခုလုံး ခြုံကြည့်လိုက်တော့ တစ်company လုံး ရောင်စုံပန်းတွေက ပန်းခြံကြီးတစ်ခုနှယ်...

ဘာဖြစ်နေမှန်းမသိသောကြောင့် ဒီတိုင်း မတ်တပ်ရပ်နေမိရင်း...
ရင်းနှီးသော လူတစ်ယောက်က သူ့ဆီ ဦးတည်လာရင်း လက်ထဲမှာလည်း အနီရောင် နှင်းဆီ ပန်းစည်းကို ကိုင်ဆောင်လာသေးသည်...

Hey You...Where stories live. Discover now