Workload ( Unicode )

4.3K 403 6
                                    


တနင်္လာနေ့ တစ်ဖန် ကျရောက်လာပြန်တော့လည်း

ထုံးစံအတိုင်း အလုပ် စတင်ရတော့တာပဲ

မနက်ခင်း ရုံးကို အတူတူလာတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်ဆို မတွေ့ဖြစ်ပေ

ဘယ်တွေ့ဖြစ်မလဲ အလုပ်တွေကများချက်ပဲ
ဟိုအစည်းအဝေးသွားလိုက်ရ
ဟိုတွေ့ဆုံပွဲ ဆိုလည်းပြေးလိုက်ရနဲ့

ရုံးခန်းက အလုပ်ထိုင်ခုံကို Jimin အားရပါးရ မှီချလိုက်သည်
နေ့တစ်ဝက်လုံး ထိုင်ရာက မထဘဲ အလုပ်ထိုင်လုပ်နေရတာ
ပင်ပန်းလို့ သေမှာပဲ

ကော်ဖီလေးတစ်ခွက်လောက် ဖျော်သောက်မယ်ကြံတုန်း
အစည်းအဝေးဆိုလို့ ထပ်ပြေးရပြန်သေးသည်

အစည်းအဝေးခန်းကို ဝရုန်းသုံးကား ပြေးဝင်လာတော့ အခန်းတစ်ဝက်လောက်က လူပြည့်နေပြီ

Jungkook တောင် သူ့နေရာမှာသူ ထိုင်ပြီးနေပြီ

မျက်လုံးချင်းဆုံမိတော့ တစ်ချက်ပြုံးပြရင်း မျက်နှာချင်းဆိုင်မှာ နေရာယူလိုက်သည်

အခြားဌာနအသီးသီးက လူတွေ ရောက်ရှိလာတော့ အစည်းအဝေး စတင်လိုက်သည်

အတွင်းရေးမှူး choi က မတ်တပ်ရပ်ကာ

" ဒီနေ့ အစည်းအဝေးလုပ်ရခြင်း ရည်ရွယ်ချက်က နောက်အပတ်မှာ ကျွန်တော်တို့ companyက jeju ကို ခရီးထွက်ရမှာပါ ဒီအစီအစဉ်ကတော့ ဒီ conpanyမှာ အရင်နှစ်တွေကတည်းက ရောက်ရှိနေပြီးသူတွေကတော့ သိမှာပါ "

ပြီးတော့ သူကပဲ ဆက်ပြီး

" အရင်နှစ်တွေက မပါဝင်ဖူးတဲ့သူတွေမနေနဲ့တော့ ဒီအစီအစဉ်ကို မရင်းနှီးလောက်ဘူးပေါ့နော် ကျွန်တော်တို့ companyအနေနဲ့ ဒီနှစ်တော့ အားလုံးပါဝင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် "

ထိုအစီအစဉ်အကြောင်းကြားပြီးတော့ Jimin ပျော်သွားသည်ကတော့ အမှန်ပါ
တစ်ခါမှ ကိုယ့်မိသားစု company trip တွေမှာ တစ်ခါမှ မလိုက်ပါဖူးဘူး
အရင်ကဆို အလုပ်ပဲ ဖိလုပ်ပေးနေရတာနဲ့ဆိုတော့

အခုတော့ လက်ထောက် CEO ဖြစ်နေပြီဆိုတော့ ဒီအစီအစဉ်မှာ ပါဝင်သင့်တယ် ထင်တာပဲ

Hey You...Where stories live. Discover now